နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

ဖေဖော်ဝါရီလ (၄)ရက်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက် (၆)နာရီခွဲခန့်ကစပြီး ပွင့်ဖြူမြို့ ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကောင်စီရဲ့ မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နံနက် (၆)နာရီ (၂၄)မိနစ်ကစပြီး (၇)နာရီ (၅၄)မိနစ်အထိ ပွင့်ဖြူမြို့ ပုသိမ်-မုံရွာလမ်းပိုင်းက စကစအင်အား (၁၃)ဦးနဲ့ တပ်စွဲထားတဲ့ မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲထဲ စကစစစ်ဆေးရေးဂိတ်က ဘန်ကာ (၃)ခုပြိုတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက အင်အား (၁၃)ဦးခန့်နဲ့ တပ်စွဲထားတဲ့ မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို တစ်နာရီခွဲကျော်ကြာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ဘန်ကာ(၃)လုံးပြိုတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီက အထိနာခဲ့တာကြောင့် လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေအပြင် အင်ဂျင်တပ်လေထီးတွေနဲ့ (၅)ကြိမ်ထက်မနည်း ပစ်ကူခဲ့ကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောငင်စီဘက်က (၅)ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ဇန်နဝါရီလ (၂၇)ရက်နေ့က တိုက်ခိုက်ခဲ့ရာမှာလဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးပြီး လက်နက်တစ်လက်နဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ပွင့်ဖြူမြို့နယ်ပကဖ၊ မင်းဘူးခရိုင်အမှတ်(၇)တပ်ရင်း၊ မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column)နဲ့ မင်းဘူးခရိုင်ပကဖ ဒရုန်းလက်ရုန်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ရေးတင်းမာလာတာနဲ့အတူ ပုသိမ်ထောင်မှာ စစ်ကောင်စီ လုံခြုံရေးတင်းကြပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဧရာဝတီတိုင်းထဲ စစ်ရေးတင်းမာလာတာနဲ့အတူ ပုသိမ်ထောင်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

(၄)နှစ်တာထဲ စစ်ကောင်စီက စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းပေါင်း (၅၈၀)ကျော်ကို လေကြောင်းတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၄)ရက်။ (၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုက စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းပေါင်း (၅၈၅)ခုထက်မနည်းကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောခွင့်ရ
1027 Operations မြန်မာသတင်း

တအာင်းပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၄)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ တအာင်းပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၈)ရက်နေ့က မိုးကုတ်မြို့အရှေ့ပိုင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

ကျားဖြန့်မှာ စစ်ကောင်စီတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေရင် ထိရောက်စွာအရေးယူမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၄)ရက်။ ‌အွန်လိုင်းလောင်းကစားနဲ့ ဆက်စပ်ဒုစရိုက်မှုတွေမှာ စစ်ကောင်စီတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေရင် ထိရောက်စွာ အရေးယူမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြပြီး နိုင်ငံမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ကာ
မြန်မာသတင်း

မဲပလီစခန်းက ထွက်ပြေးနေတဲ့ စစ်ကောင်စီဗျူဟာမှူးအပါအဝင် (၂၀)ခန့်ကို လိုက်လံချေမှုန်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၃)ရက်။ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကနေ ထွက်ပြေးနေတဲ့ ဗျူဟာမှူးအပါအဝင် အင်အား (၂၀)ခန့်ကို လိုက်လံချေမှုန်းနေတယ်လို့ နဂါးဖြူစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မဲပလီဗျူဟာစခန်းကနေ အကြမ်းဖက်စစ်ကောင်စီက ‌ဗျူဟာမှူးအပါအဝင် အင်အား (၂၀)ခန့်ကို
မြန်မာသတင်း

စစ်အုပ်စုရွေးကောက်ပွဲ နိုင်ငံကိုပြိုကွဲစေတယ်လို့ NUG၊ NUCC၊ NLD၊ CRPH နဲ့ ချင်းညီနောင်တို့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၃)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲက မြန်မာနိုင်ငံကို ပြိုကွဲစေပြီး ပဋိပက္ခတွေ တိုးပွားလာစေမှာဖြစ်တယ်လို့ NUG၊ NUCC၊ NLD၊ CRPH နဲ့ ချင်းညီနောင်(CB)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့
မြန်မာသတင်း

ပခုက္ကူမှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၃)ရက်။ ပခုက္ကူမြို့မှာ စစ်ကောင်စီရဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Burma Revolution Danger ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာသူဟာ ပခုက္ကူမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ (၁၀၁)လက်အောက်ခံ
မြန်မာသတင်း

မြန်မာ (၂၇၀)ကျော် စင်္ကာပူနိုင်ငံသားအနေနဲ့ ပြောင်းလဲခံယူခဲ့တယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၃)ရက်။ မြန်မာနိုင်ငံသား (၂၇၈)ဦး စင်္ကာပူနိုင်ငံသားအနေနဲ့ ပြောင်းလဲခံယူခဲ့တယ်လို့ စစ်ကောင်စီသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စင်္ကာပူနိုင်ငံသားတွေအနေနဲ့ ပြောင်းလဲခံယူခဲ့သူတွေဟာ ၂၀၂၄ခုနှစ်ထဲ စစ်ကောင်စီသံရုံးကို မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း(မှတ်ပုံတင်) လာရောက်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံသားပြောင်းလဲခံယူသူတွေ သံရုံးထောက်ခံစာကို