နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြင်ဦးလွင်မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး ငွေစုငွေချေးရုံး ဖောက်ထွင်းခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

ဇန်နဝါရီလ (၁၁)ရက်။

ဇန်နဝါရီလ (၈)ရက်နေ့ ည (၁၂)နာရီခွဲခန့်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆) သစ်တောလမ်းနဲ့ ချယ်ရီလမ်းထောင့်က Alliance ငွေစုငွေချေးရုံး ဖောက်ထွင်းခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ငွေစုငွေချေးရုံးကို ညစောင့်ရှိနေချိန် ဧည့်စာရင်းစစ်ဆေးမယ်ဆိုပြီး အမျိုးသား (၂)ဦးက ခြံဝန်းထဲကနေတဆင့် ရုံးပြူတင်းပေါက် သံပန်းတံခါးကို သံချောင်းနဲ့ ကန့်လန့်ကာ ရုံးထဲက ငွေကျပ်သိန်း(၁၀၀၀)ကျော်နဲ့ မီးခံသတ္တာ(၁)လုံးကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ငွေစုငွေချေးရုံးကို ဖောက်ထွင်းလုယက်ခဲ့သူတွေဟာ ရုံးညစောင့်အပါအဝင် ကြီးကြပ်ရေးမှူးနဲ့ ချေးငွေတာဝန်ခံတို့ဖြစ်ကာ မီးခံသတ္တာကို ခိုးယူဖို့နဲ့ အောင်မြင်ပါက ကျပ်သိန်း(၁၅၀)ပေးမယ်လို့ ညစောင့်ဖြစ်သူကို စည်းရုံးခဲ့တာလို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးမိသူတွေဟာ ရုံးညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အပါအဝင် ကြီးကြပ်ရေးမှူး အောင်ကိုကို၊ ချေးငွေတာဝန်ခံ ငြိမ်စချမ်းဖြိုး(ခ)အိုက်ပီးနဲ့ မီးခံသေတ္တာကို သော့တုနဲ့ ဖွင့်ပေးသူ ဆန်းဒေး(ခ)ကာဒရ်ဘိုင်တို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

သူတို့ဟာ ကျူးလွန်တဲ့ပြစ်မှုကို ဖုံးကွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် ထင်ယောင်ထင်မှားဖြစ်ပြီး ယုံကြည်မှုကျဆင်းစေဖို့နဲ့ ပြည်သူတွေ အထိန်တလန့်ဖြစ်စေဖို့ လီဆယ်ကျူးလွန်ခဲ့တာလို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ငွေစုငွေချေးရုံး ဖောက်ထွင်းခဲ့သူတွေကို ပြင်ဦးလွင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ (၄၅၇/၁၁၅)တို့နဲ့ အမှုဖွင့်ထားပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၄၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 3 Views
တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၄၀၀)ကျော်သေဆုံးခဲ့ ဇန်နဝါရီလ (၁၁)ရက်။ ၂၀၂၄ခုနှစ်ထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁၃)ဦး သေဆုံးခဲ့ပြီး (၃၁၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 4 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ရေအားလျှပ်စစ်စီမံကိန်းတွေ ကန့်ကွက်တာတွေကြောင့် လျှပ်စစ်ဓါတ်အားလိုအပ်တာလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 4 Views
ဇန်နဝါရီလ (၁၁)ရက်။ အကောင်အထည်ဖော်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ ကန့်ကွက်တာတွေကြောင့် လျှပ်စစ်ဓါတ်အားလိုအပ်ချက်တွေ ဖြစ်ပေါ်နေတာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မိတ္ထီလာခရီးစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က လျှပ်စစ်ဓါတ်အား ဖြန့်ဝေတာနဲ့ပတ်သက်ပြီး ဖျက်ဆီးခံရတာတွေအပါအဝင် အချို့စက်ရုံတွေ စွမ်းအားပြည့် မလည်ပတ်နိုင်တာနဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရမ်းဗြဲမြို့ ကျောက်နီမော်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ် အရပ်သား အနည်းဆုံး (၄၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 6 Views
ဇန်နဝါရီလ (၁၁)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီခန့်က ရမ်းဗြဲမြို့ ကျောက်နီမော်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား အနည်းဆုံး (၄၁)ဦး သေဆုံးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျောက်နီမော်ရွာကို အကြမ်းဖက်စစ်အုပ်စုက
မြန်မာသတင်း

(၂)ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 11 Views
ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၉)ရက်နဲ့ (၁၀)ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မနေ့က ဆောမြို့နယ် မြို့မရဲစခန်းကနေ စစ်ကောင်စီရဲတပ်သားတစ်ဦးဟာ G-3 တစ်လက်၊ ကျည် (၃၄၉)တောင့်၊
မြန်မာသတင်း

မုံရွာ နမခကနေထွက်လာတဲ့ စစ်ကောင်စီကား (၁၀)စီးပါယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 15 Views
ဇန်နဝါရီလ (၁၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့နယ် နမခဘက်ကနေ စစ်ကောင်စီရဲ့ Jammer ကား (၃)စီးနဲ့ ရိက္ခာတင်ကား (၇)စီးကို မုံရွာ-အရာတော်လမ်းပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နမခကနေ
မြန်မာသတင်း

လောင်းလုံးမြို့မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ယာယီစစ်ကြောင်းမှူးအပါအဝင် (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 13 Views
ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၇)ရက်နေ့က လောင်းလုံးမြို့နယ် စမ်းလှန်းရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စမ်းလှမ်းရွာထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်တာက (၄)နာရီလောက်ကြာပြီး
1027 Operations မြန်မာသတင်း

တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရရယူဖို့ အချိန်ကောင်းလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 12 Views
ဇန်နဝါရီလ (၁၀)ရက်။ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ကာ အောင်ပွဲရရှိဖို့ အချိန်အခါကောင်းလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတဝန်း ဘုံရန်သူကို ထိုးစစ်ဆင် တော်လှန်နေတာကြောင့် စစ်ကောင်စီဟာ သမိုင်းတွင်တဲ့ ကျဆုံးမှုတွေနဲ့