နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီက ပြည်သူ (၁၀၀)ခန့်ကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီး

ဇန်နဝါရီလ (၃၀)ရက်။

မနေ့က နံနက် (၉)နာရီခွဲအချိန်ကစပြီး ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ် ရပ်ကွက်တွေရှိ ပြည်သူ (၁၀၀)ခန့်ကို စစ်ကောင်စီက အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

“ မနေ့က နံနက်ပိုင်းကစပြီး ဇီးကုန်းမြို့ပေါ်က ရပ်ကွက်တွေကို ရဲကား(၃)စီး ဝတ်စုံပြည့် အင်အားအလုံးအရင်းနဲ့ရောက်လာတာ။ အဲ့ဒီရဲတွေက မြို့ပေါ်က စကစတပ်တွေ ပျုတွေနဲ့ပေါင်းပြီး လူငယ်တွေကို အတင်းအဓမ္မ လိုက်ဖမ်းတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ မြို့နယ်ရဲမှူးအပါအဝင် ယူနီဖောင်းအစုံ အင်အားအပြည့်ပါတဲ့ ရဲကား(၃)စီးနဲ့ ဇီးကုန်းမြို့ပေါ်ရှိ ရပ်ကွက်တွေနဲ့ နဂါးပေါ်ရွာနဲ့ ပုပ္ပါးရွာတို့က ပြည်သူ (၁၀၀)ခန့်ကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“ မနက် (၉)နာရီကျော်မှာ ဇီးကုန်းတစ်မြို့လုံး ရှုပ်ယှက်ခတ်နေတာ အင်အားအလုံးအရင်းနဲ့ပေါ်တာဆွဲတာ၊ အဲ့ဒါတင်မကဘူး၊ ဇီးကုန်းနဲ့ကပ်လျက်က နဂါးပေါ်နဲ့ ပုပ္ပါးရွာတွေဘက်မှာ ထပ်ဆွဲတာ ဘယ်ဆီကဘယ်နှစ်ယောက်ဆိုတာ အတိအကျမသိသေးပေမယ့်  ဖမ်းခံရတာ (၁၀၀)လောက်ရှိတယ်လို့ ပြောကြတယ်။ အစက ဇီးကုန်းသကြားစက်ခေါ်သွားတယ်၊ အဲ့ဒီကနေ ကား(၄)စီးနဲ့ ဇီးကုန်းဘက်ပြန်ခေါက်တယ်လို့သိရတော့ ကန့်ဘလူ (၆၀၀၆)ကို တန်းပို့မလားမသိဘူး၊ သားသမီးပါသွားတဲ့ မိဘတွေတော့ အရူးတပိုင်းဖြစ်နေတယ်၊ ပိုက်ဆံတတ်နိုင်တဲ့သူကတော့ ရွေးလို့ရမလားပေါ့ဗျာ၊ မတတ်နိုင်တဲ့သူကတော့ ဘာတတ်နိုင်မလဲ ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝက မရူးရုံတမယ်ပဲ” လို့ ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်ထဲ ပျူခေါင်းဆောင်ဝါသဝနဲ့ မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေကို ဇန်နဝါရီ (၁၅)ရက်နေ့ကစပြီး ကျေးရွာတချို့နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ အားတက်သရော လုပ်ဆောင်ခဲ့ကြပါသေးတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက် ဧည့်စာရင်းစစ်တာနဲ့ လမ်းသွားလမ်းလာ လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီးတာ (၂၃၀၀၀)နီးပါးအထိရှိခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 23 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 30 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 32 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 21 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 21 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