နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်စေဖို့ အပစ်ရပ် (၇)ဖွဲ့ ဆွေးနွေး

ဇန်နဝါရီလ (၁၅)ရက်။

သက်ဆိုင်သူ‌တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့ အပစ်ရပ်(၇)ဖွဲ့က မနေ့က ဦးဆောင်အဖွဲ့အစည်းအဝေးတရပ်ကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီအစည်းအဝေးထဲ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ပြည်သူတွေ နေ့တိုင်းကြုံနေရတဲ့ လူမှုဒုက္ခမျိုးစုံကို သုံးသပ်ခဲ့ပြီး နိုင်ငံရေးအကြပ်အတည်းက လွန်မြောက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ခုနှစ်ထဲ ဖြစ်ပေါ်လာနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရှိနိုင်ဖို့ကိုလဲ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ဖို့အပါအဝင် EAO တွေထဲ coordination နဲ့ cooperation ပိုမိုရရှိစေဖို့နဲ့ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်တဲ့လုပ်ငန်းစဉ်တွေ တိုးမြှင့်ဆောင်ရွက်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

အပစ်ရပ် (၇)ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးကို သဘာပတိအနေနဲ့ အဖွဲ့ခေါ‌င်း‌ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်အပါအဝင် အဖွဲ့ဝင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ လုပ်ငန်းကော်မတီတွေ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအဖွဲ့မှာ RCSS၊ NMSP၊ ALP၊ PNLO၊ LDU၊ DKBA နဲ့ KNU/KNLA-PC တို့ပါဝင်ကာ အပစ်ရပ် (၇)ဖွဲ့ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမြို့ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 8 Views
ဇန်နဝါရီလ (၁၅)ရက်။ ဇန်နဝါရီလ (၉)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့နယ်ရှိ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုလော
မြန်မာသတင်း

ဒုစစ်ခေါင်းဆောင် စိုးဝင်း လွိုင်ကော်ရောက်နေချိန် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 8 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က ည (၇)နာရီအချိန်က ဒုစစ်ခေါင်းဆောင် စိုးဝင်း လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့
မြန်မာသတင်း

ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 8 Views
ဇန်နဝါရီလ (၁၅)ရက်။ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်တာတွေကို
မြန်မာသတင်း

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းမိခဲ့တဲ့ PNLA ရဲဘော် (၅)ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 9 Views
ဇန်နဝါရီလ (၁၅)ရက်။ ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်အချိန်က တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ ရဲဘော် (၅)ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ PNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးက တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 6 Views
ဇန်နဝါရီလ (၁၅)ရက်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့က အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို ဇန်နဝါရီလ (၁၂)ရက်နေ့က ပြုလုပ်ခဲ့ပြီး အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့က
မြန်မာသတင်း

ထိန်းချုပ်နယ်မြေတွေမှာ အစိုးရရုံးဖွင့်ဖို့ စီစဉ်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 22 Views
ဇန်နဝါရီလ (၁၄)ရက်။ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဝန်ကြီးဌာနရုံးတွေ ဖွင့်လှစ်အခြေစိုက်ဖို့ စီစဉ်နေတယ်လို့ NUG သမ္မတရုံးရဲ့ ပြောခွင့်ရ ဦးကျော်ဇောရဲ့ ထုတ်ပြန်ပြောဆိုထားချက်တွေအရ သိရပါတယ်။ အခုရက်ပိုင်းထဲ စစ်ကိုင်းတိုင်းမှာ ဝန်ကြီးဌာနရုံးတွေ အခြေစိုက်ပြီး ဖွင့်လှစ်သွားမယ့် အခြေအနေနဲ့ပတ်သက်လို့ သတင်းတွေ
မြန်မာသတင်း

ရွှေဘိုထောင်က လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်/ကျဉ်းတွေ ပြန်လည်ဖမ်းဆီးခံနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 14 Views
ဇန်နဝါရီလ (၁၄)ရက်။ ရွှေဘိုထောင်ကနေ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီရဲ့ ရွှေဘိုမြို့မရဲစခန်းက ပြန်လည်ဖမ်းဆီးနေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွှေဘိုထောင်ကနေ လွတ်ရက်စေ့ပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေဆီ
မြန်မာသတင်း

KIA ရဲ့ တပ်မဟာ(၁၁) လက်မောင်းတပ်တံဆိပ်ကို အတည်ပြုသတ်မှတ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 24 Views
ဇန်နဝါရီလ (၁၄)ရက်။ ရွှေလီမြစ်ဝှမ်းတလျှောက်ကို နယ်မြေသတ်မှတ်ထားတဲ့ KIA တပ်မဟာ (၁၁)ရဲ့ လက်မောင်းတပ်တံဆိပ်ကို KIC ရုံးက အတည်ပြုပေးလိုက်တယ်လို့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ တပ်မဟာ(၁၁)ရဲ့ လက်မောင်းတပ်တံဆိပ် အဓိပ္ပါယ်က ကချင်နဲ့ ရှမ်းလူမျိုးတွေက ကျွဲ/နွားကို