နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ အပစ်ရပ်ထားပြီးနောက် အစ္စရေးသည် အနောက်ဖက်ကမ်းသို့ ခြေဦးလှည့်လာ

ဇန်နဝါရီလ (၂၄) ရက်။

ဇန်နဝါရီလ (၂၂) ရက်နေ့တွင် အစ္စရေးတို့ သိန်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ကလေးတစ်ဦး အပါအဝင် ပါလက်စတိုင်း ၁၀ ဦးထက်မနည်းကို အစ္စရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲပြီး နှစ်ရက်အကြာမှာ အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက အနောက်ဘက်ကမ်းရှိ ဂျင်နင်း (Jenin) ကို တိုက်ခိုက်ဖို့ ကြီးမားတဲ့ စစ်ရေးစစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ဖို့ ကြေညာခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂျင်နင်းတွင် အကြမ်းဖက်ဝါဒကို ချေမှုန်ဖို့ ရည်ရွယ်တဲ့ “ သံတံတိုင်း” လို့ အမည်ပေးထားတဲ့ အကြီးစားစစ်ဆင်ရေးကို ဆင်နွှဲခမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါကိုတုံ့ပြန်ဖို့ ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က “ အနောက်ဘက်ကမ်းရှိ ဒေသခံတွေနဲ့ လူငယ်တွေကို သိမ်းပိုက်ထားတဲ့အစ္စရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တဲ့ နေရာတိုင်းမှာ ပဋိပက္ခတွေကို အရှိန်မြှင့်ဖို့ တောင်းဆိုခဲ့ပါတယ်။

ပါလက်စတိုင်းသတင်းအေဂျင်စီ Wafa ရဲ့ ဖော်ပြချက်အရ အစ္စရေးတိုက်လေယာဉ်တွေဟာ ဂျင်နင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စနိုက်ပါသမာတွေနဲ့ သံချပ်ကာယာဉ်တွေဟာ ဂျင်နင်း ဒုက္ခသည်စခန်းကို ဝိုင်းရံထားပြီး လူနာတင်ယာဉ်တွေ ဝင်ရောက်တာကိုလည်း တားဆီးထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်း သတင်းထောက်တစ်ဦးက ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်မှာ ဘူဒိုဇာများ အပါအဝင် သံချပ်ကာယာဉ် အများအပြား ဂျင်နင်းအတွင်းကို ဝင်ရောက်လာသည်ကို တွေ့ရပါတယ်။ ဂျင်နင်းမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အမျိုးသား ၉ ဦးနဲ့ ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးအပါအဝင် ၄၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်

လူ ၁၀ ဦး ဘယ်လို သေဆုံးခဲ့ရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အနည်းဆုံး နှစ်ဦးမှာ လက်နက်မဲ့ အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဂျင်နင်းမြို့ရှိ ဆေးရုံတစ်ခုမှာ ပစ်သတ်ခံခဲ့ရသူဟာ အရပ်သားဖြစ်တယ်လို့ ဒေသခံတစ်ဦးက CNN ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်း လက်နက်ကိုင် အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ တောင်ပံ Quds Brigades က ၎င်း၏ တိုက်ခိုက်ရေး သမာတွေဟာ ဒုက္ခသည် စခန်းအနီးမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ကာ ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ စစ်ရေးစစ်ဆင်ရေးဟာ နေတန်ယာဟုရဲ့ ပြိုလဲနေတဲ့ ညွန့်ပေါင်းအစိုးရကို ကယ်တင်ဖို့ ရည်ရွယ်ပြီး အနောက်ဘက်ကမ်း အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းတွေ လွတ်မြောက်ရေးရဲ့ ပျော်ရွှင်မှုကို ပျက်ပြားစေဖို့ ရည်ရွယ်တာလို့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။

“အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ဒေသက ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ဆန္ဒကို နှိမ်နင်းနေတဲ့ ရန်သူကို အနိုင်ယူဖို့နဲ့ ဒီရာဇ၀တ်မှုဆိုင်ရာ စစ်ဆင်ရေးကို ဟန့်တားဖို့ လိုအပ်သမျှ နည်းလမ်းပေါင်းစုံနဲ့ ရန်သူကို တိုက်ခိုက်ဟန့်တားကြဖို့ အနောက်ဘက်ကမ်းမှာ နေထိုင်သူတွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ တိုက်တွန်းထားပါတယ်။

အစ္စရေးစစ်တပ်ဟာ ပြီးခဲ့သောနှစ် သြဂုတ်လကနေ စက်တင်ဘာလအထိ အနောက်ဘက်ကမ်း မြောက်ပိုင်းမှာ ကြီးမားသော စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ရပါတယ်။

အနောက်ဘက်ကမ်းမှာ အစ္စရေးအခြေချနေထိုင်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အရှိန်အဟုန်မြင့်လာတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရုံးက စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာလည်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက လက်နက်မဲ့ ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ OHCHR က ပြောကြားခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ အစ္စရေးအခြေချနေထိုင်သူ အုပ်စုတွေဟာ ပါလက်စတိုင်းတွေ နေထိုင်ရာနေရာ အများအပြားကို တိုက်ခိုက်ခဲ့ပြီး နေအိမ်တွေနဲ့ မော်တော်ကားတွေကို မီးရှို့ခြင်း၊ လမ်းတွေကိုပိတ်ဆို့ခြင်း၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို တိုက်ခိုက်မှုဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာလည်း ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ လက်နက်ကိုင်အစ္စရေးအခြေချနေထိုင်သူ အများအပြားဟာ ကားတွေနဲ့ ဈေးဆိုင်တွေကို မီးရှို့ကာ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး နေအိမ်တွေကိုလည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် တိုက်ခိုက်သူတွေဟာ အနီးနားရှိ ပါလက်စတိုင်းတွေနေထိုင်တဲ့နေရာကို သွားရောက်ခဲ့ပြီး လယ်ထွန်စက်နှစ်စီးကို မီးရှို့၊ သီးနှံစိုက်ခင်းတွေကို ပျက်စီးကာ နေအိမ်တွေကိုလည်း ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

မကြာသေးမီနှစ်များအတွင်း တိုးမြင့်လာခဲ့တဲ့ အစ္စရေး အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာအသိုက်အဝန်းကလည်း ကာလရှည်ကြာ ရှုတ်ချခဲ့ပါတယ်။

အနောက်ဘက်ကမ်းမှာ ဂျူးတွေ အခြေချနေထိုင်မှုကို နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ရှုမြင်ကြပြီး ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး (ICJ) က ပြီးခဲ့တဲ့ ဇူလိုင်လက ဆုံးဖြတ်ခဲ့ပြီး အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်မှာ ဂျူးအခြေချနေထိုင်မှုတွေဟာ တရားမဝင်ဘူးလို့ သိရပါတယ်။

———————–

ဂါဇာမှာ အပစ်ရပ်ထားပြီးနောက် အစ္စရေးသည် အနောက်ဖက်ကမ်းသို့ ခြေဦးလှည့်လာခဲ့ရတဲ့အကြောင်းအရာ အကျဉ်းချုပ်

အနောက်ဘက်ကမ်းရှိ အစ္စရေးစစ်တပ်

+++++++++++++++++++

အစ္စရေးဟာ အနောက်ဘက်ကမ်းမှာ စစ်သွေးကြွအုပ်စုတွေကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်ကာ လမ်းတွေပိတ်ဆို့ပြီး လူတွေရဲ့ သွားလာမှုတွေကို ဖြတ်တောက်ခဲ့ပါတယ်။

ဂျင်နင်းဒုက္ခသည်စခန်းမှာ စစ်သွေးကြွအုပ်စုတွေနဲ့ အခြေခံအဆောက်အအုံတွေကို ချေမှုန်းဖို့ ရည်ရွယ်ပြီး “ သံတံတိုင်း” စစ်ဆင်ရေးလို့ အမည်ပေးထားပါတယ်။

