နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘောလခဲမြို့ လေကြောင်းဗုံးကြဲခံရပြီး ဒေသခံတစ်ဦး သေဆုံးခဲ့

ဖေဖေယ်ဝါရီလ (၁)ရက်။

မနေ့က နေ့လယ် (၁)နာရီခန့်က ဘောလခဲမြို့နယ်ရှိ ချိကွဲ့ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ ချိကွဲ့ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပေါင်(၅၀၀)ဗုံးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အသက်(၅၀)ဝန်းကျင်ရှိ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ချိကွဲ့ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာ အသက်(၅၀)ဝန်းကျင်ရှိ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့တရက်ထဲ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ချိကွဲ့ရွာကို လေကြောင်းအသုံးပြုပြီး (၃)ကြိမ်တိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ် (၁၀)လုံးထက်မနည်း ထိခိုက်ဆုံးရှုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ချိကွဲ့ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့ဟာ ကျေးရွာထဲမှာပဲ ဆက်လက်နေထိုင်နေကြတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လဲ စစ်ကောင်စီရဲ့ နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်တာတွေကို ကြိုတင်ကာကွယ်ဖို့ စစ်ရေးအသိ၊ စစ်ရေးသတိရှိကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ (၁)နှစ်တာထဲ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်တာတွေကြောင့် အရပ်သား (၁၀၆)ဦး သေဆုံးခဲ့ပြီး (၅၀၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘီးလင်းမြို့ရှိ စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီအချိန်က ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNDO နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့
မြန်မာသတင်း

တလတာထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ရဲ (၁၃၀)ကျော် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ရဲ (၁၃၆)ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

အာဏာသိမ်း (၄)နှစ်ထဲ ပြည်သူ (၈၀၀)ကျော်ရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၁)ရက်။ စစ်တပ်အာဏာသိမ်း (၄)နှစ်တာထဲ ပြည်သူ (၈၃၉)ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံခဲ့ရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၁၀၂၁)ခုရှိခဲ့တယ်လို့ NLD ရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခဲ့တဲ့အထဲ NLD လွှတ်တော်ကိုယ်စားလှယ် (၁၉၉)ဦးနဲ့ ပါတီဝင်
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအပတ်စဉ်(၇) သင်တန်းဆင်းပွဲတွေပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁)ရက်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၇) သင်တန်းဆင်းပွဲကို မနေ့က နံနက်ပိုင်းအချိန် တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၇)ကို စစ်ကောင်စီက ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ သားဖြစ်သူ ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိဖို့ သားဖြစ်သူ ကင်မ်အဲရစ်က ဒီကနေ့ ယူကေရှိ စစ်ကောင်စီသံရုံးကို သွားရောက်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ယူကေရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကို သားဖြစ်သူ
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ PDF တို့ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ PDF တို့ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုလို PDF နဲ့ပေါင်းပြီး KIA က တရုတ်-မြန်မာနယ်စပ်ဒေသအပါအဝင် ဗန်းမော်၊ စစ်ကိုင်းအထက်ပိုင်းနဲ့
မြန်မာသတင်း

မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ခဲ့တာတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ EU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁)ရက်။ မြန်မာစစ်တပ်ရဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး လုပ်ဆောင်ခဲ့တာတွေကို ပြင်းထန်စွာ ရှုတ်ချပြီး အကြမ်းဖက်တာတွေ အားလုံးရပ်တန့်ဖို့ EU က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြန်မာမှာ စစ်တပ်အာဏာသိမ်းတာ (၄)နှစ်မြောက်‌တဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ် မတရားအာဏာသိမ်းတာ (၄)နှစ်ပြည့်တဲ့နေ့ အာဏာရှင်ဆန့်ကျင်တဲ့လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာ စစ်တပ် မတရားအာဏာသိမ်းတာ (၄)နှစ်ပြည့်တဲ့နေ့မှာ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။ စစ်တပ် နိုင်ငံအာဏာကို မတရားသိမ်းယူခဲ့တာ (၄)နှစ်ပြည့်တဲ့နေ့မှာ “ အထွေထွေဖိနှိပ်မှုကို အံတုကြ၊