နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

တနိုင်းရှိ ရွှေမှော်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား (၁၀)ဦးကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့

ဇန်နဝါရီလ (၁၁)ရက်။

ဒီကနေ့ နံနက် (၁၁)နာရီဝန်းကျင်က တနိုင်းမြို့ လပူခရွှေမှော်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ စကစ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ ရွှေမှော်က အရပ်သားပြည်သူတွေ ရှိတဲ့နေရာပါ။ ညနေပိုင်းအထိကို စကစလေယာဉ်ဗုံးကြောင့် သေဆုံးသူ (၁၀)ဦးကျော်ရဲ့ အလောင်းတွေကို ရှာတွေ့ထားပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တနိုင်းရှိ လပူခရွှေမှော်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာရှိခဲ့ပြီး ညနေပိုင်းအထိ သေဆုံးသူ (၁၀)ဦးကျော်ရဲ့ ရုပ်အလောင်းကို တွေ့ရှိထားတယ်လို့ သိရပါတယ်။

အခုအခါ လေယာဉ်နဲ့ ‌ဗုံးကြဲခံရပြီး သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေသလို ထိခိုက်ဒဏ်ရာရသူ အများအပြားလဲရှိကာ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိပါဘူး။

စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့‌နေရာဟာ KIA တပ်မဟာ(၂)ရဲ့ တပ်ရင်း (၁၄)နယ်မြေဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကပစ(၁၃)က စစ်ကောင်စီဗိုလ်မှူးနဲ့အဖွဲ့ကို သိန်း (၂၀၀၀)ကျော်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 2 Views
ဧပြီလ (၂၁)ရက်။ ဧပြီလ (၁၉)ရက်နေ့က နေပြည်တော်ရှိ လမ်းပိုင်းတနေရာကို ထိန်းချုပ်စစ်ဆေးချိန် စစ်ကောင်စီရဲ့ ဗိုလ်မှူးနဲ့အဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကျူးလွန်တာတွေကို အပြစ်ပေးနိုင်ဖို့ တာဝန်ယူဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 9 Views
ဧပြီလ (၂၁)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်တာတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ တာဝန်ယူဆောင်ရွက်သွားမယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား/သူ (၃၀)ကျော်သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 11 Views
ဧပြီလ (၂၁)ရက်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ (၃၀)ကျော် သေဆုံးခဲ့တယ်လို့ နိုင်/ကျဉ်းအရေးကူညီနေတဲ့ အဖွဲ့ (၇)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် အိုမင်းဟောင်းနွမ်းပြီး ပြုပြင်မွမ်းမံတာမရှိတဲ့ ထောင်အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်း သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 14 Views
ဧပြီလ (၂၁)ရက်။ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် ပူးပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကို KNU မြိတ်-ထားဝယ်ခရိုင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ (၁၂)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲကာလထဲ KNLA တပ်မဟာ (၄)နဲ့အတူ စွမ်းစွမ်းတမံ
မြန်မာသတင်း

သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်၊ ၁၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀) ရက်။ သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာအား မနေ့က နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးနဲ့ ကျဲချတိုက်ခိုက်ခဲ့ရာ ကလေးသူငယ်၂ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃
မြန်မာသတင်း

လားရှိုးကို စစ်ကောင်စီ ဝင်လာချိန် လုံခြုံရေးယူပေးတာ မရှိဘူးလို့ UWSA ငြင်းဆို

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
လားရှိုးမြို့ လွှဲပြောင်းပေးဖို့ တရုတ်အထူးကိုယ်စားလှယ်ကိုယ်တိုင် ကိုင်တွယ်နေ ဧပြီလ (၁၉)ရက်။ လားရှိုးမြို့ကို စစ်ကောင်စီ ဝင်ရောက်လာချိန် လုံခြုံရေးယူပေးခဲ့တယ်ဆိုတဲ့အပေါ် “ ဝ” ပြည်နယ် ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ငြင်းဆိုထားတယ်လို့ သိရပါတယ်။ “ မိမိတို့ UWSA
မြန်မာသတင်း

ကျောက်တော်မြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 26 Views
ဧပြီလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်ကစပြီး ကျောက်တော်မြို့ရှိ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုဝ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့က အရပ်သားတွေနေတဲ့ ရပ်ကွက်တွေကို
မြန်မာသတင်း

နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်ရေးဆွဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 42 Views
ဧပြီလ (၁၉)ရက်။ နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် နေပြည်တော်မှာ ထိခိုက်ခဲ့တဲ့ အဆောက်အအုံတွေထဲ ဖို့မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေက ပိုမိုထိခိုက်ပျက်စီးတာကို