လမ်းပိတ်ဆို့မှုတွေနဲ့ စစ်ဆေးရေးဂိတ်တွေဟာ အရပ်သားတွေရဲ့ အသက်အန္တရာယ်နဲ့ စားဝတ်နေရေးကို အနှောင့်အယှက်ဖြစ်စေပြီး လူပေါင်း ၂၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အပစ်အခတ်ရပ်စဲရေးရဲ့ အကျိုးသက်ရောက်မှု

+++++++++++++++++++++++++

ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲလိုက်တာကြောင့် အစ္စရေးဟာ ဟားမတ်စ်နဲ့ မဟာမိတ်အဖွဲ့တွေကို ပစ်မှတ်ထားပြီး အနောက်ဘက်ကမ်းကို စစ်ရေးအရ အာရုံပြောင်း လုပ်ဆောင်နိုင်ခွင့်ကို ရရှိစေခဲ့တာဖြစ်ပါတယ်။

စစ်ဆင်ရေးဟာ အနောက်ဘက်ကမ်းကို ဂါဇာ ဒါမှမဟုတ် လက်ဘနွန်တောင်ပိုင်းလို မဖြစ်စေဖို့ တားဆီးဖို့ ကြိုးပမ်းနေတာလို့ အစ္စရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းအာဏာပိုင်နှင့် စစ်သွေးကြွများ

++++++++++++++++++++++++

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဟာ စစ်သွေးကြွအုပ်စုတွေကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့အတွက် အစ္စရေးက ဝင်ရောက် စွက်ဖက်တာလို့ ဆိုပါတယ်။ အယ်ကွာဆာ အာဇာနည်တပ်ဖွဲ့ (Al Aqsa Martyrs’ Brigade) နဲ့ အစ္စလမ်မစ်ဂျီဟတ် (Islamic Jihad) တို့လို အဖွဲ့တွေဟာ ဂျန်နင်း တပ်ရင်း (“ Jenin Batalion” ) နာမည်အောက်မှာ လှုပ်ရှားနေကြတယ်လို့ အစ္စရေးဘက်က ပြောဆိုထားပါတယ်။

အခြေချနေထိုင်မှုနှင့် လက်ယာယိမ်းလွှမ်းမိုးမှု

++++++++++++++++++++++++

ပါလက်စတိုင်းတွေအပေါ် အစ္စရေးအခြေချနေထိုင်သူတွေက အကြမ်းဖက်မှုတွေ တိုးမြင့်လာခဲ့ပြီး ကုလသမဂ္ဂမှ မှတ်တမ်းတင်ထားတဲ့ ၂၀၂၄ ခုနှစ်မှာ ဖြစ်ရပ်ပေါင်း ၁၄၀၀ ကျော်ရှိခဲ့ပါတယ်။

ထရန့်ခေတ်မှာ ပေါ်လစီအားဖြင့် ထောက်ခံမှု ရရှိနေတဲ့ ခိုင်မာအားကောင်းတဲ့ လက်ယာစွန်း အစ္စရေး အာဏာပိုင်တွေဟာ အနောက်ဘက်ကမ်းကို အစ္စရေးနိုင်ငံတွင်း ထည့်သွင်းပေါင်းစည်းရေးနဲ့ အခြေချနေထိုင်မှု ချဲ့ထွင်ဖို့ တွန်းအားပေးလျက်ရှိပါတယ်။

အခြေချနေထိုင်သူတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းခြင်း အပါအဝင် အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲတွေဟာ ဒေသတွင်း လှုပ်ရှားမှုများကို လွှမ်းမိုးထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုများ

+++++++++++++++++++++++++++

အနောက်ဘက်ကမ်းရှိ အစ္စရေးရဲ့ နည်းဗျူဟာတွေကို နော်ဝေးနိုင်ငံဒုက္ခသည်ဆိုင်ရာကောင်စီ (NRC) လို အဖွဲ့အစည်းတွေက ဥပဒေမဲ့လုပ်ရပ်နဲ့၊ ပါလက်စတိုင်းသားတွေကို ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အရပ်သားတွေရဲ့ သွားလာလှုပ်ရှားမှုအပေါ် ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်မှုတွေ၊ မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမီနိုင်မှု မရှိတာနဲ့ အကြမ်းဖက်မှုတွေ တိုးပွားလာတာတွေကို ရင်ဆိုင်နေရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