နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာရှင်ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ဖို့ ရှမ်းတိုင်းရင်းသားတွေကို NUG ဖိတ်ခေါ်

ဖေဖော်ဝါရီလ (၇)ရက်။

စစ်အာဏာရှင်ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ဖို့ ရှမ်းတိုင်းရင်းသားတွေကို NUG က ဒီကနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

ခေတ်အဆက်ဆက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေဖြစ်တဲ့ တောင်တန်းဒေသတွေရဲ့ နယ်ထဲ အုပ်ချုပ်ရေးမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိဖို့နဲ့ တောင်တန်းဒေသတွေမှာ ဒီမိုကရေစီစနစ် ကျင့်သုံးရမယ်ဆိုတဲ့ အချက်တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေဟာ တိုင်းရင်းသားလူမျိုး တစ်မျိုးနဲ့ တစ်မျိုးကြား ပဋိပက္ခတွေဖန်တီးပြီး သပ်လျှိုသွေးခွဲတဲ့ဗျူဟာကို ကျင့်သုံးကာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို လျစ်လျူရှုပြီး အကြွင်းမဲ့စစ်အာဏာရှင်ဝါဒကို အခုအချိန်ထိ အကြမ်းဖက် သွတ်သွင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းအမျိုးသားတော်လှန်ရေးလှုပ်ရှားမှုတွေဟာ လွပ်လပ်ရေးရပြီးချိန်ကစပြီး ပြည်သူ့နွေဦးတော်လှန်ရေးအထိတိုင်အောင် ပါဝင်နေကြတဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေးမဟာမိတ်တွေကြား စိတ်ခွန်အားတွေ တိုးပွားစေခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ကို ရှမ်းပြည်ထဲရှိ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုအားလုံး လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားတာပါ။

ဒါ့အပြင် ဒီမိုကရေစီအရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆာင်တွေနဲ့ အခုနွေဦးတော်လှန်ရေးထဲ အသက်၊ သွေး၊ ချွေး စတေးပြီး ပေးဆပ်ခဲ့တဲ့ ရှမ်းအမျိုးသားသူရဲကောင်း အပေါင်းကိုလဲ ဂုဏ်ပြုဦးညွတ် မှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 3 Views
မတ်လ (၃၁)ရက်။ NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို
မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 109 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 23 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၃)ဦးဟာ ဟားခါးမြို့ထဲနေသူတွေဖြစ်ပြီး မတ်လ
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 21 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ်တာတွေပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
ရဲဝင်းဦး တပ်ချုပ်အသစ်အနေနဲ့ ခန့်အပ်ခံရ မတ်လ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်နေရာတွေ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်ချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ်ရာထူးအတွက်
မြန်မာသတင်း

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 38 Views
ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ် မတ်လ (၂၈)ရက်။ ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ ဆက်စပ်တဲ့ နေအိမ်တွေကို AA က လုပ်ထုံးလုပ်နည်းနဲ့တွေနဲ့အညီ ချိတ်ပိတ်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီလို
မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 48 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပျူစောထီး မောင်ဆန်းကို