နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

ခြေကျဉ်းခတ်ပြီး ရာဇဝတ်သားတွေကဲ့သို့ ဆက်ဆံခဲ့သည့် ထရန့်၏ ပြည်နှင်ဒဏ်ကြောင့် အိန္ဒိယ ဒေါသထွက်

ဖေဖော်ဝါရီလ (၇) ရက်။

အမေရိကန် တာဝန်ရှိသူတွေဟာ အိန္ဒိယရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ခန့်ကို အိန္ဒိယကို ပြန်လည်ပို့ဆောင်ရာမှာ စစ်သုံးလေယာဉ်ပေါ်မှာ နာရီ ၄၀ ကြာ စီးနင်းခဲ့ရချိန်မှာ ခြေကျဉ်းခတ်ထားပြီး အိမ်သာသွားချိန်အတွင်းပင် ဖြုတ်ပေးတာ မရှိဘူးလို့ သိရပါတယ်။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ထရန့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုကို ကမ္ဘာတစ်ဝှမ်းက ဒေါသသံများ ထွက်ပေါ်နေပါတယ်။

ဖေဖော်ဝါရီလ (၆) ရက်နေ့က ပါလီမန်အဆောက် အအုံအပြင်ဘက်မှာ အိန္ဒိယလွှတ်တော်အမတ်တွေ ဆန္ဒပြခဲ့ကြပါတယ်။ ထရန့်နဲ့ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒါမိုဒီတို့ကြား ချစ်ကြည်ရင်းနှီးမှုကို လှောင်ပြောင်ခဲ့တဲ့ အမတ်တွေလည်း ရှိခဲ့ပါတယ်။

မြို့တော်နယူးဒေလီမှာ အဓိကအတိုက်အခံပါတီက လူငယ်အဖွဲ့ဝင်တွေက ထရန့်ရဲ့ရုပ်ပုံကို မီးရှို့ခြင်း အပါအဝင် လှုပ်ရှားမှုအချို့ ပြုလုပ်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့အပတ်ကလည်း အမေရိကန်ကနေ ကိုလံဘီယာကို ရွှေ့ပြောင်းနေထိုင်သူတွေ သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်တက်တဲ့အချိန်မှာလည်း ခြေကျဉ်းခတ်ပြီး ပြန်ပို့ခံရတဲ့ မြင်ကွင်းကြောင့် နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

အိမ်ဖြူတော်မှာ ထရန့်နဲ့ မိုဒီ မတွေ့ခင် ရက်ပိုင်းအလိုမှာ ဖြစ်ပွားခဲ့ဒီဖြစ်ရပ်ကြောင့် အိန္ဒိယမှာ ဒေါသတွေ ထွက်ပေါ်ခဲ့တာပါ။ မိုဒီက ထရန့်ကို “ မိတ်ဆွေစစ်” လို့ ခေါ်ခဲ့ပါတယ်။

ပြည်နှင်ဒဏ်ခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ လေယာဉ်ဆိုက်ရောက်လာချိန်မှာ အနောက်ဘက် ပန်ဂျပ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်က ဒုက္ခရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေကို မကူညီလိုပါက “ဒီချစ်ကြည်ရင်းနှီးမှုရဲ့တရားဝင်မှု” ဟာ သံသယဖြစ်စရာပဲလို့ ပြောကြားခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက စစ်လေယာဉ်တွေ သုံးပြီး ပြန်ပို့ခဲ့တာ အိန္ဒိယကို ပြန်ပို့မှုဟာ အရှည်ကြာဆုံးဖြစ်တယ်လို့ အမေရိကန် အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ လက်နှစ်ဖက်စလုံးကို လက်ထိပ်ခတ်ပြီး ခြေချင်းဝတ်နှစ်ဖက်စလုံး သံကြိုးနဲ့ ချည်နှောင်ထားတဲ့အနေအထားနဲ့ လေယာဉ်ပေါ်တက်ခဲ့ရတယ်။” “၄ ရက်နေ့က တခြား ၁၀၃ ဦးနဲ့အတူ ကျွန်တော် ပန်ဂျပ်ကို ပြန်ပို့ခံခဲ့ရတယ်” လို့ ပန်ဂျပ်ကို ၄ ရက်နေ့က ပြန်ပို့ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက ပြန်လည်ပြောပြပါတယ်။

