နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဓါတ်အားထုတ်လုပ်တာ ကျဆင်းနေပြီး လျှပ်စစ်ဓါတ်အားလိုအပ်ချက် ပိုမိုမြင့်မားလာတယ်လို့ စစ်ကောင်စီပြော

ဇန်နဝါရီလ (၃၁)ရက်။

အခုအခါ ဓါတ်အားထုတ်လုပ်တာတွေ ကျဆင်းနေပြီး လျှပ်စစ်ဓါတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားနေတယ်လို့ စစ်ကောင်စီဝန်ကြီး တင်အောင်စန်းက မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုလို ဓါတ်အားထုတ်လုပ်တာတွေ ကျဆင်းရတဲ့ အကြောင်းအရင်းဟာ ရေအားလျှပ်စစ်နဲ့ အပူစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတွေထဲက အချို့ဓါတ်အားပေးစက်ရုံတွေ ဖျက်ဆီးခံရတာနဲ့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးတာလို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ပြည့်ဖြိးမြဲစွမ်းအင်(Renewable Energy)RE နဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံစီမံကိန်းတွေကို နေပြည်တော်မှာ (၄)ခု၊ မန္တလေးမှာ (၃)ခု၊ ပဲခူးမှာ (၁)ခုနဲ့ ရှမ်းမှာ (၁)ခု တည်ဆောက်နေကာ စုစုပေါင်း တပ်ဆင်အင်အား (၅၃၀)မဂ္ဂါဝပ်ရှိတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် Hybrid(Gas+Engine+Solar)စီမံကိန်းတွေအနေနဲ့ မန္တလေးမှာ တစ်ခုနဲ့ မကွေးမှာ တစ်ခု ဆောင်ရွက်နေပြီး တပ်ဆင်အင်အား (၄၉၆)မဂ္ဂါဝပ်ရှိသလို တည်ဆောက်နေတဲ့ ဆိုလာနဲ့ Hybrid စီမံကိန်းတွေရဲ့ စုစုပေါင်းတပ်ဆင်အင်အား (၁၀၂၆)မဂ္ဂါဝပ်ရှိတယ်လို့ သိရပါတယ်။

အခုလို တည်ဆောက်နေတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစီမံကိန်းစက်ရုံတွေနဲ့ Hybrid(Gas+Engine+Solar)စီမံကိန်းတွေရဲ့ လုပ်ငန်းတိုးတက်စေဖို့ကိုလဲ ကြိုးပမ်းဆောင်ရွက်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

အခုအခါ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးတို့မှာ စစ်ကောင်စီဟာ လျှပ်စစ်မီးကို ပြည့်ပြည့်ဝဝ မပေးနိုင်တော့တဲ့အပြင် အလှည့်ကျ အချိန်ပိုင်းစနစ်နဲ့သာ ဖြန့်ဝေပေးနိုင်တော့ကာ ရန်ကုန်မှာ တစ်ရက်(၈)နာရီကို (၄)နာရီ (၂)ကြိမ်ခွဲပြီး လျှပ်စစ်မီး ဖြန့်ဝေပေးနေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance) အဖြစ် တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းအပေါ်သဘောထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 21 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ဒီဇင်ဘာလ ၁၅ရက်နေ့ကြေငြာချက်ဖြင့် ‌ပြည်သူအများက မျှော်လင့်နေကြသော တော်လှန်ရေး အဖွဲ့အစည်း (၁၉)
မြန်မာသတင်း

တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ NUG ကို ကိုရီယားရောက်မြန်မာတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 37 Views
ဒီဇင်ဘာလ (၁၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဘူဖျောင်းခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုရီးယားရောက်မြန်မာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့
မြန်မာသတင်း

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အကြီးအကျယ် တိုးချဲ့မှုအဖြစ် အစ္စရေးလ်က အခြေချနေထိုင်မှု စခန်းငယ် ၁၉ ခုကို အတည်ပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 27 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလ် အခြေချနေထိုင်မှုများကို အကြီးအကျယ် ထပ်မံတိုးချဲ့သည့်အနေဖြင့်၊ အစ္စရေးလ်အစိုးရ အဖွဲ့သည် ကြာသပတေးနေ့တွင် အခြေချနေထိုင်သည့် စခန်းငယ်
မြန်မာသတင်း

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦးမိုးဇော်ဦးကို NUG ပြန်လည်ခန့်အပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၅)ရက်။ NUG က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦး‌မိုးဇော်ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို ခန့်အပ်တာဝန်ပေးတာဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမိုးဇော်ဦးဟာ NUG
မြန်မာသတင်း

အပြင်းထန်ဆုံး စစ်ရာဇဝတ်မှုအနေနဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့တဲ့ စစ်ခေါင်းဆောင်က ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီးပြောပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၅)ရက်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ မတည်ရန်ပုံငွေကနေ ထောက်ပံ့ငွေကျပ်
မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဆိုပြီး စစ်ကော်မရှင် သတ်မှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 26 Views
ဒီဇင်ဘာလ (၁၅)ရက်။ အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုပြီး သတ်မှတ်ထားတယ်လို့ စစ်ကော်မရှင်ရဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ရန်ကုန်ရှိ MRTV မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီအွန်လိုင်းလိမ်လည်မှုက နိုင်ငံလုံခြုံရေးကို
မြန်မာသတင်း

”မြောက်ဦးမှာဗုံးတွေကြဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 34 Views
NUG ကဘုံးနေဆဲ ငြိမ်းချမ်းရေးကဘယ်မှာလဲ?” ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်းဟာအခုဆိုရင် (၂၅)ခုမြောက်ရှိလာပါပြီ၊ ဒီအပတ်မှာတော့ စစ်အုပ်စုရဲ့လူမဆန်တဲ့ မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးပြောကြားမှာဖြစ်သလို NUG ရဲ့ အစိုးရပြုပြင် ပြောင်းလဲရေး ဟန်ပြလုပ်ရပ်မှာ စာရင်းစစ်ချုပ် ယခုထက်ထိ မခန့်အပ်နိုင်သေးတာဟာ ဆက်ပြီးတော်လှန်ရေးရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်နိုင်ဖို့လားဆိုသလိုဖြစ်နေပြီး စစ်အနိုင်
မြန်မာသတင်း

မြောက်ဦးဆေးရုံကို စစ်စခန်းအနေနဲ့ အသုံးပြုတာကြောင့် တိုက်ခိုက်တာဆိုပြီး စစ်တပ် လိမ်လည်သတင်းထုတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 44 Views
ဒီဇင်ဘာလ (၁၃)ရက်။ မြောက်ဦးပြည်သူ့ဆေးရုံကို AA နဲ့ PDF တွေက စစ်စခန်းအနေနဲ့ အသုံးပြုနေတာကြောင့် တိုက်ခိုက်ခဲ့တာဆိုပြီး စစ်တပ်က ဒီကနေ့ထုတ်သတင်းစာကနေ လိမ်လည်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ မြောက်ဦးဒေသကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ခဲ့တာကြောင့် အဲ့ဒီဆေးရုံဟာ