နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းလှမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ဇန်နဝါရီလ (၂၃)ရက်။

‌မနေ့က နံနက်(၇)နာရီခန့်က မင်းလှမြို့၊ ဂန့်ဂေါ်ပင်ရွာနေ ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဂန့်ဂေါ်ပင်ရွာက ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို သူ့ရဲ့နေအိမ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ဆိုပါတယ်။

ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးဟာ စစ်ကောင်စီထံ မမှန်သတင်းပေးပြီး ပြည်သူတွေကို ဖမ်းဆီးခိုင်းတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားတာတွေကို စုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီထံ သတင်းပေးနေတာကြောင့် အခုလို အရေးယူတာလို့ သိရပါတယ်။

စစ်ကောင်စီသတင်းပေး ပျူစောထီး ရှမ်းလေး(ခ)မိုးကြီးကို သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃၊၂၊၆) ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မင်းလှမြို့နယ်ပကဖတို့ ပူးပေါင်းကာ ရှင်းလင်းခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာ လုံးဝမပြုလုပ်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကလေးမြို့တိုက်ပွဲထဲ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦးကို ဖမ်းမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 37 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကလေးမြို့ နန်းစောင်းပုရွာသစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

တလထဲ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 28 Views
စက်တင်ဘာလ (၁၁)ရက်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၅)မှုရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို အရေးယူမယ်လို့ KNU သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 41 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို ကော်သူးလေဥပဒေနဲ့အညီ အရေးယူမယ်လို့ ညောင်လေးပင်ခရိုင် KNU တပ်မဟာ (၄)က ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် တိုင်းရင်းသားပြည်သူတွေအပေါ် ဖိနှိပ်ကျွန်ပြု၊
မြန်မာသတင်း

မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်တပ်ထွေအုပ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 33 Views
စက်တင်ဘာလ (၁၁)ရက်။ မနေ့က ည (၁၀)နာရီ (၁၀)မိနစ်ခန့်မှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ရှိ ထွေအုပ်ရုံးက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အာဏာရူးတွေ အာဏာတည်မြဲဖို့ လက်တဆုပ်စာ ကိုယ်ကျိုးစီးပွားအတွက်လုပ်နေတဲ့
မြန်မာသတင်း

င‌ဖဲမြို့တိုက်ပွဲထဲ စစ်တပ်စစ်ကြောင်း အထိနာပြီး (၇၀)ကျော်သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 31 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၄)ရက်နေ့နဲ့ (၇)ရက်နေ့တို့မှာ မကွေးတိုင်း ငဖဲမြို့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်အနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၄)ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ‌မှာ (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

သပိတ်ကျင်းမြို့ရှိ ကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 69 Views
စက်တင်ဘာလ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သပိတ်ကျင်းမြို့ ဇရပ်ကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁)နာရီခွဲဝန်းကျင်လောက်မှာ သပိတ်ကျင်းက ဇရပ်ကွင်းရွာစာသင်ကျောင်းကို စစ်တပ်က
မြန်မာသတင်း

၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်နဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုဆွေး‌နွေးခြင်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 44 Views
၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်နဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုဆွေး‌နွေးခြင်း။ ကိုမောင်မောင်ကျော်ဟာ ၁၉၈၈ခုနှစ်စစ်အာဏာမသိမ်းခင်ကတည်း စစ်အာဏာသိမ်း တော့မည်ကို ကြိုတင်ခန့်မှန်းမိပြီးတောခိုခဲ့သူဖြစ်ပါတယ်။ ကိုမောင်မောင်ကျော် ရဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို ဦးထွန်းအောင်ကျော်ကမေးမြန်းပြီး အပြန်အလှန် ဆွေးနွေးတာကို တင်ပြလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင်က အမြင်မှန်ရပြီး စနစ်ပြောင်းမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ငြင်းမယ်မထင်ဘူးလို့ ဦးရည်မွန်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 60 Views
စက်တင်ဘာလ (၁၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စနစ်ပြောင်းဖို့  ‌ဆန္ဒရှိမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ငြင်းပယ်မယ်မထင်ဘူးလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PVTV နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တကယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က အမြင်မှန်ရပြီးတော့