နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ အပစ်ရပ်ထားပြီးနောက် အစ္စရေးသည် အနောက်ဖက်ကမ်းသို့ ခြေဦးလှည့်လာ

ဇန်နဝါရီလ (၂၄) ရက်။

ဇန်နဝါရီလ (၂၂) ရက်နေ့တွင် အစ္စရေးတို့ သိန်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ကလေးတစ်ဦး အပါအဝင် ပါလက်စတိုင်း ၁၀ ဦးထက်မနည်းကို အစ္စရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲပြီး နှစ်ရက်အကြာမှာ အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက အနောက်ဘက်ကမ်းရှိ ဂျင်နင်း (Jenin) ကို တိုက်ခိုက်ဖို့ ကြီးမားတဲ့ စစ်ရေးစစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ဖို့ ကြေညာခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂျင်နင်းတွင် အကြမ်းဖက်ဝါဒကို ချေမှုန်ဖို့ ရည်ရွယ်တဲ့ “ သံတံတိုင်း” လို့ အမည်ပေးထားတဲ့ အကြီးစားစစ်ဆင်ရေးကို ဆင်နွှဲခမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါကိုတုံ့ပြန်ဖို့ ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က “ အနောက်ဘက်ကမ်းရှိ ဒေသခံတွေနဲ့ လူငယ်တွေကို သိမ်းပိုက်ထားတဲ့အစ္စရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တဲ့ နေရာတိုင်းမှာ ပဋိပက္ခတွေကို အရှိန်မြှင့်ဖို့ တောင်းဆိုခဲ့ပါတယ်။

ပါလက်စတိုင်းသတင်းအေဂျင်စီ Wafa ရဲ့ ဖော်ပြချက်အရ အစ္စရေးတိုက်လေယာဉ်တွေဟာ ဂျင်နင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စနိုက်ပါသမာတွေနဲ့ သံချပ်ကာယာဉ်တွေဟာ ဂျင်နင်း ဒုက္ခသည်စခန်းကို ဝိုင်းရံထားပြီး လူနာတင်ယာဉ်တွေ ဝင်ရောက်တာကိုလည်း တားဆီးထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်း သတင်းထောက်တစ်ဦးက ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်မှာ ဘူဒိုဇာများ အပါအဝင် သံချပ်ကာယာဉ် အများအပြား ဂျင်နင်းအတွင်းကို ဝင်ရောက်လာသည်ကို တွေ့ရပါတယ်။ ဂျင်နင်းမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အမျိုးသား ၉ ဦးနဲ့ ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးအပါအဝင် ၄၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်

လူ ၁၀ ဦး ဘယ်လို သေဆုံးခဲ့ရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အနည်းဆုံး နှစ်ဦးမှာ လက်နက်မဲ့ အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဂျင်နင်းမြို့ရှိ ဆေးရုံတစ်ခုမှာ ပစ်သတ်ခံခဲ့ရသူဟာ အရပ်သားဖြစ်တယ်လို့ ဒေသခံတစ်ဦးက CNN ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်း လက်နက်ကိုင် အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ တောင်ပံ Quds Brigades က ၎င်း၏ တိုက်ခိုက်ရေး သမာတွေဟာ ဒုက္ခသည် စခန်းအနီးမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ကာ ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ စစ်ရေးစစ်ဆင်ရေးဟာ နေတန်ယာဟုရဲ့ ပြိုလဲနေတဲ့ ညွန့်ပေါင်းအစိုးရကို ကယ်တင်ဖို့ ရည်ရွယ်ပြီး အနောက်ဘက်ကမ်း အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းတွေ လွတ်မြောက်ရေးရဲ့ ပျော်ရွှင်မှုကို ပျက်ပြားစေဖို့ ရည်ရွယ်တာလို့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။

“အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ဒေသက ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ဆန္ဒကို နှိမ်နင်းနေတဲ့ ရန်သူကို အနိုင်ယူဖို့နဲ့ ဒီရာဇ၀တ်မှုဆိုင်ရာ စစ်ဆင်ရေးကို ဟန့်တားဖို့ လိုအပ်သမျှ နည်းလမ်းပေါင်းစုံနဲ့ ရန်သူကို တိုက်ခိုက်ဟန့်တားကြဖို့ အနောက်ဘက်ကမ်းမှာ နေထိုင်သူတွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ တိုက်တွန်းထားပါတယ်။

အစ္စရေးစစ်တပ်ဟာ ပြီးခဲ့သောနှစ် သြဂုတ်လကနေ စက်တင်ဘာလအထိ အနောက်ဘက်ကမ်း မြောက်ပိုင်းမှာ ကြီးမားသော စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ရပါတယ်။

အနောက်ဘက်ကမ်းမှာ အစ္စရေးအခြေချနေထိုင်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အရှိန်အဟုန်မြင့်လာတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရုံးက စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာလည်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက လက်နက်မဲ့ ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ OHCHR က ပြောကြားခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ အစ္စရေးအခြေချနေထိုင်သူ အုပ်စုတွေဟာ ပါလက်စတိုင်းတွေ နေထိုင်ရာနေရာ အများအပြားကို တိုက်ခိုက်ခဲ့ပြီး နေအိမ်တွေနဲ့ မော်တော်ကားတွေကို မီးရှို့ခြင်း၊ လမ်းတွေကိုပိတ်ဆို့ခြင်း၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို တိုက်ခိုက်မှုဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာလည်း ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ လက်နက်ကိုင်အစ္စရေးအခြေချနေထိုင်သူ အများအပြားဟာ ကားတွေနဲ့ ဈေးဆိုင်တွေကို မီးရှို့ကာ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး နေအိမ်တွေကိုလည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် တိုက်ခိုက်သူတွေဟာ အနီးနားရှိ ပါလက်စတိုင်းတွေနေထိုင်တဲ့နေရာကို သွားရောက်ခဲ့ပြီး လယ်ထွန်စက်နှစ်စီးကို မီးရှို့၊ သီးနှံစိုက်ခင်းတွေကို ပျက်စီးကာ နေအိမ်တွေကိုလည်း ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

မကြာသေးမီနှစ်များအတွင်း တိုးမြင့်လာခဲ့တဲ့ အစ္စရေး အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာအသိုက်အဝန်းကလည်း ကာလရှည်ကြာ ရှုတ်ချခဲ့ပါတယ်။

အနောက်ဘက်ကမ်းမှာ ဂျူးတွေ အခြေချနေထိုင်မှုကို နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ရှုမြင်ကြပြီး ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး (ICJ) က ပြီးခဲ့တဲ့ ဇူလိုင်လက ဆုံးဖြတ်ခဲ့ပြီး အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်မှာ ဂျူးအခြေချနေထိုင်မှုတွေဟာ တရားမဝင်ဘူးလို့ သိရပါတယ်။

———————–

ဂါဇာမှာ အပစ်ရပ်ထားပြီးနောက် အစ္စရေးသည် အနောက်ဖက်ကမ်းသို့ ခြေဦးလှည့်လာခဲ့ရတဲ့အကြောင်းအရာ အကျဉ်းချုပ်

အနောက်ဘက်ကမ်းရှိ အစ္စရေးစစ်တပ်

+++++++++++++++++++

အစ္စရေးဟာ အနောက်ဘက်ကမ်းမှာ စစ်သွေးကြွအုပ်စုတွေကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်ကာ လမ်းတွေပိတ်ဆို့ပြီး လူတွေရဲ့ သွားလာမှုတွေကို ဖြတ်တောက်ခဲ့ပါတယ်။

ဂျင်နင်းဒုက္ခသည်စခန်းမှာ စစ်သွေးကြွအုပ်စုတွေနဲ့ အခြေခံအဆောက်အအုံတွေကို ချေမှုန်းဖို့ ရည်ရွယ်ပြီး “ သံတံတိုင်း” စစ်ဆင်ရေးလို့ အမည်ပေးထားပါတယ်။

လမ်းပိတ်ဆို့မှုတွေနဲ့ စစ်ဆေးရေးဂိတ်တွေဟာ အရပ်သားတွေရဲ့ အသက်အန္တရာယ်နဲ့ စားဝတ်နေရေးကို အနှောင့်အယှက်ဖြစ်စေပြီး လူပေါင်း ၂၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အပစ်အခတ်ရပ်စဲရေးရဲ့ အကျိုးသက်ရောက်မှု

+++++++++++++++++++++++++

ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲလိုက်တာကြောင့် အစ္စရေးဟာ ဟားမတ်စ်နဲ့ မဟာမိတ်အဖွဲ့တွေကို ပစ်မှတ်ထားပြီး အနောက်ဘက်ကမ်းကို စစ်ရေးအရ အာရုံပြောင်း လုပ်ဆောင်နိုင်ခွင့်ကို ရရှိစေခဲ့တာဖြစ်ပါတယ်။

