နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်မြို့နယ်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းဖျက်ဆီးခဲ့

ဖေဖော်ဝါရီလ (၄)ရက်။

မနေ့က နေ့လယ် (၁၂)နာရီအချိန်က မြိုင်မြိုရှိ Myaing Under Ground Defence Force(MUGDF)ရဲ့ စခန်းကို စစ်ကောင်စီက စီးနင်းဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့က မြိုင်မြို့ စက်မှု(၂)ကနေ အင်အား (၃၀၀)ခန့်နဲ့ ထွက်ခွာထိုးစစ်ဆင်လာတဲ့ စခစစ်ကြောင်းက MUGDF တပ်ဖွဲ့ရဲ့ စခန်းတစ်ခုကို စီးနင်းဖျက်ဆီးသွားတာပါ။ ရဲဘော်တွေ မစ်ရှင်ထွက်နေချိန်ဆိုတော့ နောက်တန်း‌ယိုပေါက်ပြီး မကာကွယ်နိုင်ခဲ့ဘူး” လို့ ဆိုပါတယ်။

မြိုင်မြို့ရှိ စက်မှု(၂)ဘက်ကနေ ထိုးစစ်ဆင်လာတဲ့ အင်အား (၃၀၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ အညာမြေတပ်ပေါင်းစုရဲ့ မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ MUGDF ရဲ့ စခန်းတစ်ခုကို စီးနင်းသွားခဲ့တာလို့ ဖော်ပြထားပါတယ်။

စခန်းစီးနင်းခံရချိန်သာ MUGDF ရဲဘော်တွေ စစ်ဆင်ရေးထွက်နေချိန်ဖြစ်တာကြောင့် မကာကွယ်နိုင်ခဲ့ဘဲ တန်ဖိုး ကျပ်သိန်း(၄၅၀)ဝန်းကျင်ခန့် ဆုံးရှုံးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အခုလို MUGDF ရဲ့ တပ်စခန်းတစ်ခု စီးနင်းဖျက်ဆီးခံရပြီး ဆုံးရှုံးခဲ့ရတဲ့အပေါ် များစွာဝမ်းနည်းရပြီး အဲ့ဒီစစ်ကောင်စီစစ်ကြောင်းရဲ့ ဖျက်ဆီးတာတွေကြောင့် ကျေးရွာနဲ့ ပြည်သူတွေ အများအပြား ထိခိုက်ဆုံးရှုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မြိုင်မြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်း စတင်ဝင်ရောက်တဲ့ ကျေးရွာအချို့က ပြည်သူတွေအပါအဝင် ပေါက်မြို့ရှိ ကျေးရွာ (၇)ရွာခန့်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 29 Views
မေလ (၁၄)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို
မြန်မာသတင်း

လယ်မူလားမြို့ တကူရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 30 Views
မေလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ လယ်မူလားမြို့ တကူရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဟားခါးမြို့မှာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို CDF-Hakha ဖမ်းဆီး

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၄)ရက်။ မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့
မြန်မာသတင်း

ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်နယ်ထဲက Star Link အင်တာနက်တွေ ယာယီပိတ်ထားဖို့ ရွှေဘိုခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 24 Views
မေလ (၁၄)ရက်။ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်ထဲရှိ Star Link အင်တာနက်တွေ ယာယီပိတ်သိမ်းကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရိုင်စစ်ဌာနအနေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို လိုက်နာပူးပေါင်းဖို့
မြန်မာသတင်း အရှေ့တောင်အာရှ

စစ်အုပ်စု ရွေးကောက်ပွဲ အာဆီယံအဖွဲ့ထဲ အသိအမှတ်ပြုဖို့ သဘောတူညီမှုမရ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 23 Views
မေလ (၁၃)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ သံရုံးတွေကို တိုက်တွန်းတဲ့ စာတစောင် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်တွန်းစာဟာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ
မြန်မာသတင်း

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်တာကြောင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 38 Views
မေလ (၁၃)ရက်။ မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က နာဂလက်နက်ကိုင်တပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပန်ဆောင်မြို့အခြေစိုက် နာဂလက်နက်ကိုင်တပ်ဖွဲ့(NSCN-K)(AM)စစ်တိုင်းရဲ့
မြန်မာသတင်း

KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 29 Views
မေလ (၁၃)ရက်။ KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကရင်နီပြည်သူတို့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ခွန်းရီမာန်ထူးဟာ မေလ (၁၀)ရက်နေ့ ထိုင်းဒေသစံတော်ချိန် ညနေ (၅)နာရီ
မြန်မာသတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 31 Views
မေလ (၁၀)ရက်နေ့က ယင်းမာပင်မှာ စစ်တပ်ရဲ့ အင်အား(၃၀၀)ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ တပ်မ(၃၃)နဲ့ ဘန့်ဘွေးရွာက ပျူစောထီးတွေပါတဲ့ အင်အား (၃၀၀)ကျော် စစ်ကြောင်းက