နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ကျောင်းသားတယောက် ပြုတ်ကျသေဆုံးမှုဖြစ်ပြီးနောက် ဆန္ဒပြပွဲများ အကြမ်းဖက်အသွင်‌ပြောင်းလာ

ဇန်နဝါရီလ (၁၂) ရက်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီ (Shaanxi) ဒေသမှ ဗီဒီယိုများတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး သေဆုံးပြီးနောက် အာဏာပိုင်များက ဖုံးကွယ်ထားသည်ဟု စွပ်စွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။

CNN မှ အတည်ပြုထားသော ဗီဒီယိုများတွင် ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာသည် ပူချန် (Pucheng) အသက်မွေးဝမ်းကျောင်းနည်းပညာကျောင်း အပြင်ဘက်တွင် တံတိုင်းကဲ့သို့ ပိတ်ဆို့ကာရံထားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ကြပြီး အချို့က တုတ်များကို ဝှေ့ယမ်းကြပြီး အခြားအရာ ဝတ္ထုများနှင့်အရာရှိများဆီသို့ ပစ်ပေါက်ခဲ့ ကြသည်။

ဆန္ဒပြသူများထဲမှ တစ်ယောက်က တံခါးကို မီးသတ်ဆေးဘူးနှင့် ပစ်ပေါက်လိုက်သည့်အတွက် မှန်များ ကွဲအက်သွားကို တွေ့ခဲ့ရပါသည်။ တုံ့ပြန်သည့်အနေဖြင့် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ကာ အချို့ကို ရိုက်နှက်ပြီး အခြားသူများကို မြေပေါ်လှဲချနေသည်ကို မြင်တွေ့ရသည်။

ဆန္ဒပြပွဲများ၏ အကြောင်းရင်းမှာ ဒန် (Dang) ဆိုသည့် တတိယနှစ် ဆယ်ကျော်သက် ကျောင်းသားတစ်ဦး သေဆုံးရခြင်းကြောင့် ဖြစ်သည်။ ပူချန်ရှိ ဒေသဆိုင်ရာ အာဏာပိုင်များက ဇန်နဝါရီ ၂ ရက်က ဒန် သေဆုံးမှုသည် မတော်တဆမှုတစ်ခု ဖြစ်ပြီး ရာဇ၀တ်မှု မဟုတ်ကြောင်း အခိုင်အမာ ဆိုသော်လည်း လူမှုမီဒီယာတွင် အဖြစ်မှန်ကို ဖုံးကွယ်ထားသည်ဟု စွပ်စွဲမှုများ ပျံ့နှံ့လျက်ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပေကျင်း၏ သဘောထားတင်းမာသောမူဝါဒများကို ဆန့်ကျင်သည့် ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ပျံ့နှံ့ခဲ့သော “စက္ကူဖြူ” ဆန္ဒပြပွဲများအပြီးတွင် တရုတ်အာဏာပိုင်များသည် နိုင်ငံအတွင်း လူထုဆန္ဒပြမှုများကို အထူးသတိထားလာခဲ့သည်။

ပူချန်းခရိုင် အစိုးရ၏ဝဘ်ဆိုဒ်တွင်တင်ထားသော စုံစမ်းစစ်ဆေးသူများ၏ ထုတ်ပြန်ချက်အရ ဒန်သည် ဂို (Guo) ဟုခေါ်သော ပထမနှစ်ကျောင်းသားနှင့် သူ၏အိပ်ဆောင်အတွင်း “အနားယူနေစဉ် နှောင့်ယှက်ခြင်း” ကြောင့် ဒန်သည် ဂိုနှင့် “နှုတ်နှင့်ရုပ်ပိုင်းဆိုင်ရာ အငြင်းပွားမှု” ဖြစ်ခဲ့သည်ဟု ဆိုသည်။ ယင်းညမှာပဲ ကျောင်းတာဝန်ရှိသူတစ်ဦးက ငြင်းခုံမှုကို ကူညီဖြေရှင်း ပေးခဲ့သည်ဟု သိရသည်။

နံနက် ၃ နာရီခန့်တွင် ဒန်၏အိပ်ဆောင်ရှိ အခြားကျောင်းသားတစ်ဦးသည် သန့်စင်ခန်းသို့ သွားရာ လသာဆောင်ပြတင်းပေါက်အောက်ရှိ သစ်သားထိုင်ခုံတစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“လျှောဖွင့်ပြတင်းပေါက်ကို ဖွင့်ထားပြီး သံဇကာကိုလည်း ဖယ်ရှားထားတာကို တွေ့ရသည်။ ဒန်က ပြတင်းပေါက်ကနေ အောက်ကို ပြုတ်ကျသွားတယ်” ဟု ၎င်းကဆိုသည်။

အမေရိကန်အခြေစိုက် တက်ကြွလှုပ်ရှားသူအုပ်စုဖြစ်သည့် တရုတ်ပြည်ရှိ လူ့အခွင့်အရေးအဖွဲ့ (Human Rights In China) ဒန်သေဆုံးမှုကို ဖြစ်ပေါ်စေသည့် သံသယဖြစ်ဖွယ် အခြေအနေများကို အစီရင်ခံတင်ပြခဲ့ရာတွင် မျက်မြင်သက်သေများ၏သတင်းပေးပို့ချက်အရ ဒန်၏ အိပ်ဆောင်တွင် လှုပ်ရှားရုန်းကန်မှုများရှိခဲ့သည့် အရိပ်အယောင်များနှင့် သူသည် ရုန်းကန်နေရင်း “ခေါင်မိုးပေါ်မှ တွန်းချခြင်း” ခံခဲ့ရသည် ဟူသော အကြံပြုချက်တို့ ပါဝင်ခဲ့သည်။

ဒန်သေဆုံးမှုနှင့်ပတ်သက်ပြီး မိဘများတင်ပြသည့် အကြံပြုချက်ကို အစိုးရတာဝန်ရှိသူများက တရားဝင်ရှင်းပြချက်ကို ပယ်ချခဲ့ကြောင်း အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။ ၎င်း၏ ဆဲလ်ဖုန်းမှ ဓာတ်ပုံများကို ဖျက်ပစ်ခဲ့ကြောင်း မိသားစုက တိုင်ကြားထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ မိသားစု၏ သံသယကို ဆိုရှယ်မီဒီယာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့သည်။

တနင်္လာနေ့မှ စတင်ခဲ့သော ဆန္ဒပြမှုများသည် သီတင်းပတ်တစ်လျှောက်လုံး ဆက်လက်ဖြစ်ပွားနေခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

CNN မှ ပူချန်းခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုအပြင် ခရိုင်၏အစိတ်အပိုင်းဖြစ်သည့် ဝေနန် (Weinan) မြို့သို့ ဖုန်းခေါ်ဆိုမှုပြုခဲ့သော်လည်း ဖုန်းမကိုင်ပါ။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 85 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက