ဇန်နဝါရီလ (၃၁)ရက်။
ဒီကနေ့ နံနက်(၁၂)နာရီ (၁၅)မိနစ်အချိန်က စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ စဉ့်ကူးမြို့နဲ့ အနီးဝန်းကျင်က တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ အလှမ်းကွာတဲ့နေရာတစ်ခုပါ။ အခု မြို့ပေါ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက အကြောင်းမဲ့သက်သက် တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
အခုလိုတိုက်ခိုက်တာဟာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အများပြည်သူနဲ့သက်ဆိုင်တဲ့ မြို့နယ်ပြည်သူ့ဆေးရုံကို အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဆေးရုံအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တာကို တွေ့ရှိရပေမယ့် အသေးစိတ်ကိုတော့ ထည့်သွင်းရေးသားထားတာ မရှိသေးပါဘူး။
စစ်ကောင်စီဟာ အခုရက်ပိုင်းထဲ ပြည်သူ့ဆေးရုံတွေကို ဦးတည်တိုက်ခိုက်နေတာကို တွေ့ရှိရပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ ပြောဆိုထားချက်အရ သိရပါတယ်။