နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်း အစ္စရေးစစ်ဆင်ရေးမှာ အနည်းဆုံး ပါလက်စတိုင်း အနည်းဆုံး ၅၀ သေဆုံး

ဖေဖော်ဝါရီလ (၃) ရက်။

ဇန်နဝါရီကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားရှင်းလင်းသည့် စစ်ဆင်ရေးကြီးမှာ အနည်းဆုံး ပါလက်စတိုင်း ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ပါလက်စတိုင်းတို့ကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အရပ်သားအများအပြား သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အစ္စရေးလ် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ၀န်ကြီးချုပ် နေတန်ယာဟုဟာ အမေရိကန်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲရေး ဆက်လက်လုပ်ဆောင်ဖို့နဲ့ အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးတို့ကို ဆွေးနွေးဖို့ သမ္မတထရန့်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အစ္စရေးစစ်တပ်ဟာ အနောက်ဘက်ကမ်းက ဂျနင်းဒုက္ခသည်စခန်းမှာ ရှိတဲ့ အဆောက်အဦ ၂၃ လုံးကို အကြမ်းဖက်သမားတွေရဲ့ အခြေစိုက်စခန်းလို့ ကြွေးကြော်ကာ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ပါလက်စတိုင်းသတင်းအေဂျင်စီရဲ့အဆိုအရ ဒုက္ခသည်စခန်းရှိ အဆောက်အအုံတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားပြီး ဖောက်ခွဲရေးပစ္စည်းတွေကို တစ်ပြိုင်နက်တည်း ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

ဗီဒီယိုထဲမှာတော့ ဒုက္ခသည်စခန်းအတွင်း ပေါက်ကွဲမှုများစွာကို တပြိုင်နက်တည်း ဖြစ်ပွားနေတာကို တွေ့ရတယ်။ ထူထပ်တဲ့မီးခိုးငွေ့တွေလည်း ကောင်းကင်ယံမှာ ပျံ့လွင့်နေပါတယ်။

အနောက်ဘက်ကမ်းမှာ အစ္စရေးရဲ့ စစ်ရေးဆောင်ရွက်မှုကို တုံ့ပြန်ရန်အတွက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ မိုဟာမက် အာဘတ်စ် (Mahmoud Abbas) က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ အီဂျစ်မီဒီယာတွေရဲ့ အဆိုအရ ဂါဇာကမ်းမြောင်တောင်ဘက်စွန်းရှိ ရာဖာစစ်ဆေးရေးဂိတ်မှာ ဒဏ်ရာရရှိသူတွေနဲ့ ဖျားနာနေသူတွေကို အီဂျစ်နိုင်ငံကို ဆက်လက်ရွှေ့ပြောင်းဖို့ ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်။ ကျိုဒိုသတင်း၊ ရိုက်တာ။

ဓာတ်ပုံ။

အနောက်ဘက်ကမ်းရှိ ဂျနင်းတွင် အစ္စရေးတပ်ဖွဲ့များက အဆောက်အအုံ ၂၃ ခုကို ဖောက်ခွဲဖျက်စီးစဉ် (Reuters/Kyodo News)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက