နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘီးလင်းမြို့ရှိ စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်ခဲ့

ဖေဖော်ဝါရီလ (၁)ရက်။

ဒီကနေ့ နံနက် (၁၁)နာရီအချိန်က ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNDO နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

“ မဲပလီစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ အကုန်လုံးလဲ ရှင်းလင်းပြီးပါပြီ။ လက်နက်ကြီး၊ လက်နက်ငယ်တွေ အစုံရတယ်။ ဗိူလ်မှူးအဆင့်အပါအဝင် (၂၀)ကျော်ကို ဖမ်းမိထားတယ်” လို့ KNU ဘက်က အတည်ပြုပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ မဲပလီစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁)ရက်နေ့ကစပြီး KNDO ဦးဆောင်ကာ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်လအကြာမှာပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

အခုအခါ မဲပလီစခန်းကို နယ်မြေရှင်းလင်းတာတွေ ပြုလုပ်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ သိမ်းဆည်းရမိခဲ့ကာ အသေးစိတ်ကိုတော့ မသိရသေးဘဲ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် (၂)ဦးအပါအဝင် (၂၀)ကျော် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲ စတင်ခဲ့တဲ့အချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ အပြင်းအထန် လုပ်ဆောင်ခဲ့တာကြောင့် အနီးရှိ အရပ်သားနေအိမ် (၆)လုံးခန့် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး စခန်းသိမ်းတိုက်ပွဲကြောင့် မဲပလီခီးကျေးရွာအုပ်စုနဲ့ အစူးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၁၂)ရွာက ဒေသခံ (၂၀၀၀)ကျော် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရကာ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။

အခုလို စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကြီးကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် BPLA ကလဲ အတည်ပြုထားကာ စစ်တပ်အာဏာသိမ်းတဲ့ (၄)နှစ်ပြည့်တဲ့နေ့မှာ ပြည်သူထံ လက်ဆောင်အနေနဲ့ ပေးလိုက်တာလို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရှမ်းတောင်တပ်ရင်းက MOD အောက်ကနေ နှုတ်ထွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂)ရက်။ အမှတ်(၁၀၀၈) တပ်ရင်းရှမ်းတောင်(SSRY)အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နှုတ်ထွက်ခဲ့ပြီဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SSRY အနေနဲ့
မြန်မာသတင်း

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို သူရဘွဲ့ချီးမြှင့်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၂)ရက်။ ကရင့်တော်လှန်ရေးနေ့အခမ်းအနားမှာ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို သူရဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

တလတာတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ကျော်သေဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၂)ရက်။ ပြီးခဲ့တဲ့တလတာထဲ လွိုင်ကော်၊ ဘောလခဲနဲ့ ဖားဆောင်းအပြင် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲနဲ့ ဆီဆိုင်တို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွိုင်ကော်မြို့မှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေနဲ့
မြန်မာသတင်း

ရေးမြို့မရဲစခန်းရှိ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေ တိုက်ခိုက်ထွက်ပြေး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၂)ရက်။ မနေ့က နံနက်(၉)နာရီအချိန်က ‌မွန်ပြည်နယ် ရေးမြို့မရဲစခန်းမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေက တိုက်ခိုက်ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ ရေးမြို့မရဲစခန်းမှာ မတရားနိုင်ငံရေးပုဒ်မခေါင်းစဉ်တပ်ခံထားရတဲ့ အချုပ်သားတွေက အချုပ်ခန်းထမင်းပုံးပို့ချိန်အချုပ်တံခါးကိုဆွဲဖွင့်ပြီး အချုပ်စောင့်ရဲတွေနဲ့ ပြန်လည်တိုက်ခိုက်ထွက်ပြေးခဲ့တာ” လို့
မြန်မာသတင်း

ဘောလခဲမြို့ လေကြောင်းဗုံးကြဲခံရပြီး ဒေသခံတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 7 Views
ဖေဖေယ်ဝါရီလ (၁)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ဘောလခဲမြို့နယ်ရှိ ချိကွဲ့ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ချိကွဲ့ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပေါင်(၅၀၀)ဗုံးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အသက်(၅၀)ဝန်းကျင်ရှိ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်”
မြန်မာသတင်း

တလတာထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ရဲ (၁၃၀)ကျော် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ရဲ (၁၃၆)ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဘက်က အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားနဲ့ရဲ (၁၃၆)ဦးဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို
မြန်မာသတင်း

အာဏာသိမ်း (၄)နှစ်ထဲ ပြည်သူ (၈၀၀)ကျော်ရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၁)ရက်။ စစ်တပ်အာဏာသိမ်း (၄)နှစ်တာထဲ ပြည်သူ (၈၃၉)ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံခဲ့ရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၁၀၂၁)ခုရှိခဲ့တယ်လို့ NLD ရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခဲ့တဲ့အထဲ NLD လွှတ်တော်ကိုယ်စားလှယ် (၁၉၉)ဦးနဲ့ ပါတီဝင်
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအပတ်စဉ်(၇) သင်တန်းဆင်းပွဲတွေပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁)ရက်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၇) သင်တန်းဆင်းပွဲကို မနေ့က နံနက်ပိုင်းအချိန် တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၇)ကို စစ်ကောင်စီက ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက်