နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ရှမ်းမြောက်မှာ KIA နဲ့ TNLA တို့ နယ်မြေအငြင်းပွားနေကာ စစ်ရေးတင်းမာနေ

ဇန်နဝါရီလ (၂၇)ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဒေသတွေမှာ KIA နဲ့ TNLA တို့အကြား နယ်မြေအငြင်းပွားတာတွေနဲ့ပတ်သက်ပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။

“ သမိုင်းအစဉ်အလာအရဆိုရင်တော့ အခုနယ်မြေအငြင်းပွားနေတဲ့ ရှမ်းမြောက်က နေရာတွေက TNLA မပေါ်ခင်ကထဲက KIA အုပ်ချုပ်တဲ့နေရာတွေ၊ TNLA ကို ၂၀၁၁နောက်ပိုင်း KIA က ကူညီပေးပြီး တေယ်လှန်ရေးအဖွဲ့ဖြစ်လို့ မဟာမိတ်စည်းကို ဆက်ထိန်းထားတာ” လို့ ဆိုပါတယ်။

အခုအခါ နမ့်ဖတ်ကာအပါအဝင် KIA သိမ်းယူထားတဲ့ မူဆယ်ခရိုင်ရှိ နမ့်အွမ်၊ နမ့်ခမ်းမြို့နယ် မုံးဝီးနဲ့ မန်တုံမြို့နယ် ပန်ခါလေးဒေသထဲ နယ်မြေအငြင်းပွားနေကာ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ဒီလိုနယ်မြေအငြင်းပွားတာတွေကို သမိုင်းမှန်သိရှိသူတွေ၊ ဒေသခံရပ်မိရပ်ဖကိုယ်စားလှယ်တွေအပါအဝင် သက်ဆိုင်ရာအဖွဲ့တွေက တာဝန်ရှိသူတွေ အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ ပြောဆိုထားကြပါတယ်။

နောက်ပြီး ခေါင်းဆောင်အချို့ရဲ့ အားနည်းချက်ကြောင့် လက်နက်ကိုင်တပ်ဖွဲ့အကြား နယ်မြေအငြင်းပွားကာ စစ်ရေးတင်းမာတာကနေ အရပ်သားပြည်သူအကြား လူမျိုးရေးမုန်းတီးတာတွေ မပေါ်အောင် ဝိုင်းထိန်းဖို့ လေ့လာသုံးသပ်သူတွေက တိုက်တွန်းထားပါတယ်။

မနေ့က ညနေ (၅)နာရီအချိန်ကလဲ KIA ရဲ့ တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း(၈) ပန်ကနိုင်းတိုက်နယ် နားကောင်းရှိ ဂိတ်စခန်းကို TNLA က အင်အားအလုံးအရင်းနဲ့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

TNLA က KIA ရဲ့ ပန်ကနိုင်းတိုက်နယ်ရုံးကို ဖျက်ဆီးသိမ်းယူဖို့ ကြိုးပမ်းလာတာကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား တင်းမာမှုတွေရှိခဲ့တယ်လို့ KPDF အရာရှိတစ်ဦးက ပြောဆိုထားပါတယ်။

ဇန်နဝါရီလ (၂၃)ရက်နေ့က KIA နယ်မြေ တီးမားရွာအဝင်ဆိုင်းဘုတ်အနီး TNLA က နယ်မြေချဲ့ စခန်းဂိတ်တည်ဆောက်တာကြောင့် စစ်ရေးတင်းမာခဲ့သလို နမ့်ဖတ်ကာနဲ့ နမ့်အွမ်မှာ နှစ်ဖက်တင်းမာခဲ့ပြီး ရိုက်နှက်တာတွေအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“CRPH ကထောင်ချနိုင်သတဲ့လား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 21 Views
ငါ့လူ-သူ့လူ-ရွေးအပစ်ပေးတဲ့ခေတ်” ဒီအပတ်ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်းမှာ CRPHက ရွေးကောက်ပွဲဝင်မဲ့သူများကိုထောင်ချနိုင်ဖို့ ဥပဒေရေးဆွဲနေတယ်ဆိုတဲ့သတင်းကို ဆန်းစစ် ဝေဖန်မှုနဲ့ NUG ရဲ့တရားစီရင်‌ရေးမှာ သူ့လူကိုယ့်လူ ဘက်လိုက်မှုတွေကို 
မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 42 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန်
မြန်မာသတင်း

ပုလောမြို့မှာ တစညပါတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 39 Views
ဒီဇင်ဘာလ (၆)ရက်။ ပုလောမြို့ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဦးကြည်သန်းက စကစရွေးကောက်ပွဲကို ကူညီပေးနေတာ။ သူ့ကို ဖမ်းဆီးချိန် သေနတ်လုပြီး ပြန်ပစ်ဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 24 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုနှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 25 Views
ဒီဇင်ဘာလ (၆)ရက်။ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရွေး/ကော်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲက ရပ်/ကျေးစာရင်းဟာ ကချင်မှာ (၁၀၆)ခု၊ ကယားမှာ (၅၁)ခု၊
မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 23 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့
မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 31 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကေတုမတီလေဆိပ်ထဲကို “
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 38 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန်