နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

မွန်တော်လှန်ရေး (၄)ဖွဲ့က ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

ဇန်နဝါရီလ (၂၀)ရက်။

မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(၄)ဖွဲ့က စစ်ဆင်ရေးလုပ်ငန်းတွေအတွက် “ ရာမည ပူးတွဲစစ်ကြောင်း” ဖွဲ့စည်းတာကို မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

မွန်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ဟာ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းတွေအတွက် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

မွန်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ဟာ ဇန်နဝါရီလ (၁၇)ရက်နေ့က လွတ်မြောက်နယ်တနေရာမှာ အစည်းအဝေးပြုလုပ်ပြီး ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းတာလို့ ဖော်ပြထားပါတယ်။

ရာမညပူးတွဲစစ်ကြောင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တေယ်(MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ပါဝင်ပါတယ်။

ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ အခြားတော်လှန်ရေးတပ်တွေဖြစ်တဲ့ KNLA၊ PDF တပ်ဖွဲ့တွေနဲ့ ပူးတွဲတိုက်ပွဲဝင်သွားမှာဖြစ်သလို မွန်ပြည်နယ်အနှံ့ စစ်ရေးလှုပ်ရှားသွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ရာမညပူးတွဲစစ်ကြောင်းမှာ ပါဝင်တဲ့ MSDF အနေနဲ့လဲ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တိုက်ပွဲဝင်ဖို့ ရဲဘော်အသစ်တွေ ‌ဖိတ်ခေါ်နေတာကို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 17 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

မကွေးမှာ အခုနှစ်ကုန်ကစပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 21 Views
ဒီဇင်ဘာလ (၂၇)ရက်။ မကွေးဒေသထဲ အခုနှစ်ကုန်ပိုင်းကစပြီး ၂၀၂၆ခုနှစ်အထိ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ မကွေးဖက်ရယ်ယူနစ်လွှတ်တော်မှာ
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 23 Views
ဒီဇင်ဘာလ (၂၇)ရက်။ တမူးမြို့မှာ အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့တွေကို အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားတယ်လို့
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ဆိုပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ ‌ရန်ကုန်ကိုရောက်လာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 18 Views
ဒီဇင်ဘာလ (၂၇)ရက်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ဆိုပြီး စစ်တပ်နဲ့ မိတ်ဖက်နိုင်ငံအချို့က ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ရန်ကုန်ကို ရောက်လာတဲ့အဖွဲ့တွေဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့
မြန်မာသတင်း

ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 27 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနက်ဖြန် ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ရန်ကုန်ရှိ ကိုကိုကျွန်းကလွဲပြီး မြို့နယ် (၄၄)မြို့မှာ နံနက်
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ဟားခါးမြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 30 Views
ဒီဇင်ဘာလ (၂၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ချင်းပြည်နယ် ဟားခါးမြို့မှာ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသထံသတင်းတွေထံက သိရပါတယ်။ “ ဒီကနေ့ အစောပိုင်း (၆)နာရီလောက်ကထဲက ဟားခါးမြို့အနီးက နေရာ (၃)ခုလောက်မှာ တိုက်ပွဲပြင်းထန်နေတာ။
မြန်မာသတင်း

ရန်ကုန်ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲသူဆိုပြီး သားအမိ(၂)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 27 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲခဲ့သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ မိုင်းဖောက်ခွဲသူတွေဟာ တောင်ဒဂုံမြို့နယ် (၁၀၅)ရပ်ကွက်နေ (၃၇)နှစ်အရွယ် မကြည်ကြည်ရွှေနဲ့ သားဖြစ်သူ
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ မြို့နယ်တွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 26 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ ပါဝင်တဲ့ မြို့နယ်တွေစာရင်းကို စစ်တပ်က ‌မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြို့နယ် (၆၃)မြို့ ပါဝင်တယ်လို့ ဆိုပါတယ်။