စစ်ဆင်ရေးဟာ အနောက်ဘက်ကမ်းကို ဂါဇာ ဒါမှမဟုတ် လက်ဘနွန်တောင်ပိုင်းလို မဖြစ်စေဖို့ တားဆီးဖို့ ကြိုးပမ်းနေတာလို့ အစ္စရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းအာဏာပိုင်နှင့် စစ်သွေးကြွများ

++++++++++++++++++++++++

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဟာ စစ်သွေးကြွအုပ်စုတွေကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့အတွက် အစ္စရေးက ဝင်ရောက် စွက်ဖက်တာလို့ ဆိုပါတယ်။ အယ်ကွာဆာ အာဇာနည်တပ်ဖွဲ့ (Al Aqsa Martyrs’ Brigade) နဲ့ အစ္စလမ်မစ်ဂျီဟတ် (Islamic Jihad) တို့လို အဖွဲ့တွေဟာ ဂျန်နင်း တပ်ရင်း (“ Jenin Batalion” ) နာမည်အောက်မှာ လှုပ်ရှားနေကြတယ်လို့ အစ္စရေးဘက်က ပြောဆိုထားပါတယ်။

အခြေချနေထိုင်မှုနှင့် လက်ယာယိမ်းလွှမ်းမိုးမှု

++++++++++++++++++++++++

ပါလက်စတိုင်းတွေအပေါ် အစ္စရေးအခြေချနေထိုင်သူတွေက အကြမ်းဖက်မှုတွေ တိုးမြင့်လာခဲ့ပြီး ကုလသမဂ္ဂမှ မှတ်တမ်းတင်ထားတဲ့ ၂၀၂၄ ခုနှစ်မှာ ဖြစ်ရပ်ပေါင်း ၁၄၀၀ ကျော်ရှိခဲ့ပါတယ်။

ထရန့်ခေတ်မှာ ပေါ်လစီအားဖြင့် ထောက်ခံမှု ရရှိနေတဲ့ ခိုင်မာအားကောင်းတဲ့ လက်ယာစွန်း အစ္စရေး အာဏာပိုင်တွေဟာ အနောက်ဘက်ကမ်းကို အစ္စရေးနိုင်ငံတွင်း ထည့်သွင်းပေါင်းစည်းရေးနဲ့ အခြေချနေထိုင်မှု ချဲ့ထွင်ဖို့ တွန်းအားပေးလျက်ရှိပါတယ်။

အခြေချနေထိုင်သူတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းခြင်း အပါအဝင် အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲတွေဟာ ဒေသတွင်း လှုပ်ရှားမှုများကို လွှမ်းမိုးထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုများ

+++++++++++++++++++++++++++

အနောက်ဘက်ကမ်းရှိ အစ္စရေးရဲ့ နည်းဗျူဟာတွေကို နော်ဝေးနိုင်ငံဒုက္ခသည်ဆိုင်ရာကောင်စီ (NRC) လို အဖွဲ့အစည်းတွေက ဥပဒေမဲ့လုပ်ရပ်နဲ့၊ ပါလက်စတိုင်းသားတွေကို ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အရပ်သားတွေရဲ့ သွားလာလှုပ်ရှားမှုအပေါ် ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်မှုတွေ၊ မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမီနိုင်မှု မရှိတာနဲ့ အကြမ်းဖက်မှုတွေ တိုးပွားလာတာတွေကို ရင်ဆိုင်နေရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက

ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ပတ်အတွင်း မဟာမိတ်နှစ်နိုင်ငံ ဆုံးရှုံးသွားခြင်း – ဒေသတွင်းတွင် မည်သည့်မိတ်ဖက်များ ကျန်ရှိနေသေး သနည်း?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 20 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ကာရစ်ဘီယံပင်လယ်အတွင်း ဝါရှင်တန်၏ ရေတပ်အင်အားတိုးချဲ့မှုကို ရင်ဆိုင်နေရစဉ် အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 33 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း အမေရိကန်

ကန်နာဘစ် (ဆေးခြောက်) လုပ်ငန်းရှင်များ၏ တိုက်တွန်းမှုကြောင့် ဆေးခြောက် အမျိုးအစား ပြန်လည်သတ်မှတ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ထရန့်က အမိန့်ဒီကရီ ကို လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 26 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဆေးခြောက် (Marijuana) အား အမျိုးအစား ပြန်လည်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် အမှုဆောင်အမိန့်တစ်ရပ်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 32 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 48 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 48 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 55 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော