နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်း အစ္စရေးစစ်ဆင်ရေးမှာ အနည်းဆုံး ပါလက်စတိုင်း အနည်းဆုံး ၅၀ သေဆုံး

ဖေဖော်ဝါရီလ (၃) ရက်။

ဇန်နဝါရီကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားရှင်းလင်းသည့် စစ်ဆင်ရေးကြီးမှာ အနည်းဆုံး ပါလက်စတိုင်း ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ပါလက်စတိုင်းတို့ကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အရပ်သားအများအပြား သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အစ္စရေးလ် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ၀န်ကြီးချုပ် နေတန်ယာဟုဟာ အမေရိကန်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲရေး ဆက်လက်လုပ်ဆောင်ဖို့နဲ့ အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးတို့ကို ဆွေးနွေးဖို့ သမ္မတထရန့်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အစ္စရေးစစ်တပ်ဟာ အနောက်ဘက်ကမ်းက ဂျနင်းဒုက္ခသည်စခန်းမှာ ရှိတဲ့ အဆောက်အဦ ၂၃ လုံးကို အကြမ်းဖက်သမားတွေရဲ့ အခြေစိုက်စခန်းလို့ ကြွေးကြော်ကာ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ပါလက်စတိုင်းသတင်းအေဂျင်စီရဲ့အဆိုအရ ဒုက္ခသည်စခန်းရှိ အဆောက်အအုံတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားပြီး ဖောက်ခွဲရေးပစ္စည်းတွေကို တစ်ပြိုင်နက်တည်း ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

ဗီဒီယိုထဲမှာတော့ ဒုက္ခသည်စခန်းအတွင်း ပေါက်ကွဲမှုများစွာကို တပြိုင်နက်တည်း ဖြစ်ပွားနေတာကို တွေ့ရတယ်။ ထူထပ်တဲ့မီးခိုးငွေ့တွေလည်း ကောင်းကင်ယံမှာ ပျံ့လွင့်နေပါတယ်။

အနောက်ဘက်ကမ်းမှာ အစ္စရေးရဲ့ စစ်ရေးဆောင်ရွက်မှုကို တုံ့ပြန်ရန်အတွက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ မိုဟာမက် အာဘတ်စ် (Mahmoud Abbas) က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ အီဂျစ်မီဒီယာတွေရဲ့ အဆိုအရ ဂါဇာကမ်းမြောင်တောင်ဘက်စွန်းရှိ ရာဖာစစ်ဆေးရေးဂိတ်မှာ ဒဏ်ရာရရှိသူတွေနဲ့ ဖျားနာနေသူတွေကို အီဂျစ်နိုင်ငံကို ဆက်လက်ရွှေ့ပြောင်းဖို့ ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်။ ကျိုဒိုသတင်း၊ ရိုက်တာ။

ဓာတ်ပုံ။

အနောက်ဘက်ကမ်းရှိ ဂျနင်းတွင် အစ္စရေးတပ်ဖွဲ့များက အဆောက်အအုံ ၂၃ ခုကို ဖောက်ခွဲဖျက်စီးစဉ် (Reuters/Kyodo News)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 44 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက် သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ဝင်ဆာရဲတိုက်ကြီးသို့
နိုင်ငံတကာသတင်း ရုရှား အမေရိကန် ဥရောပ

မော်စကို၏ ကျူးကျော်မှုများကြောင့် နေတိုးမဟာမိတ်များ ဖိအားခံစားနေရချိန်တွင် အမေရိကန်က ဘီလာရုစ်-ရုရှား စစ်ရေးလေ့ကျင့်မှုကို လေ့လာစောင့်ကြည့်နေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 102 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၇ရက် ဘိုရီဆော့ဗ်စကီး စစ်ရေးလေ့ကျင့်ရေးကွင်း၊ ဘီလာရုစ် —ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာမှုကြောင့် တင်းမာနေပြီး ဖြစ်သော အခြေအနေတွင် အမေရိကန်၏ ဥရောပရှိ နေတိုးမဟာမိတ်များသည် မော်စကို၏ ဖိအားပေးမှုကို ခံစားနေရကာ စိုးရိမ်ပူပန်မှုများ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နေတိုးမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရန့် စာပို့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 171 Views
CNN သတင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ယခု စနေနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်သည် နေတိုးမဟာမိတ်များကို ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အကယ်၍ ၎င်းတို့အားလုံးက သဘောတူပြီး ရုရှားမှ ရေနံဝယ်ယူခြင်းကို ရပ်ဆိုင်းလိုက်မှသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံများအတွက် မြေပြင်စစ်ဆင်ရေးအန္တရာယ်ကို ဆွေးနွေးရန် အစိုးရအဖွဲ့ အစည်းအဝေး မကျင်းပမီ ဂါဇာစီးတီးရှိ အထပ်မြင့်အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 172 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၄ရက် အစ္စရေးစစ်တပ်သည် ဂါဇာစီးတီးရှိ ရပ်ကွက်များစွာကို လူများထွက်ခွာရန် သတိပေးပြီးနောက် ယခုတနင်္ဂနွေနေ့တွင် အထပ်မြင့်အဆောက်အအုံများစွာကို တိုက်ခိုက်ခဲ့သည်။ ၎င်းသည် အစ္စရေးက မြို့ကို လုံးဝပြောင်းရွှေ့ရန် အမိန့်ပေးပြီးနောက် နောက်ဆုံးအကြိမ် ဖျက်ဆီးမှုဖြစ်သည်။ဂါဇာစီးတီးအပေါ် အစ္စရေး၏ တိုက်ခိုက်မှုသည်
နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 271 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 287 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 297 Views
သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု