နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းဝန်ကြီးချုပ်ကို လိမ်လည်ဖို့ ကျားဖြန့်က AI နဲ့ ဖုန်းခေါ်

+++++++++++++++++++++++++++++

ဇန်နဝါရီလ (၁၇) ရက်။

ဒီကနေ့ ကမ္ဘာမှာ ကမ္ဘာ့ခေါင်းဆောင်တွေ အပါအဝင် ဖုန်းလိမ်လည်မှုခေါ်ဆိုမှုတွေ လျင်မြန်စွာ ပျံ့နှံ့တိုးပွားလာမှုကြောင့် ထိခိုက်နေကြရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ AI စနစ်တစ်ခုကနေ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့ပြီး အဲ့ဒီဖုန်းက ထင်ရှားတဲ့ အခြားအစိုးရအကြီးအကဲတစ်ဦးရဲ့ အသံနဲ့ ငွေကြေးတောင်းခံခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပေထုံတန် ရှင်နာဝပ် (Paetongtarn Shinawatra) က ကွန်ပျူတာကနေ ဘယ်သူ့အသံကို အတုခိုး‌ပြောနေတယ်ဆိုတာ မဖော်ပြခဲ့ပေမဲ့ နာမည်ကြီး ခေါင်းဆောင်တစ်ယောက်ရဲ့ အသံနဲ့တူတဲ့ မက်ဆေ့ချ်ကို လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။

“အသံက အရမ်းရှင်းပြီး ကျမက ချက်ချင်းမှတ်မိတယ်။ သူတို့က အသံကလစ်တခုကို ပို့ပေးလိုက်ပြီး တခုခုကိုပြောတယ် “နေကောင်းလား” “ခင်ဗျားနဲ့ အတူတူအလုပ်လုပ်ချင်ပါတယ်” လို့ ပေထုံတန်က ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာ တူညီတဲ့နံပါတ်ကနေ ဖုန်းခေါ်ဆိုတာကို မဖြေလိုက်နိုင်တဲ့အခါ အသံမက်ဆေ့ချ်ကို လက်ခံရရှိခဲ့ပြီး လိုက်လံစုံစမ်းဖို့ ဖြစ်လာတယ်။ “သူတို့က အလှူငွေတောင်းတဲ့ နောက်ထပ် အသံမက်ဆေ့ချ်တစ်ခု ပို့ခဲ့တယ်၊ ‘မင်းဟာ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့က တစ်ခုတည်းသောမလှူသေးတဲ့နိုင်ငံတခုဖြစ်တယ်” လို့ အလေးထား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကျမအနေနဲ့ ခဏလောက် ထိတ်လန့်သွားပြီး တစ်ခုခုတော့ လွဲနေပြီဆိုတာ သိလိုက်ရတယ်။” လို့ သူမက ဆက်ပြောပါတယ်။

အမည်မဖော်လိုသူ ကမ္ဘာ့ခေါင်းဆောင်ရဲ့အသံကို AI ကို အသုံးပြုပြီး မက်ဆေ့ချ်ပေးပို့သူက ဘယ်သူမဆို ဖြစ်နိုင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

လိမ်လည်မှုများ ဒါမှမဟုတ် လိမ်လည်မှုစင်တာတွေဟာ အရှေ့တောင်အာရှမှာ အဆန်းမဟုတ်ပါ။ မကြာသေးမီနှစ်တွေအတွင်း နိုင်ငံဖြတ်ကျော်လိမ်လည်တဲ့အဖွဲ့တွေဟာ နည်းပညာတိုးတက်မှုတွေကို အသုံးချကာ ကမ္ဘာတစ်ဝှမ်းရှိ လူတေကို လှည့်စားတဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာတန်တဲ့ လုပ်ငန်းကို တည်ဆောက်ဖို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို အသုံးချခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောကြားခဲ့ပါတယ်။

ဇန်န၀ါရီလမှာ ဝမ်ရှင်းလို့ ခေါ်တဲ့တရုတ်သရုပ်ဆောင်တစ်ဦးဟာ ရုပ်ရှင်ရိုက်ဖို့ ဖိတ်ခေါ်မှုကို အမှန်တကယ်လို့ ထင်ခဲ့ပြီး ဘန်ကောက်ကို သွားရောက်ခဲ့ပါတယ်။ လိမ်လည်တဲ့အဖွဲ့ဝင်တွေက လေဆိပ်ကနေ ကားနဲ့ခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော်ပြီး ဆိုက်ဘာလိမ်လည်မှု အချက်အချာ ဖြစ်တဲ့ မြန်မာနိုင်ငံ မြဝတီမြို့မှာရှိတဲ့ လိမ်လည်မှုစင်တာကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ မြန်မာနိုင်ငံရှိ ရာဇဝတ်ကောင်တွေထံ လူကုန်ကူးခံရပြီး ၎င်းတို့ရဲ့ဆန္ဒကို ဆန့်ကျင်ကာ ခရစ်တိုငွေကြေးသန်းပေါင်းများစွာကို ခိုးယူဖို့ အတင်းအကြပ် ဖိအားပေးခံရတဲ့ ကော်လာဖြူအလုပ်တွေနဲ့ ထိုင်းနိုင်ငံကို လာရောက်ဖို့ လှည့်ဖြားခံရတဲ့ ထောင်နဲ့ချီတဲ့ သာမန်လူတွေအတွက်လည်း ပြဿနာတစ်ခု ဖြစ်လာပါတယ်။

လိမ်လည်မှု အများအပြားဟာ လက်ရှိမှာ ဖုန်းခေါ်ဆိုမှုတွေနဲ့ သမားရိုးကျ စာတိုပေးပို့ခြင်းကို အသုံးပြုနေပေမဲ့ AI နည်းပညာ အလျင်အမြန်တိုးတက်လာတာနဲ့အမျှ လူသန်းပေါင်းများစွာဟာ ၎င်းတို့ရဲ့အသံတွေကို ဖန်တီးဖို့ ဥာဏ်ရည်တုကို အသုံးပြု၍ လိမ်လည်လှည့်ဖြားမှုတွေရဲ့ သားကောင်အဖြစ် ကျရောက်သွားနိုင်တယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မျိုးဆက်သစ် AI chatbot ChatGPT ရဲ့ ထုတ်လုပ်သူ OpenAI ဟာ အသံပုံတူကိရိယာ Voice Engine ကို ထုတ်ဖော်ပြသခဲ့ပေမဲ့ “ပေါင်းစပ်အသံ အလွဲသုံးစားလုပ်ခြင်းအတွက် အလားအလာ” ရှိမှုကြောင့် အဲ့ဒီအဆင့်နည်းပညာကို အများပြည်သူ အသုံးပြုဖို့ ဖွင့်မပေးခဲ့ပါဘူး။

ဖြူထိုင်းရဲ့ ပါတီပေါင်းစည်းရေးနဲ့ ဆန်းသစ်တီထွင်မှု အကြံပေးကော်မတီရဲ့ အကြီးအကဲအဖြစ်၂၀၂၁ ခုနှစ်မှာ သူမရဲ့နိုင်ငံရေးလောကကို စတင်ခဲ့တဲ့ ပေထုံတန် (Paetongtarn) ဟာ ၂၀၂၄ခုနှစ် သြဂုတ်လမှာ ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

သူမဟာ ငါးနှစ်နဲ့ သုံးနှစ် အသီးသီး တာဝန်ထမ်းဆောင်ခဲ့တဲ့ သူမရဲ့ဖခင်နဲ့ အဒေါ်တို့နောက်မှာ သူမရဲ့ မိသားစုရဲ့ နိုင်ငံရေး မင်းဆက်မှာ တတိယမြောက် ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက