နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူတွေ အခြေအနေပေးရင် ဘက်ပြောင်းခိုလှုံဖို့နဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ယူပေးမယ်လို့ MOD ထုတ်ပြန်

ဖေဖော်ဝါရီလ (၁၁)ရက်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူတွေအနေနဲ့ အခြေအနေပေးရင် အမြန်ဆုံး ဘက်ပေါင်းခိုလှုံဖို့ MOD ရဲ့ မနေ့က တိုက်တွန်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတွေဟာ အခုရက်ပိုင်းထဲ ရှေ့တန်းစစ်မျက်နှာတွေမှာ ထိခိုက်ကျဆုံးတာ များပြားနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို စုဆောင်းခံရသူတွေထဲ နိုင်ငံရေးအမြင်ရှိတဲ့ လူငယ်တွေဟာ NUG နဲ့ တော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ်ပြီး လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ဝင်ရောက်တာ၊ အလင်းဝင်တာနဲ့ ထွက်ပြေးတာတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

အခုစစ်ဆင်ရေးအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ခုခံတော်လှန်စစ်ထဲ အင်အားအဆမတန် ပြန်းတီးတာ၊ ထောက်ပို့ဆက်ကြောင်း ပြတ်တောက်နေတာကြောင့် မြေပြင်ကနေ ထောက်ပို့မလုပ်နိုင်တော့ဘဲ လေကြောင်းကနေသာ ထောက်ပို့နေရတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး နိုင်ငံအနှံ့ တပ်ဖြန့်ချထားပြီး တော်လှန်ရေးကို ဟန့်တားဖို့ မဖြစ်နိုင်တော့တာ၊ တန်ပြန်ထိုးစစ်မဆင်နိုင်တာ၊ တော်လှန်ရေးအင်အားစုတွေ သိမ်းယူခဲ့တဲ့ မြို့နဲ့ စခန်းတွေကို ပြန်လည်မသိမ်းယူနိုင်တော့တာနဲ့ ခဲယမ်း၊ မီးကျောက် မလုံလောက်တာ စတဲ့အားနည်းချက်တွေနဲ့ ကြုံနေရပြီလို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်စစ်ကောင်စီက သူ့ရဲ့ လူအင်အားချို့တဲ့တဲ့ပြဿနာကို ဖြေရှင်းဖို့ အဓမ္မစစ်သားစုဆောင်းတဲ့နည်းကို မိုက်မဲစွာ ကျင့်သုံးနေတာလို့ MOD က ပြောဆိုထားပါတယ်။

အဲ့ဒီလို အဓမ္မစုဆောင်းခံရတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ PDF တပ်ရင်းတွေ၊ ပကဖတွေရဲ့ လူမှုစာမျက်နှာတွေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople ကို ကြိုတင်ချိတ်ဆက်ထားဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် စစ်သင်တန်းတက်နေချိန်နဲ့ သင်တန်းပြီးဆုံးကာ လက်နက်တပ်ဆင်ပြီးအနေအထားမှာ အခြေအနေပေးတာနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေဆီ ဆက်သွယ်ပြီး အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ လူငယ်တွေရဲ့ ဘေးကင်းလုံခြုံဖို့ကို အကောင်းဆုံးတာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်ပြီး လက်နက်ခဲယမ်းပါလာရင် ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 8 Views
မတ်လ (၃၁)ရက်။ NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို
မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 110 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 23 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၃)ဦးဟာ ဟားခါးမြို့ထဲနေသူတွေဖြစ်ပြီး မတ်လ
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 21 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ်တာတွေပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
ရဲဝင်းဦး တပ်ချုပ်အသစ်အနေနဲ့ ခန့်အပ်ခံရ မတ်လ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်နေရာတွေ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်ချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ်ရာထူးအတွက်
မြန်မာသတင်း

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 38 Views
ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ် မတ်လ (၂၈)ရက်။ ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ ဆက်စပ်တဲ့ နေအိမ်တွေကို AA က လုပ်ထုံးလုပ်နည်းနဲ့တွေနဲ့အညီ ချိတ်ပိတ်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီလို
မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 48 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပျူစောထီး မောင်ဆန်းကို