နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုင်းရယ်မှာ ကျားဖြန့်လုပ်ငန်း ဖမ်းဆီးချိန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီပြော

ဖေဖော်ဝါရီလ (၈)ရက်။

ဖေဖော်ဝါရီလ (၅)ရက်နေ့က မိုင်းရယ်မြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကို ဖမ်းဆီးရာ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မိုင်းရယ်မြို့ရဲ့ အရှေ့တောင်ဘက်ဝန်းကျင်မှာ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်း ဆောင်ရွက်နေတာကို သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲထဲ ကျားဖြန့်လုံခြုံရေးအဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့ပြီး ကျားဖြန့်လုံခြုံရေး (၅)ဦး၊ သေနတ် (၆)လက်၊ တရုတ်နိုင်ငံသား အမျိုးသား (၇)ဦးနဲ့ အမျိုးသမီး (၁)ဦးအပြင် မြန်မာအမျိုးသား (၃)ဦးနဲ့ အမျိုးသမီး (၄)ဦး ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး နောင်ဟန်ရွာအနီး အဆောက်အဦ (၇)လုံးနဲ့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ဖုန်း(၁၈၁)လုံး၊ Laptop (၂၅)လုံး၊ Desktop (၂၁)လုံး၊ Keyboard (၂၈)ခု၊ Wifi စက် (၂)လုံး၊ Star Link (၂)စုံနဲ့ လျှပ်စစ်ဆက်စပ်ပစ္စည်းတွေအပြင် သေနတ်(၁)လက်နဲ့ ကျည်(၅)တောင့်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဖေဖော်ဝါရီလ (၆)ရက်နေ့ကလဲ မိုင်းဟဒေသ နောင်ဟန်ကျေးရွာတဝိုက်မှာ တရုတ်အမျိုးသား (၈)ဦးနဲ့ အမျိုးသမီး (၁)ဦး၊ ဗီယက်နမ်အမျိုးသမီး (၁၈)ဦး၊ မြန်မာအမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၂၅)ဦးတို့ကို ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းမိခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မနေ့က နောင်ဟန်ကျေးရွာအနီးမှာ တရုတ်နိုင်ငံသား အမျိုးသား (၁၂)ဦး၊ Alphard ကား (၁)စီးနဲ့ မီးစက်တလုံး ထပ်မံဖမ်းမိခဲ့ကာ ဖမ်းမိသူတွေကို အရေးယူနိုင်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လွှဲပြောင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်နေပြီး နယ်စပ်ဒေသတွေက ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်နိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 20 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 23 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 16 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 35 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 26 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 49 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 37 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့