နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာနိုင်ငံဖက်ရှိ နေရာ ၅ နေရာတွင် လျှပ်စစ်-အင်တာနက်-ဆီ ဖြတ်တောက်ရန် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ဆုံးဖြတ်

ဖေဖော်ဝါရီလ (၄) ရက်။

နက်ဖြန် ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံဖက်ရှိနေရာ ၅ နေရာတွင် လျှပ်စစ်-အင်တာနက်-ဆီ ဖြတ်တောက်ရန် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ဆုံးဖြတ်လိုက်ကြောင်း ဖွမ်သမ်မှ ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဘက်က နားလည်သဘောပေါက်ပြီး သက်ဆိုင်ရာဌာနများကို ပြင်ဆင်ရန် အကြောင်းကြားထားမည်ကို သူက ယုံကြည်ကြောင်း ပြောပါသည်။

ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) တွင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်သည် အမျိုးသားလုံခြုံရေးကောင်စီ (NSC) အရေးပေါ် ဆွေးနွေးပွဲခေါ်ခဲ့ပြီး ထိုအစည်းအဝေးသို့ ဒုတိယ၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul အမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူးချုပ် Chatchai Bangchuad၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Arsit Sampantharat နှင့် စီးပွားရေးနှင့် စျေးကွက်ရှာဖွေရေး ခရိုင်လျှပ်စစ် အာဏာပိုင်အဖွဲ့ ဒုအုပ်ချုပ်ရေးမှူး Prasit Chanprasit တို့ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဖက်ခြမ်းရှိ ရာဇဝတ်ဂိုဏ်းများ၏ ကော်လ်စင်တာများနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများအတွက် ထိုင်းလျှပ်စစ်ဓာတ်အား အသုံးပြုနေကြောင်း သတင်းရရှိပြီးနောက် အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရန် အရေးကြီးသည့် အစည်းအဝေးတခု ဖြစ်သည်။

၂ နာရီကျော်ကြာ ဆွေးနွေးပွဲအပြီးတွင် ကဏ္ဍအားလုံးနှင့် ဆွေးနွေးပြီးနောက် ထိုင်းပြည်သူများ၏ လုံခြုံရေးကို ထိခိုက်လာသည်ဟု ဖွမ်သမ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ အမှုပေါင်း ၅၅၀,၀၀၀ ကျော်ရှိပြီး အမှုတစ်ခုစီတွင် ပါဝင်သူအများအပြားရှိသည်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ထိုင်းဘတ်ငွေ ၈၆ ဘီလီယံကျော်ရှိပြီး ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ဘတ်သန်း ၈၀ ကျော် ဆုံးရှုံးခဲ့သည်။ ဤအချက်သည် ထိုင်းပြည်သူများအတွက် ကြီးလေးသည့်ကိစ္စဟု ယူဆကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် NSC သည် မနက်ဖြန် နံနက် ၉ နာရီမှ စတင်၍ နေရာ ၅ ခုတွင် လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီ ဖြတ်တောက်ရန် ဆုံးဖြတ်ထားသည်။

အဆိုပါကိစ္စရပ်အား ဆေးရုံများအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများထံ အသိပေးပြီး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန် ကဏ္ဍအားလုံးကို အသိပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ပြတ်တောက်မည့် နေရာ ၅ ခုစလုံးသည် ကော်လ်စင်တာ ရာဇဝတ်ဂိုဏ်းနှင့် ချိတ်ဆက်နေကြောင်း ဖွမ်သမ်က အတည်ပြုခဲ့သည်။

ထိုအခြေအနေသည် ပြည်သူများနှင့် ပတ်သက်လျှင် မြန်မာအစိုးရက တာဝန်ခံရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုင်းပြည်သူများ ဒုက္ခရောက်နေရသည့်အဖြစ်ကို ထိုင်းအစိုးရက ဂရုစိုက်ဖြေရှင်းပေးရမည်ဖြစ်သည်။ ထိုင်းအာဏာပိုင်များက တည်နေရာ ၅ ခုလုံးသည် ကျွန်ုပ်တို့ ထိုင်းနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးကို ထိခိုက်စေခဲ့ကြောင်း မြန်မာအစိုးရထံ အကြောင်းကြားထားပြီးဖြစ်သည်။

