နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

နန်းမြင့်တောင်စွယ်မှာ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီး (၁၀၀)ပါစစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံးခဲ့

ဇန်နဝါရီလ (၁၃)ရက်။

မနေ့က နံနက် (၇)နာရီခွဲအချိန်က တောင်သာမြို့ နန်းမြင့်တောင်စွယ်ကို စစ်ကြောင်းထိုးဖို့ရောက်နေတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီး (၁၀၀)ပါစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ (၁၁)ရက်နေ့က တောင်သာ စွပ်ကျယ်စက်ရုံမှာ စကစတပ် (၃၀)ခန့်ပါတဲ့စစ်ကြောင်းက လူငယ်တစ်ဦးကို ပေါ်တာဆွဲသွားတယ်ဆိုတာကို သိရလို့ တိုက်ခိုက်ဖို့ လိုက်ရှာရာက အဲ့ဒီစစ်ကြောင်းက နန်းမြင့်တောင်စွယ် ဘုန်းကြီးကျောင်းက ပျူ(၁၀၀)နဲ့ပေါင်းမိပြီး တောင်သာနယ်ကို စစ်ကြောင်းထိုးဖို့ ရောက်နေတာကို သိခဲ့ရတာ” လို့ ဆိုပါတယ်။

နန်းမြင့်တောင်စွယ် ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်နဲ့ သီတာယုမွန် ဦးဆောင်တဲ့ မြင်းခြံပျူစောထီး (၁၀၀)တို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းကို မြင်းခြံခရိုင်တပ်ရင်း(၃) ဒရုန်းအဖွဲ့က (28)Kg ဗုံးသီးတွေအပြင် မြင်းခြံခရိုင်ဒရုန်းအဖွဲ့နဲ့ တောင်သာပကဖတို့က အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်က အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ဂျက်ဖိုက်တာနဲ့ ပစ်ကူလာပေမယ့် တပ်‌ဖြောက်တိုက်ခိုက်ခံရတဲ့အတွက် အပစ်မခံရဘဲ ညမှောင်ချိန်နဲ့ ဝန်းရံပိတ်ဆို့တာတွေကြောင့် ‌(၁၂)ရက်နေ့ နံနက်ပိုင်းအထိစောင့်ကာ တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ခိုက်ဖို့စောင့်ဆိုင်းနေချိန် မြင်းခြံဘက်ကို စစ်ကူတောင်းကာ မရောက်လာတာကြောင့် သီတာယုမွန်က ပြန်လည်ဆုတ်ခွာဖို့ အမိန့်ပေးတဲ့အတွက် ကား (၄)စီးနဲ့ မြင်းခြံဘက်သို့ ဆုတ်ခွာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မနေ့ကတိုက်ပွဲထဲ ပျူစောထီးတွေ ပြန်ဆုတ်ခွာတဲ့ ကား(၄)စီးထဲက ရှေ့ဆုံးကားတစ်စီး ပစ်ခတ်ခံရပြီး ပျူစောထီး (၂၀)ဦးခန့် သေဆုံးခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိခဲ့သလို ပေါ်တာဆွဲခံရတဲ့ ဒေသခံတစ်ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ပျူစောထီးခေါင်းဆောင် သီတာယုမွန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် သီးခြားအတည်မပြုနိုင်သေးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပြီး တောင်သာပကဖ၊ စွန်ရဲ(မြင်းခြံပကဖ)၊ မြင်းခြံခရိုင်တပ်ရင်း(၁၊၂၊၇၊၈)တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 18 Views
မတ်လ (၁၀)ရက်။ NUG အနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေဖို့အတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက
မြန်မာသတင်း

ထရမ့်အစိုးရ ရင်ဆိုင်နေရသော ဆိုးရွားသည့် ရွေးချယ်မှု- စီးပွားရေး ပျက်ကပ်လား သို့မဟုတ် ရေတပ် ပြိုကျမှုလား?

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ထရမ့်အစိုးရသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရေတပ်ဆိုင်ရာ
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က ညောင်လေးပင်မြို့ရှိ ကျေးရွာတွေကို စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 25 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကစယ်ဒိုမြို့ ဘန်းချောင်းရွာအုပ်စုမှာ ဗိုလ်စောအယ်ခွီး(ခ)ကော်လားဖိုး
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 30 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 26 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့