Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ ဆိုက်ဘာဥပဒေအကြောင်းပြပြီး ဖမ်းဆီးခံရတဲ့လူငယ် (၁၀၀)ကျော်ရှိခဲ့

ဇန်နဝါရီလ (၁၇)ရက်။

ဆိုက်ဘာဥပဒေ အကြောင်းပြပြီး မန္တလေးမှာ ဖမ်းဆီးခံရတဲ့ လူငယ် (၁၂၂)ဦးထက်မနည်း ရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ ဆိုက်ဘာဥပဒေကို အကြောင်းပြပြီး လူငယ်တွေကို လမ်းမတွေပေါ်မှာ ဖုန်းတွေကို စစ်ဆေးဖမ်းဆီးကာ မတရားစစ်မှုထမ်းခိုင်းနေတာတွေကို အထင်အရှားတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ‌ကြောင့် အခုနှစ်ပတ်တာကာလထဲ မန္တလေးရှိ မြို့နယ် (၇)မြို့နယ်မှာ ဖမ်းဆီးခံရတဲ့လူငယ် (၁၂၂)ဦးထက်မနည်းရှိခဲ့ကာ လူ့အခွင့်အရေးကို ဗြောင်ကျကျ ချိုးဖောက်နေတာလို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အောင်မြေသာဇံမှာ (၁၉)ဦး၊ ချမ်းအေးသာဇံမှာ (၁၅)ဦး၊ မဟာအောင်မြေမှာ (၁၇)ဦး၊ ချမ်းမြသာစည်မှာ (၁၉)ဦး၊ အမရပူရမှာ (၁၈)ဦးနဲ့ ပုသိမ်ကြီးမှာ (၁၅)ဦးတို့ဖြစ်တယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး နေ့/ညမရွေး ဖမ်းဆီးတာ၊ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတာအပြင် ဆိုက်ဘာဥပဒေကို အကြောင်းပြုကာ ဖုန်းတွေ စစ်ဆေးပြီး ဖမ်းဆီးငွေတောင်းတာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် လူငယ်တွေအနေနဲ့ နေအိမ်ပြင်ပ သွားလာတဲ့အခါနဲ့ အချိန်မတော် ဧည့်စာရင်းစစ်ဆေးတာတွေ ရှိနိုင်တာကြောင့် ဖုန်းထဲက VPN အပါအဝင် ဖျက်သင့်တာဖျက်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သံတောင်ကြီးရှိ စစ်ကောင်စီ တိုက်ခိုက်ရေးကျောင်း ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ဗိုလ်မှူးအဆင့်အပါအဝင် (၇)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 2 Views
မေလ (၂၁)ရက်။ မနေ့က သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်)ကို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က
မြန်မာသတင်း

နွေဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီလေယာဉ် (၅)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 14 Views
မေလ (၂၁)ရက်။ နွေ‌ဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီရဲ့ လေယာဉ် (၅)စီးအထိကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 7 Views
မေလ (၂၁) ရက်။ စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။ ရွှေ့ပြောင်းအခြေချများ၏ ရှေ့နေများက တောင်ဆူဒန်မှမဟုတ်သည့်သူများကို ထိုနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းသည် တရားရုံးအမိန့်ကို ဖောက်ဖျက်ကြောင်း ထောက်ပြခဲ့ကြပြီး
မြန်မာသတင်း

နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 11 Views
မေလ (၂၁)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုမြို့ ဟိုခိုရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် ဓါတ်အားလိုအပ်ချက် မပြည့်တာလို စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 13 Views
မေလ (၂၁)ရက်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရပ်ဆိုင်းခဲ့ရရင် မဂ္ဂါဝပ် (၆၀၀၀)ရရှိမှာဖြစ်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က အစည်းအဝေး ဒုတိယနေ့မှာ ပြောဆိုခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံမှာ လျှပ်စစ်နဲ့ပတ်သက်ပြီး လိုအပ်ချက်ပြည့်မီတာ မရှိသေးဘဲ လျှပ်စစ်စွမ်းအင်မရှိရင် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို
မြန်မာသတင်း

ဗန်းမော်မှာ စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 23 Views
မေလ (၂၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ဗန်းမော်မြိုကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲတွေက ပစ်ချနိုင်ခဲ့တယ်လို မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗန်းမော်မှာ ထောက်ပိုတက်လာတဲ့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် (၃)စီးကို‌ တော်လှန်ရေးတပ်တွေက ပစ်‌ခတ်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 22 Views
မေလ (၂၀)ရက်။ စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ “ စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာ ကျနော်တိုမှာ စစ်ဒေသ (၃)ခုရှိပါတယ်။ အဲ့ဒီစစ်ဒေသ (၃)ခုလုံးမှာရှိတဲ့ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်း‌တွေဖွင့်လှစ်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 17 Views
မေလ (၂၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့တယ်လို စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲတွေကို စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့တာလို ဆိုပါတယ်။