ဇန်နဝါရီလ (၂၈)ရက်။
ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က တောင်သာမြို့ရှိ ရွာတန်းရှည်ရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ-တောင်သာထံက သိရပါတယ်။
“ ဒီကနေ့ နံနက်(၁)နာရီခွဲလောက်က ရွာတန်းရှည်ရွာအနီးကို စက်တပ်လေထီးနဲ့ ဗုံးသီးချတာ (၃)နှစ်ကလေးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချခဲ့တာကြောင့် အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ (၃)နှစ်အရွယ် ကလေးငယ်နဲ့ (၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ပြသ်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တပ်လေထီးဟာ မိတ္ထီလာ ရှမ်းတဲကနေ တက်လာပြီး ရွာတန်းရှည်ရွာကို ဗုံးသီးကြဲချခဲ့ကာ ဒေသခံနေအိမ်တစ်လုံးလဲ ထိမှန်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ အခုရက်ပိုင်းထဲ တောင်သာမြို့နယ်ရှိ ကျေးရွာတွေကို စက်တပ်လေထီးနဲ့ ဗုံးကြဲနေတာကြောင့် ပြည်သူတွေ သတိထားဖို့နဲ့ ဗုံးခိုကျင်းတွေ တူးကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။