နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ် မတရားအာဏာသိမ်းတာ (၄)နှစ်ပြည့်တဲ့နေ့ အာဏာရှင်ဆန့်ကျင်တဲ့လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

ဖေဖော်ဝါရီလ (၁)ရက်။

ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာ စစ်တပ် မတရားအာဏာသိမ်းတာ (၄)နှစ်ပြည့်တဲ့နေ့မှာ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။

စစ်တပ် နိုင်ငံအာဏာကို မတရားသိမ်းယူခဲ့တာ (၄)နှစ်ပြည့်တဲ့နေ့မှာ “ အထွေထွေဖိနှိပ်မှုကို အံတုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားနဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဓါတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး ပြည်သူတွေဟာ နေ့တိုင်း ရှင်သန်နေထိုင်တာတွေအတွက်ပါ ရတက်မအေးဖြစ်ခဲ့ရပြီး ကိုယ်၊စိတ် မလုံခြုံတာ၊ ကြပ်တည်းမှု၊ ဖိနှိပ်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာလဲ ပြည်သူတရပ်လုံးအပေါ် ရိုက်ခတ်နေတဲ့ စစ်မှုထမ်းဥပဒေ၊ အဓမ္မစစ်သားစုဆောင်းတာ၊ ပေါ်တာဆွဲတာ စတဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် စိုးရိမ်စိတ်အပြည့်နဲ့ နေ့ရက်တွေကို ဆက်လက်ဖြတ်သန်းနေရတယ်လို့ ရေးသားထားပါတယ်။

ဒီလိုအခြေအနေတွေက လွတ်မြောက်ဖို့အတွက် အထွေထွေဖိနှိပ်တာတွေကို အံတုရင်း ဘုံရန်သူဖြစ်တဲ့ ဖက်ဆစ်ကောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ထုတ်တဲ့နည်းနဲ့သာ ရနိုင်မယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အတူသွေးစည်းညီညွတ်စွာနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ ရရာနေရာကနေ တော်လှန်ရေးမှာပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာဏာသိမ်း (၄)နှစ်ထဲ ပြည်သူ (၈၀၀)ကျော်ရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁)ရက်။ စစ်တပ်အာဏာသိမ်း (၄)နှစ်တာထဲ ပြည်သူ (၈၃၉)ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံခဲ့ရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၁၀၂၁)ခုရှိခဲ့တယ်လို့ NLD ရဲ့ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအပတ်စဉ်(၇) သင်တန်းဆင်းပွဲတွေပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁)ရက်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၇) သင်တန်းဆင်းပွဲကို မနေ့က နံနက်ပိုင်းအချိန် တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ သားဖြစ်သူ ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိဖို့ သားဖြစ်သူ ကင်မ်အဲရစ်က ဒီကနေ့ ယူကေရှိ စစ်ကောင်စီသံရုံးကို သွားရောက်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ယူကေရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကို သားဖြစ်သူ
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ PDF တို့ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ PDF တို့ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုလို PDF နဲ့ပေါင်းပြီး KIA က တရုတ်-မြန်မာနယ်စပ်ဒေသအပါအဝင် ဗန်းမော်၊ စစ်ကိုင်းအထက်ပိုင်းနဲ့
မြန်မာသတင်း

မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ခဲ့တာတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ EU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁)ရက်။ မြန်မာစစ်တပ်ရဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး လုပ်ဆောင်ခဲ့တာတွေကို ပြင်းထန်စွာ ရှုတ်ချပြီး အကြမ်းဖက်တာတွေ အားလုံးရပ်တန့်ဖို့ EU က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြန်မာမှာ စစ်တပ်အာဏာသိမ်းတာ (၄)နှစ်မြောက်‌တဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီ ဝန်ကြီးများ အပြောင်းအလဲ ပြုလုပ်ဇန်နဝါရီလ (၃၁) ရက်။

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 13 Views
ဇန်နဝါရီလ (၃၁) ရက်။ စစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရလို့ဆိုပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်နဲ့ ပြည်ထဲရေးဝန်ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တယ်လို့ ဒီနေ့ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ အမိန့်အမှတ် (၉/၂၀၂၅)
မြန်မာသတင်း

မြိုင်မြို့အနောက်ပိုင်းရှိ NUG ရဲ့ အောင်ဆန်းတက္ကသိုလ် လေကြောင်းတိုက်ခိုက်ခံရ၊ CDM ကျောင်းသူတစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 14 Views
ဇန်နဝါရီလ (၃၁)ရက်။ ဇန်နဝါရီလ (၃၀)ရက်နေ့ နံနက် (၁)နာရီအချိန်က မြိုင်မြို့နယ်အနောက်ပိုင်းရှိ NUG ရဲ့ အောင်ဆန်းတက္ကသိုလ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇန်နဝါရီ(၃၀)ရက် မနက်အစောပိုင်း (၁)နာရီလောက်မှာ
မြန်မာသတင်း

စဉ့်ကူးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 10 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒီကနေ့ နံနက်(၁၂)နာရီ (၁၅)မိနစ်အချိန်က စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ စဉ့်ကူးမြို့နဲ့ အနီးဝန်းကျင်က တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ အလှမ်းကွာတဲ့နေရာတစ်ခုပါ။ အခု မြို့ပေါ်က