“အစာစားတဲ့အအာ ဒါမှမဟုတ် အိမ်သာသွားတဲ့အခါ လက်ထိပ်နဲ့ ခြေကျဉ်းတွေကို ဖြုတ်ပေးပို့ စစ်တပ်အာဏာပိုင်တွေကို တောင်းဆိုခဲ့ပေမယ့် သူတို့က ဆိုးဆိုးရွားရွား ဆက်ဆံပြီး လုံးဝဂရုမစိုက်ဘူး။

“ သူတို့ကြည့်တဲ့ပုံစံကို ငါဘယ်တော့မှမမေ့ဘူး…။ ငါတို့ကို ခြေကျဉ်းနဲ့ အိမ်သာတက်ခိုင်းတယ်။ လေယာဉ်မဆင်းခင်လေးတင် အမျိုးသမီးတွေကို ခြေချင်းတွေ ဖယ်ပေးတယ်။ အဲဒါကို ငါတို့မြင်လိုက်တယ်။ အိန္ဒိယ နယ်မြေရဲတွေက ငါတို့ကို လေယာဉ်ကနေ ဆွဲချပြီးမှ ငါတို့ ခြေကျဉ်းတွေကို ဖယ်ပေးတာ။”

အမေရိကန် နယ်ခြားစောင့်တပ် အကြီးအကဲ Michael Banks သည် အိန္ဒိယ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးမယ့် လေယာဉ်ပေါ် တင်ဆောင်နေကြောင်း ပြသတဲ့ X (ယခင် Twitter) မှာ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ ဗီဒီယိုမှာ အမျိုးသားအများအပြားဟာ လက်နှင့်ခြေကို ချုပ်နှောင်ထားခံရပြီး လေယာဉ်ပေါ်ကို ဖြည်းဖြည်း တက်ခဲ့ကြရတာကို တွေ့မြင်ရပါတယ်။

လမ်းခရီးတစ်ထောက် ဂူအမ်မှာ ဆီဖြည့်ဖို့ လေယာဉ်ရပ်ထားတဲ့အချိန်မှာလည်း ခြေချင်းတွေကို မဖယ်ရှားပေးခဲ့ဘူးလို့ ပြည်နှင်ဒဏ်ခံခဲ့ရတဲ့ အသက် ၃၅ နှစ်အရွယ် ရွှေ့ပြောင်းနေထိုင်သူက ပြောကြားခဲ့ပါတယ်။ “ရာဇ၀တ်သားတစ်ယောက်လို ဆက်ဆံခံရတယ်” ခြေထောက်ရောင်လာလို့ မတ်တပ်ရပ်ဖို့လုပ်တာ ထိုင်နေစမ်းလို့ အဟောက်ခံရတယ်လို့ သူက ပြောပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေတဲ့ အိန္ဒိယ လူငယ်တွေဟာ သင့်လျော်တဲ့ စာရွက်စာတမ်း မပါဘဲ အမေရိကန်ကို ဝင်ရောက်လာသူတွေထဲတွင် တော်တော်များတယ်လို့ သိရပါတယ်။ လူအများအပြားဟာ အမေရိကန်ပြည်ထောင်စုရဲ့ တောင်ဘက်နယ်စပ်ကို ရောက်ရှိဖို့ တောင်အမေရိကကိုဖြတ်ပြီး အန္တရာယ်ရှိတဲ့ခရီးကို ဖြတ်သန်းကြရပါတယ်။

ဓာတ်ပုံ။

ပြည်နှင်ဒဏ်ခံရသော အိန္ဒိယနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို လက်ထိပ်နှင့် ခြေကျဉ်းခတ်ထားပြီး စစ်လေယာဉ်ပေါ်တို့ တက်ရောက်နေစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 37 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