နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

1027 Operations

1027 Operations မြန်မာသတင်း

‌သီပေါမှာ ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းအမှားလို့ TNLA ပြော

ဖေဖော်ဝါရီလ (၆)ရက်။

သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းအမှားလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စံဖိတ်ကျေးရွာမှာ ဖုန်းအသုံးပြုနေတဲ့ ဒေသခံ (၄၀)ကျော်ကို TNLA တပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ သျှမ်းသံတော်ဆင့်က ဖော်ပြခဲ့တာကို TNLA ဘက်က ငြင်းဆိုထားပါတယ်။

အဲ့ဒီသတင်းဖော်ပြချက်ကြောင့် TNLA အနေနဲ့ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးခဲ့ရာ စံဖိတ်ကျေးရွာက ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ မရှိဘူးလို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် သီပေါမြို့ စံဖိတ်ကျေးရွာရှိ ဒေသခံ (၄၀)ကျော်ကို TNLA တပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းဟာ သတင်းအတု၊ သတင်းအမှားသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် PSLF/TNLA အုပ်ချုပ်နယ်မြေထဲ ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာ ရှိလာပါက သက်ဆိုင်ရာမြို့နယ်ရဲစခန်းနဲ့ ပြည်သူ့စင်တာကို ဆက်သွယ်တိုင်ကြားဖို့ အသိပေးထားပါတယ်။

နောက်ပြီး သီပေါမြို့နယ်ရှိ ကျေးရွာအချို့မှာလဲ တအာင်းလူမျိုးတွေကို ပစ်မှတ်ထားပြီး အတင်းအကြပ်စုဆောင်းတာတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေကာ ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA ဘက်က ထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့က လယ်ဒိုမြို့နယ်ရှိ အလှိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မီးလောင်ဗုံးတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ရေးမြို့နယ်ရှိ စစ်ကောင်စီစစ်ဆရေးဂိတ် တိုက်ခိုက်ခံရပြီး (၅)ဦးထက်မနည်းသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က နံနက် (၆)နာရီအချိန်က ရေးမြို့နယ် သံဖြူဇရပ်-ရေးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ NMSP-AD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း အရှေ့တောင်အာရှ

လူကုန်ကူးမှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ BGF နဲ့ DKBA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 3 Views
ဖေဖော်ဈါရီလ (၆)ရက်။ နိုင်ငံတကာက တိုက်ဖျက်နေတဲ့ လူကုန်ကူးတာနဲ့ ညှင်းပန်းနှိပ်စက်တာတွေကို ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ BGF နဲ့ DKBA တို့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ DKBA အနေနဲ့ ထိန်းချုပ်နယ်မြေထဲ လူကုန်ကူးခံရသူတွေကို မြန်မာသံရုံးနဲ့အတူ နိုင်ငံတကာသံရုံးတွေက တောင်းခံလာရင်
မြန်မာသတင်း

အမေရိကန်ရောက် မြန်မာတွေ ပြည်နှင်မခံရခင် ပြန်လာဖို့ဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၆)ရက်။ သက်တမ်းကုန်ဆုံးနေတဲ့ အမေရိကန်ရောက် မြန်မာတွေအနေနဲ့ ပြည်နှင်မခံရခင် ကြိုတင်ထွက်ခွာဖို့ဆိုပြီး ဝါရှင်တန်မြို့ရှိ စစ်ကောင်စီသံရုံးက မနေ့က ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ အမေရိကန်ရောက် မြန်မာတွေအနေနဲ့ နေထိုင်ခွင့်ဗီဇာ စတဲ့ တရားဝင်အထောက်အထားတွေ သက်တမ်းကုန်ဆုံးတာနဲ့ ကြုံတွေ့ရပါက အထောက်အထားမဲ့
မြန်မာသတင်း

နေပြည်တော် ကာချုပ်ရုံးမှာတောင် ဆိုလာဓါတ်အားပေးစနစ်သုံးနေရတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၆)ရက်။ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ (၂၀)မဂ္ဂါဝပ်ရှိ ဆိုဘာဓါတ်အားပေးစနစ်ကို ပြီးခဲ့တဲ့ (၂)နှစ်ခန့်ကစပြီး အသုံးပြုနေရတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ မနေ့က MSME ထုတ်ကုန်ပြပွဲကျင်းပနိုင်ဖို့ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကာကွယ်ရေးဦးစီးချုပ်ရုံးထဲ (၂၀)မဂ္ဂါဝပ်ရှိတဲ့
မြန်မာသတင်း

အုတ်ဖိုမြို့ရဲစခန်းအနီးရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်ခန့်က အုတ်ဖိုမြို့နယ် ရဲစခန်းအနီးရှိ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ထံက သိရပါတယ်။ “ အုတ်ဖိုရဲစခန်းနားမှာ စစ်မှုထမ်းစာရင်းပြုစုနေတဲ့ အုပ်ကြီး၊ စာရေးနဲ့ ရခတွေနေတဲ့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေက
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်အောက်လွှတ်တော်ကြားနာပွဲကို NUG ဝန်ကြီးတွေ တက်ရောက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်ရှိ လွှတ်တော်အမတ်တွေရဲ့ ရုံးမှာ မြန်မာအရေးနဲ့ပတ်သက်ပြီး ကျင်းပခဲ့တဲ့ အောက်လွှတ်တော်ကြားနာပွဲကို တက်ရောက်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကြားနာပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့
မြန်မာသတင်း

ပေါ်တာဆွဲခံရပြီး စုဆောင်းခံထားတဲ့ စစ်မှုထမ်းတပ်သား (၄)ဦး KNLA ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က လယ်ဒိုမြို့နယ်ရှိ KNLA တပ်ရင်း(၉)ဆီ စစ်ကောင်စီရဲ့ ခမရ(၅၈၄)တပ်ရင်းက တပ်သား (၄)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီ(၄)ဦးက ပေါ်တာဆွဲခံရပြီး