နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တိုက်ပွဲကြောင့် ရွှေသောင်ယံမြို့နယ်ခွဲက ပြည်သူတွေ တစ်မြို့လုံးနီးပါး တိမ်းရှောင်နေကြ

ဇန်နဝါရီလ (၂၀)ရက်။

တိုက်ပွဲတွေကြောင့် ပုသိမ်မြို့နယ်ရှိ ရွှေသောင်ယံမြို့နယ်ခွဲက ပြည်သူ‌တွေ တစ်မြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြပြီလို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ အခုက တစ်မြို့လုံးနီးပါး ပြောင်းနေကြပြီ၊ ပစ္စည်းတွေသယ်ဖို့ကို ကားတွေငှားတာ မလိုက်ကြလို့ အခင်တွေ့နေတယ်။ တချို့‌ဆို ရိက္ခာတွေစုထားတာ မသယ်နိုင်လို့ ထားခဲ့ရတာတွေရှိတယ်၊ တပ်ပြေးတွေလဲ အများကြီးပဲ၊ ပြေးလိုက် ပြန်ခေါ်လိုက်နဲ့ ခြေရှုပ်နေကြတာ၊ လက်နက်ကြီသံတွေ လေယာဉ်သံတွေက နီးတော့ ကြောက်နေရတယ်” လို့ ဆိုပါတယ်။

မနေ့ကလဲ ချောင်းသာမြို့ရှိ ဟိုတယ်နဲ့ တည်းခိုခန်းအချို့ ဧည့်သည်ခရီးစဉ်တွေ ဖျက်သိမ်းပြီး မီးစက်အပါအဝင် ပစ္စည်းတွေ သိမ်းဆည်းကာ တိတ်တဆိတ် ပုသိမ်မြို့ပေါ်ကို ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။

“ အချို့ဟိုတယ်တွေကတော့ စကစက ဖိအားပေးလို့ ခရီးသွားတွေကို လက်ခံနေရတာရှိတယ်။ အခုလိုတွေဖြစ်တော့ စေတနာနဲ့ သတိပေးတာကို လက်မခံကြဘူး၊ ဒေသခံတွေ ငတ်ရင်တာဝန်ယူမလားဆိုပြီး။ အခုအချိန်က အပျော်ခရီးထွက်ဖို့ သင့်မသင့်ကို စဉ်းစားကြပါ။ ချောင်းသာဒေသခံတွေတောင် စစ်ရှောင်နေကြပြီ” လို့ ‌သူက ဆက်ပြောပါတယ်။

အခုအခါ တိုက်ပွဲတွေ နီးကပ်လာတာကြောင့် ချောင်းသာရှိ ဟိုတယ်အချို့ ခရီးသွားတွေကို လက်မခံတော့တာတွေ ရှိနေသလို ဒေသတွင်းလုပ်ငန်းရှင်အချို့ကလဲ အခုကာလ ချောင်းသာကို လည်ပတ်ဖို့ မသင့်တော်ဘူးလို့ အသိပေးထားကြပါတယ်။

“ ရွှေသောင်ယံတကြောမှာ စစ်ရှောင်တွေ အရင်ကထက် ပိုများလာတာတွေ့ရတယ်။ တော်တော်များများ တိမ်းရှောင်နေကြသလို ချောင်းသာကမ်းခြေမှာလဲ လာရောက်လည်ပတ် ရေကူးကစားတဲ့သူ မတွေ့ရသလောက်ဖြစ်နေပြီ” လို့ ဧည့်လမ်းညွှန်လုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

ခရီးသွားလာမယ့်သူများ ရွှေသောင်ယံတကြောကို အရေးကြီးကိစ္စမရှိဘဲ မသွားဖို့ အသိပေးပြောဆိုတာတွေရှိပြီး ငါးသိုင်းချောင်းမြို့နဲ့ ပုသိမ်မြို့ မကျီးဇင်ရွာက ‌ရဲကင်းစခန်းအပါအဝင် စစ်ကောင်စီစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 39 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 30 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့