ယခုအချိန်ကစပြီး မြန်မာနိုင်ငံဘက်က ဘာဆက်လုပ်မလဲဆိုသည့်ကိစ္စကတော့ သူတို့ ပြည်တွင်းရေးကို ကျွန်ုပ်တို့ကဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါ။ ဤကိစ္စသည် နယ်စပ် ခရိုင် ၅၁ ခုလုံးကို တသမတ်တည်း ပိတ်ထားခြင်းနှင့် ကိုက်ညီလိမ့်မည်။ NSC က ဤကိစ္စကို သက်ဆိုင်ရာအေဂျင်စီများကို အစီရင်ခံမှာဖြစ်သည်။

ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပေးပို့မှုကို ရပ်တန့်ခြင်းဖြင့် မြန်မာက လက်တုံ့ပြန်မည်ကို စိုးရိမ်မှု ရှိ/မရှိနှင့် ပတ်သက်၍ ဖွမ်သမ်က ယင်းကိစ္စကို ဆွေးနွေးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျွန်ုပ်တို့ အနေနှင့်အရေးယူဆောင်ရွက်ရမှ ဖြစ်တော့မည်ကို မြန်မာနိုင်ငံက နားလည်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤကိစ္စသည် ထိုင်းပြဿနာမဟုတ်သော်လည်း နိုင်ငံအများအပြားမှ လှည့်ဖြားခံရသူများ ရှိနေသည့်အတွက် နိုင်ငံတကာ၏ ပြဿနာ ဖြစ်လာသောကြောင့် အရေးယူရမည်ဟု ဆိုသည်။

ကမ္ဘောဒီးယားသို့ ပေးပို့သည့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရန် စဉ်းစားခြင်း ရှိ၊မရှိ မေးမြန်းခြင်းနှင့် ပတ်သက်၍ ယနေ့တွင် မြန်မာနိုင်ငံကိုသာ ဦးစွာထည့်သွင်းစဉ်းစားမည်ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။

သတင်းထောက်များက ဤဖြတ်တောက်မည့်နေရာ ၅ နေရာအပြင် အခြားနေရာရှိသေးလားဟု မေးမြန်းချက်ကို ဖွမ်သမ်က ဤနေရာ ၅ နေရာအပြင် စောင့်ကြည့်ရမည့်နေရာများလည်း ရှိသည်ဟုဆိုသည်။ သို့ရာတွင် ဤ ၅နေရာကို ပထမစတင်မည်ဟု ဆိုပြီး ထိုင်းဘက်က ဖြတ်လိုက်လျှင် “ သူတို့ဆီမှာ လောင်စာဆီသုံး ဂျင်နရေတာတွေကို သုံးလာနိုင်ပါတယ်။ ဒါက သူတို့ရဲ့လုပ်ပိုင်ခွင့်ပဲ ကျွန်တော်တို့က ဆီကိုဖြတ်လိုက်ပြီ၊ သူတို့မှာသိုလှောင်ထားတာတွေ ရှိချင်လည်းရှိနိုင်တယ်။ ဒါဟာ သူတို့စီးပွားရေးလုပ်ငန်းပဲ၊ ကျွန်တော်တို့အတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်နိုင်တော့ဘူး” ဟု သူက ပြောဆိုခဲ့သည်။

နက်ဖြန်တွင် ဓာတ်အားဖြတ်တောက်မည့် ကုန်သွယ်ရေးနေရာ ၅ နေရာမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ မွန်ပြည်နယ် ဘုရားသုံးဆူ၊ မြပန်းရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်သည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူဖြန့်ဝေသူဖြစ်သည်။

၂။ ရှမ်းပြည်နယ် တာချီလိတ်၊ Allure Group (P&E) အုပ်စုသည် ထိုင်းနိုင်ငံမှ မီးဝယ်ယူဖြန့်ဝေသူဖြစ်သည်။၊

၃။ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား-ရှမ်းပြည်နယ် တာချီလိတ်၊ Allure Group (P&E)၊

သည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူဖြန့်ဝေသူဖြစ်သည်။

၄။ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ၂၊ ညီနောင်ဦး ကုမ္ပဏီ လီမိတက် သည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူဖြန့်ဝေသူဖြစ်သည်။

၅။ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေမြင့်သောင်းယဉ် စက်မှုလက်မှုလုပ်ငန်းနှင့် ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (SMTY) သည် ထိုင်းနိုင်ငံမှ မီးဝယ်ယူဖြန့်ဝေသူဖြစ်သည်။

ထိုနေရာ ၅ နေရာသို့ ကျားဖြန့်လုပ်ငန်းများတွင် အသုံးပြုနေသည့် လျှပ်စစ်မီးနှင့် လောင်စာဆီများကို မနက်ဖြန် ၅ ရက်နေ့မှစ၍ ပိတ်ပင်သွားမည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