နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ဒေသခံ(၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခံ့

ဇန်နဝါရီလ (၂၁)ရက်။

ဒီကနေ့ နေ့လယ် (၂)နာရီအချိန်က နောင်ချိုမြို့ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နောင်ချိုက စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို နေ့လယ်(၂)နာရီလောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး(၂)လုံး လာကြဲသွားတာ။ စည်ပင်ရုံး ပျက်စီးတာ၊ နေအိမ်တွေနဲ့ ဒေသခံတွေ ထိခိုက်သေဆုံးတာရှိတယ်” လို့ ဆိုပါတယ်။

နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် စည်ပင်ရုံး ပျက်စီးခဲ့သလို နေအိမ်တစ်လုံး ထိမှန်ခဲ့ပြီး ဒေသခံ (၁)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ‌ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ခဲ့ကာ TNLA မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

အခုလို နောင်ချိုမြို့ကို ဗုံးကြဲတာနဲ့ပတ်သက်ပြီး စစ်လော်ဘီချန်နယ်တွေက ထွေအုပ်ရုံးထဲ TNLA နဲ့ PDF တွေ အစည်းအဝေးလုပ်နေတာကြောင့် တိုက်ခိုက်ခဲ့တာဆိုပြီး ရေးသားထားကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၃)ရက်နေ့ကလဲ ကျောက်မဲမြို့ ပန်ပေါက်ရွာ တိုးဂိတ်အနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ်(၁)နာရီခွဲအချိန် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)-ယောဗျူဟာရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မြင်းခြံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတွေ မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 8 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan
မြန်မာသတင်း

လောင်းလုံးမြို့မှာ နတ်ပွဲအကြောင်းပြ လောင်ကစားဝိုင်းပြုလုပ်တာကို မြို့နယ်ပကဖ ဝင်ဖမ်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 9 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ် (၃)နာရီခန့်က လောင်းလုံးမြို့ ကထောင်းနီရွာမှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေတာကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကထောင်းနီရွာမှာ နတ်ပွဲအကြောင်းပြပြီး သီးခြားပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ (၂၁)ရက်။ ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ နယ်မြေတွေဟာ ရခိုင်ရိုးမနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရိုးမတောင်တန်းနဲ့ ရခိုင်-ပဲခူးအစပ်၊
မြန်မာသတင်း

စစ်ကောင်စီဟာ အာဏာတည်မြဲဖို့ကိုသာ အာရုံစိုက်နေလို့ ဆိုက်ဘာရာဇဝတ်မှုကို ဖြေရှင်းလိုတဲ့ဆန္ဒမရှိဘူးလို့ဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 9 Views
ဇန်နဝါရီလ (၂၁)ရက်။ စစ်ကောင်စီဟာ အာဏာတည်မြဲဖို့အတွက်ကိုသာ အာရုံစူးစိုက်ပြီး လုပ်ကိုင်နေကာ အရေးကြီးတဲ့ ဆိုက်ဘာရာဇဝတ်မှု ပြဿနာကို ဖြေရှင်းလိုတဲ့ဆန္ဒ မရှိဘူးလို့ NUG နဲ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ တိုက်ရိုက်အကျိုးဆက်ကြောင့်
မြန်မာသတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားထံ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 7 Views
ဇန်နဝါရီလ (၂၁)ရက်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်ဆီ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ယူဝမ်းမြောက်တဲ့သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ မလေးရှားနဲ့ မြန်မာ နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ခိုင်မြဲအရေးပါပြီး အာဆီယံကတဆင့် ဒေသထဲ
မြန်မာသတင်း

အွန်လိုင်းလိမ်လည်လုပ်ငန်းတွေက ထိုင်းကနေ လျှပ်စစ်နဲ့ အင်တာနက်ရနေတာလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 6 Views
ဇန်နဝါရီလ (၂၁)ရက်။ ရွှေကုက္ကိုလ်ဒေသက အွန်လိုင်းလိမ်လည်လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓါတ်အားနဲ့ အင်တာနက်လိုင်း အဆက်အသွယ်တွေ ရနေတာလို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အွန်လိုင်းလိမ်လည်တာနဲ့ အွန်လိုင်းလောင်းကစားတွေ လုပ်ဆောင်နေသူတွေဟာ ၂၀၁၅ခုနှစ်ခန့်ကစပြီး ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားတို့မှာ လုပ်ကိုင်ကြပြီး
မြန်မာသတင်း

ကိုဗစ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 6 Views
ဇန်နဝါရီလ (၂၁)ရက်။ ကိုဗစ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ခဲ့တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံဖွင့်ပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အခြားဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းကာ ကိုဗစ်ရောဂါ ကျရောက်ချိန်မှာ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အခုအခါ