နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဓါတ်အားထုတ်လုပ်တာ ကျဆင်းနေပြီး လျှပ်စစ်ဓါတ်အားလိုအပ်ချက် ပိုမိုမြင့်မားလာတယ်လို့ စစ်ကောင်စီပြော

ဇန်နဝါရီလ (၃၁)ရက်။

အခုအခါ ဓါတ်အားထုတ်လုပ်တာတွေ ကျဆင်းနေပြီး လျှပ်စစ်ဓါတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားနေတယ်လို့ စစ်ကောင်စီဝန်ကြီး တင်အောင်စန်းက မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုလို ဓါတ်အားထုတ်လုပ်တာတွေ ကျဆင်းရတဲ့ အကြောင်းအရင်းဟာ ရေအားလျှပ်စစ်နဲ့ အပူစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတွေထဲက အချို့ဓါတ်အားပေးစက်ရုံတွေ ဖျက်ဆီးခံရတာနဲ့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးတာလို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ပြည့်ဖြိးမြဲစွမ်းအင်(Renewable Energy)RE နဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံစီမံကိန်းတွေကို နေပြည်တော်မှာ (၄)ခု၊ မန္တလေးမှာ (၃)ခု၊ ပဲခူးမှာ (၁)ခုနဲ့ ရှမ်းမှာ (၁)ခု တည်ဆောက်နေကာ စုစုပေါင်း တပ်ဆင်အင်အား (၅၃၀)မဂ္ဂါဝပ်ရှိတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် Hybrid(Gas+Engine+Solar)စီမံကိန်းတွေအနေနဲ့ မန္တလေးမှာ တစ်ခုနဲ့ မကွေးမှာ တစ်ခု ဆောင်ရွက်နေပြီး တပ်ဆင်အင်အား (၄၉၆)မဂ္ဂါဝပ်ရှိသလို တည်ဆောက်နေတဲ့ ဆိုလာနဲ့ Hybrid စီမံကိန်းတွေရဲ့ စုစုပေါင်းတပ်ဆင်အင်အား (၁၀၂၆)မဂ္ဂါဝပ်ရှိတယ်လို့ သိရပါတယ်။

အခုလို တည်ဆောက်နေတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစီမံကိန်းစက်ရုံတွေနဲ့ Hybrid(Gas+Engine+Solar)စီမံကိန်းတွေရဲ့ လုပ်ငန်းတိုးတက်စေဖို့ကိုလဲ ကြိုးပမ်းဆောင်ရွက်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

အခုအခါ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးတို့မှာ စစ်ကောင်စီဟာ လျှပ်စစ်မီးကို ပြည့်ပြည့်ဝဝ မပေးနိုင်တော့တဲ့အပြင် အလှည့်ကျ အချိန်ပိုင်းစနစ်နဲ့သာ ဖြန့်ဝေပေးနိုင်တော့ကာ ရန်ကုန်မှာ တစ်ရက်(၈)နာရီကို (၄)နာရီ (၂)ကြိမ်ခွဲပြီး လျှပ်စစ်မီး ဖြန့်ဝေပေးနေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 28 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 27 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က
မြန်မာသတင်း

ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 20 Views
ဒီဇင်ဘာလ (၂၄)ရက်။ ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ နံနက်ပိုင်းကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စခစစ်ကြောင်းနဲ့
မြန်မာသတင်း

NUG ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို သင်ခန်းစာယူဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 22 Views
ဒီဇင်ဘာလ (၂၄)ရက်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့ NUG ရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာယူဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကို အထူးတိုက်တွန်းလိုတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှုတွေနဲ့
မြန်မာသတင်း

အောက်တွင်ဖော်ပြထားသောဆောင်းပါးမှာ ချင်းမိုင်တက္ကသိုလ်၊ နယ်စပ်လုံခြုံရေးရာစီမံကိန်း (Border Security Affairs Project) မှ တင်ပြထားသည့် သဘောထားအမြင်ဆောင်းပါး၏ မြန်မာဘာသာ ပြန်ဖြစ် ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 19 Views
မြန်မာနိုင်ငံ၏ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ ရလဒ်အပေါ် ထိုင်းနိုင်ငံ၏ လုံခြုံရေး အဘယ်ကြောင့် မူတည်နေသနည်း The Nation –၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ သောကြာနေ့ စစ်ဘေးရှောင်များအတွက် ကုန်ကျစရိတ်။- ရွေးကောက်ပွဲရလဒ်သည်
မြန်မာသတင်း

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 31 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဂူဝါဟာတီ၊ အိန္ဒိယနိုင်ငံ (AP) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် စနေနေ့အစောပိုင်းက ရထားသံလမ်းကို ဖြတ်ကူးနေသည့် ဆင်အုပ်အား အရှိန်ပြင်းစွာ မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စီးက တိုက်မိခဲ့ရာ
မြန်မာသတင်း

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 41 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှည်းကူး ကျောက်အိုင်ရွာ က အုပ်ချုပ်ရေးမှူးရုံးမှာ စခလက်ပါးစေ အုပ်ကြီးနဲ့