နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နယ်မြေအငြင်းပွားတာကနေ လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်ခဲ့တဲ့ TNLA နဲ့ KIA တို့ရဲ့ရုပ်သံ လူမှုကွန်ရက်မှာ နာမည်ကြီးနေ

ဇန်နဝါရီလ (၂၈)ရက်။

ရှမ်းမြောက်ဒေသမှာ နယ်မြေအငြင်းပွားတာကို TNLA နဲ့ KIA နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်တွေက လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်တာပြုလုပ်တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီရုပ်သံဖိုင်ထဲ TNLA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးတို့ အပြန်အလှန် ထိုးကြိတ်နေပြီး ဘေးကနေ နှစ်ဖက်တပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေကြကာ လူမှုကွန်ရက်မှာလဲ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာပါ။

“ဒီနေ့ လူမှုကွန်ရက်ပေါ် တွေ့ရတာ KIA နဲ့ TNLA တပ်ဖွဲ့ဝင်တွေ လက်ဝှေ့ပွဲလို ထိုးကြိတ်ကြတာပေါ့၊ ဒါက နယ်မြေအငြင်းပွားတာကနေစဖြစ်တာလို့ သိရတယ်။ သေနတ်ကိုင်ထားတဲ့သူတွေက စိတ်လိုလက်ရ သေနတ်နဲ့မဖြေရှင်းဘဲ ဒီလို စိတ်ထိန်းနိုင်ပြီး လက်နက်အားမကိုးဘဲဖြေရှင်းတာပေါ့။ ဒါပေမယ့် တိုင်းရင်းသားအချင်းချင်း အချင်းများတာတော့ မကောင်းဘူး‌ပေါ။ အခုလို သွေးထွက်သံယိုမဟုတ်ဘဲ သေချာဆွေးနွေးဖြေရှင်းသင့်တဲ့ကိစ္စပါ”လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ မနေ့က နံနက်(၉)နာရီခွဲကနေ (၁၁)နာရီခွဲကြား TNLA တပ်ဖွဲ့ဝင်တွေက KIA တပ်စွဲထားတဲ့ ဝန်ဒန်ကောင်စခန်း(၂)ကို ပြောင်းရွှေ့ဖို့ အင်အားအလုံးအရင်းနဲ့ ဖိအားပေးတာ‌ကနေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် TNLA ဘက်က မုံဝီးရွာအနီးတဝိုက်က ပလောင်ပြည်သူတွေကို စုဆောင်းပြီး အင်အားထပ်ဖြည့်ကာ နေ့လယ်(၁)နာရီခွဲအချိန်မှာ မုံးဝီး ဒိန်ယွန်းရွာက တပ်ဖွဲ့ဝင်(၂)ဦး ထိုးကြိတ်ခဲ့ကြတာပါ။

“TNLA ဘက်က သူတို့ရှုံးရင် သူတို့တပ်ဖွဲ့တွေ ပိတ်ဆို့ထားတာကနေ ပြန်ဆုတ်ပေးမယ်ပေါ့။ အဲ့ဒီလိုကနေ ထိုးကြိတ်ကြတာ။ အဲ့ဒီပွဲမှာ TNLA ဘက်က ရှုံးသွားပေမယ့် သူတို့ပြောထားသလို ပြန်ဆုတ်တာမျိုး မရှိဘူး”လို့ KPDF အရာရှိတစ်ဦးက ဒေသတွင်းသတင်းကို ပြောဆိုထားပါတယ်။

အဲ့ဒီထိုးကြိတ်ပွဲမှာ TNLA တပ်ဖွဲ့ဝင် ဒဏ်ရာရပြီး ပွဲရပ်နားခဲ့ပေမယ့် တပ်အင်အား ပြန်ဆုတ်ခွာတာမျိုး မရှိတဲ့အပြင် ညနေပိုင်းမှာ မုံးဝီးကျေးရွာက KIA ရဲ့ ပန်ကနိုင်းတိုက်နယ်ရုံးကို အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ရန်စခဲ့တယ်လို့ သိရပါတယ်။

နယ်မြေအငြင်းပွားတဲ့ကိစ္စတွေကို နှစ်ဖက်တပ်ဖွဲ့တွေ။အနေနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ သမိုင်းသိသူတွေနဲ့ ရပ်မိရပ်ဖတွေကို ဖိတ်ကြားကာ အမြန်ဆုံးဆွေးနွေးအဖြေရှာဖို့ကိုလဲ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက အကြံပြုပြောဆိုထားပါတယ်။

အခုလို နှစ်ဖက်တပ်ဖွဲ့တွေအကြား နယ်မြေအငြင်းပွားတာကနေ စစ်ရေးတင်းမာလာပြီး တိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့အပေါ် ‌ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်နေကြရတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို