နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

သဘာ၀ပတ်ဝန်းကျင်

သဘာ၀ပတ်ဝန်းကျင်

စစ်ကိုင်းတိုင်း အတွင်း ရှိမြို့နယ်များက ကျေးရွာများကို စစ်အုပ်စုက နှစ်ပတ်အတွင်း​နေအိမ်ပေါင်း ထောင်နဲ့ချီကာမီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း ရွှေဘိုမှာ အကြမ်းဖက်စစ်တပ်က နှစ်ပတ်အတွင်း မြို့နယ်လေးမြို့နယ်က နေအိမ်ပေါင်းထောင်နဲ့ချီ ပြီးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက မြို့နယ် လေးမြို့နယ် ထဲက ရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်ဟာ နှစ်ပတ် အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ရေဦး ၊ ခင်ဦး ၊ ဒီပဲယင်း ၊ တန့်ဆည် မြို့နယ်တွေများ ကျေးရွာ အများအပြား ကို နှစ်ပတ်အတွင်း ဒေသခံနေအိမ်ပေါင်း ထောင်နဲ့ချီကာ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။


အဆိုပါ မြို့နယ်များထဲတွင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းဟာ အများဆုံးဖျက်ဆီးခံရတဲ့အထဲမှာ ပါဝင်ကြောင်းသိရသည်။ ကျေးရွာပေါင်း ၂၀ခန့် ရှိ သည့်အထဲတွင် လူနေအိမ်ပေါင်း (၁၇၄၀) ကျော်ဟာ မီးရှို့ဖျက်ဆီးခံလိုက် ရကြောင်းကို ဒီပဲယင်း စစ်ရှောင် ထောက်ပံ့ ရေး အဖွဲ့များထံကသိရသည်။


စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေမှာရှိတဲ့ ကျေးရွာများကို အကြမ်းဖက် စစ်အုပ်စုဟာ အကြောင်းမဲ့ မီးရှို့နေပြီး ရွာလုံးကျွတ်မီးရှို့ခံရခြင်းများလည်း ရှိကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ထားသည်။

ခင်ဦးမြို့နယ် ကိုလည်း နိုဝင်ဘာ (၁၇) ရက် မှ (၂၈) ရက်အထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာ ၁၂ ရွာမှာရှိတဲ့ နေအိမ်ပေါင်း (၇၇၇) လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ရူသည်။

ဒီဇင်ဘာ (၂)ရက်ကလည်း ဗျိုင်းကြိုင်ကျေးရွာ နေအိမ် (၁၃) လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားသည်။

တန့်ဆည်မြို့နယ် အတွင်း ဒီဇင်ဘာ(၁၂) ရက်က ပေချောင်ရွာကို မီးရှိူ့ဖျက်ဆီးရာနေအိမ်၄၃လုံး၊ နွားခြံတဲ၂၀လုံး၊ မီးဖိုချောင်၂၈လုံးနှင့် စပါးတိုက်၆လုံး၊ စုစုပေါင်း (၉၇) လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများထံကသိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 305 Views
‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။ အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့်
လက်တင်အမေရိက သဘာ၀ပတ်ဝန်းကျင် အမေရိကန်

အစ္စရေးကို ဦးတည်နေတဲ့ ဒုံးကျည်တွေကို အမေရိကန်စစ်သင်္ဘောပစ်ချ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 245 Views
ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည်
Exclusive Interview Myanmar Politics မြန်မာသတင်း ရာသီဥတု သဘာ၀ပတ်ဝန်းကျင်

နှစ်ပေါင်း ၆၀ အတွင်းရေကြီးမှုစံချိန်တင်ခဲ့တဲ့ ပဲခူး

  • 2023 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 142 Views
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က စတင်ခဲ့တဲ့ ပဲခူးရေကြီးမှုဟာ နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင်ခဲ့ပါတယ်။ လူ ၂ သောင်းလောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ရသလို အိမ်တွေထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေ အများအပြားလည်း ရှိခဲ့ပါတယ်။
သဘာ၀ပတ်ဝန်းကျင် အချက်အလက်များ အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးလေကြောင်းတိုက်ခိုက်မှုအကြားက ပြေးစရာမြေမရှိတဲ့ ပါလက်စတိုင်းပြည်သူများ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 138 Views
ဂါဇာကမ်းမြောင်ဒေသ၊ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့က အစ္စရေးကို အောက်တိုဘာလ (၇) ရက်နေ့ မနက်အစောပိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေရဲ့ လေးစားမှုနဲ့ စိုးရိမ်မှုများ ရောပြွမ်းလာနေကြပါတယ်။ ဂါဇာကမ်းမြောင်ဒေသခံများက ဟားမတ်စ်တိုက်ခိုက်မှုကို ကြိုဆိုကြပြီး
လက်တင်အမေရိက သဘာ၀ပတ်ဝန်းကျင် အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အမေရိကန်နဲ့ ပါလက်စတိုင်း အရပ်သားတွေကို ဂါဇာကမ်းမြောင်ဒေသကနေ အီဂျစ်ကို ထွက်ခွာခွင့်ပေးဖို့ ဆွေးနွေးပွဲများ စတင်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 172 Views
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က မြေပြင်ကနေ ဝင်ရောက်တိုက်ခိုက်မှု မပြုလုပ်ခင် အမေရိကန်နဲ့ ပါလက်စတိုင်း အရပ်သားတွေကို ဂါဇာကမ်းမြောင်ဒေသကနေ အီဂျစ်ကို ထွက်ခွာခွင့်ပေးဖို့ ဆွေးနွေးပွဲများ စတင်ပြုလုပ်နေပြီ ဖြစ်တယ်လို့ အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိ ဆွေးနွေးနေတဲ့ အဆိုပြုချက်ဟာ အမေရိကန်
လက်တင်အမေရိက သဘာ၀ပတ်ဝန်းကျင်

အာဖဂန်နစ္စတန်နိုင်ငံအနောက်ခြမ်းမှာ ငလျင်လှုပ်ခတ်လို့ လူ ၂၀၀၀ ကျော်သေဆုံး

  • 2023 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 123 Views
အာဖဂန်နစ္စတန်နိုင်ငံအနောက်ခြမ်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဖဂန်ကြားဖြတ် တာလီဘန်အစိုးရက မနေ့က အောက်တိုဘာလ (၈) ရက်နေ့က ကြေညာလိုက်ပါတယ်။ အောက်တိုဘာလ (၇) ရက်နေ့ မနက် ၁၁ နာရီက ပြင်းအား
သဘာ၀ပတ်ဝန်းကျင် အချက်အလက်များ ဥရောပ

လူဦးရေ ၆၀၀၀ ကျော်သာ ရှိသော ကျွန်းတစ်ကျွန်းသို့ ရွှေ့ပြောင်းအခြေချသူ ၇၀၀၀ ခန့် ဝင်ရောက်လာမှုကြောင့် အီတလီ အခက်တွေ့။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 508 Views
မြေထဲပင်လယ်အတွင်း နှစ်ရက်အတွင်း အီတလီနိုင်ငံ လမ်ပီဒူဆာ (Lampedusa) ကျွန်းသို့ တတိယနိုင်ငံများသို့ ရွှေ့ပြောင်းအခြေချသူ ၇၀၀၀ ခန့် ဝင်ရောက်လာမှုကြောင့် ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် ကုလသမဂ္ဂတို့က ၎င်းတို့၏ တုံ့ပြန်နိုင်စွမ်း ကန့်သတ်ချက်အပေါ် သတိပေးသံများ ထွက်ပေါ်လာခဲ့သည်။ လမ်ပီဒူဆာသည်
သဘာ၀ပတ်ဝန်းကျင် အချက်အလက်များ အရှေ့တောင်အာရှ အာရှ

မြန်မာပြည်ကို အိန္ဒိယမှ ကာကွယ်ဆေးမရှိသောNipah ဗိုင်းရပ်ကူးစက်မလာအောင် သတိထားဖို့လိုသည်။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 159 Views
အိန္ဒိယအာဏာပိုင်များသည် Kerala ဒေသတွင် သေစေနိုင်သော Nipah ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် အလျင်စလိုလုပ်နေသည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ပြည်နယ်တစ်ခုတွင် ရှားပါးပြီး မကြာခဏ သေစေတတ်သော ရောဂါကြောင့် လူနှစ်ဦး သေဆုံးပြီးနောက် နီပါ (Nipah) ဗိုင်းရပ်စ်