နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပျက်စီးနေတဲ့ ပသုံးလုံးကို လူထုရွေးချယ်တာနဲ့ ပြန်ဖွဲ့ဖို့ YDF ပြော

ဇန်နဝါရီလ (၂၉)ရက်။

ပျက်စီးနေတဲ့ ပသုံးလုံးအဖွဲ့တွေကို အချိန်မလွန်ခင် လူထုရွေးချယ်တာနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အချိန်ကျပြီလို့ ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။

YDF အနေနဲ့ ကျေးရွာ၊ မြို့နယ်အဆင့်ဆင့်မှာ အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းရာ အောက်ခြေကျေးရွာအဆင့်ကစပြီး ပြည်သူတွေ ယုံကြည်ရတဲ့ ရပ်ရွာခေါင်းဆောင်တွေကို အများသဘောဆန္ဒနဲ့ ယုံကြည်သူတွေကို ဒီမိုကရေစီနည်းအရ ရွေးချယ်ခန့်အပ်တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းစေတယ်လို့ ဆိုပါတယ်။

အဲ့ဒီကနေတဆင့် ကျေးရွာအုပ်စုခေါင်းဆောင်တွေရဲ့ ယုံကြည်မှုရှိသူတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ ဖွဲ့စည်းပေးတာကသာ အရည်အချင်းမရှိဘဲ အပေါ်ကချပေးတဲ့ မိုးကျရွှေကိုယ် အခွင့်အရေးသမားတွေကို ဖယ်ထုတ်နိုင်ပြီး အာဏာအလွဲသုံးစားကိုယ်ကျိုးရှာတာကို ရပ်တန့်နိုင်မယ်လို့ ဖော်ပြထားပါတယ်။

YDF အနေနဲ့ ပြည်သူတို့နဲ့ တသားထဲရပ်တည်ပြီး ပြည်သူ့ဆန္ဒနဲ့အညီ အုပ်ချုပ်ရေးအဖွဲ့တွေ ပေါ်ပေါက်လာဖို့ အကူအညီပေးသွားမှာဖြစ်ပြီး နယ်မြေဒေသအလိုက် ကာကွယ်ပေးရင်း ပြည်သူထောက်ခံတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပေါ်ပေါက်လာဖို့ နှိုးဆော်ထားပါတယ်။

အခုအခါ ဂန့်ဂေါနယ်ထဲရှိ ပသုံးလုံးတွေဟာ မြို့သိမ်းတိုက်ပွဲတွေ အကြောင်းပြပြီး ငွေကြေးခွဲတမ်းကောက်ခံတာတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပြုလုပ်နေကာ အချို့ကျေးရွာတွေမှာ အတင်းအဓမ္မ ငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

ဒီလိုလုပ်ဆောင်တာကို မြို့နယ် ပသုံးလုံးက ကောက်ခံပေမယ့် ဆက်သွယ်မေးမြန်းရာမှာတော့ ကျေးရွာပြည်သူရဲ့ သဘောဆန္ဒအလျောက် ကောက်ယူတာလို့ ဖြေဆိုခဲ့ပြီး အချင်းချင်း လက်ညှိုးထိုးလွှဲချတဲ့ဖြစ်ရပ်ဟာ ပြည်သူအတွက် နစ်နာစေတဲ့လုပ်ရပ်လို့ ရေးသားထားပါတယ်။

နောက်ပြီး YDF အနေနဲ့ ပြည်သူဆီကနေ ငွေကြေးခွဲတမ်း (ဆက်ကြေး) ကောက်ယူတာတွေ မရှိခဲ့သလို အဲ့ဒီလို ငွေကြေးခွဲတမ်းကောက်ခံတာတွေကိုလဲ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေ စစ်ဆေးဖော်ထုတ်အရေးယူပြီး ပြည်သူကို အသိပေးကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲတွေ ဆောင်ရွက်နေတဲ့ YDF အနေနဲ့ စစ်ရေးအရှိန်မြှင့်တင်ပြီး မကြာမီ တိုက်ပွဲဖော်ဆောင်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ စစ်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဖို့နဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်စုဆောင်းဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 18 Views
မတ်လ (၁၀)ရက်။ NUG အနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေဖို့အတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက
မြန်မာသတင်း

ထရမ့်အစိုးရ ရင်ဆိုင်နေရသော ဆိုးရွားသည့် ရွေးချယ်မှု- စီးပွားရေး ပျက်ကပ်လား သို့မဟုတ် ရေတပ် ပြိုကျမှုလား?

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ထရမ့်အစိုးရသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရေတပ်ဆိုင်ရာ
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က ညောင်လေးပင်မြို့ရှိ ကျေးရွာတွေကို စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 25 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကစယ်ဒိုမြို့ ဘန်းချောင်းရွာအုပ်စုမှာ ဗိုလ်စောအယ်ခွီး(ခ)ကော်လားဖိုး
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 30 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 26 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့