ဖေဖော်ဝါရီလ (၁၁) ရက်။
ဘီလျံနာအီလွန်မတ်စ်က ဖေဖော်ဝါရီ ၉ ရက်နေ့က အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ Radio Free Europe နဲ့ Voice of America တို့ကို ပိတ်ပစ်ရန် တောင်းဆိုခဲ့ပါတယ်။
အထူးမစ်ရှင်များအတွက် အမေရိကန် အထူးသံတမန် ရစ်ချက်ဂရန်နဲလ် (Richard Grenell) ရဲ့ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ မတ်စ်က X မှာ “ ဟုတ်တယ်၊ သူတို့ကို ပိတ်လိုက်ပါ။ ဥရောပဟာ အခုလွတ်လပ်နေပြီပဲ” လို့ ရေးသားခဲ့ပါတယ်။ (အနှောက်အယှက်ဖြစ်စေတဲ့ ဗျူရိုကရေစီကို ထည့်မတွက်ပါဘူး။)
သူတို့ (Radio Free Europe နဲ့ Voice of America ) ပြောတာကို ဘယ်သူမှ နားမထောင်တော့ဘူး။ သူတို့ကိုယ်ကို စကားပြောနေတဲ့ လက်ဝဲအစွန်း ရောက်တွေက အရူးတွေချည်းပါပဲ” “အမေရိကန်အခွန်ထမ်းတွေရဲ့ ငွေတွေ တစ်နှစ်ကို ဒေါ်လာ တစ်ဘီလီယံဖိုးကို မီးရှို့နေတာပါ” လို့ မတ်စ်က ပြောခဲ့ပါတယ်။
” Radio Free Europe နဲ့ Voice of America (VOA) တို့ဟာ အမေရိကန်အခွန်ထမ်းငွေတွေနဲ့ လုပ်ဆောင်နေတဲ့ မီဒီယာဌာနခွဲတွေ ဖြစ်ပြီး နိုင်ငံပိုင်မီဒီယာတွေ ဖြစ်ကြပါတယ်။ အဲ့ဒီဌာနတွေမှာ လက်ဝဲအစွန်း တက်ကြွ လှုပ်ရှားသူတွေနဲ့ ပြည့်နေပါတယ်” လို့ ဂရင်နဲလ် (Grenell) က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ “ ဒီသတင်းထောက်တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒါက အတိတ်ရဲ့ အမွေအနှစ်ပါပဲ။ ကျွန်တော်တို့က အစိုးရငွေထောက်ပံ့ခံ မီဒီယာဌာနတွေ မလိုအပ်ပါဘူး။”
အီလွန်မတ်စ်နဲ့ ရစ်ချက်ဂရန်နဲလ်တို့ နှစ်ဦးစလုံးဟာ မီဒီယာအဖွဲ့အစည်းတွေကို အစိုးရ ရန်ပုံငွေ ထောက်ပံ့ပေးနေမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး အဲ့ဒီဌာနတွေကို ထောက်ပံ့ဖို့ အခွန်ထမ်းပြည်သူတို့ရဲ့ငွေတွေကို အသုံးမပြုသင့်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။
အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE) ၏ အကြီးအကဲဖြစ်တဲ့ မတ်စ်က Politico ၊ Associated Press နဲ့ New York Times စတဲ့ မီဒီယာအဖွဲ့အစည်းတွေကို ဖက်ဒရယ်အစိုးရက ထောက်ပံ့နေတာကို ဝေဖန်ခဲ့ပြီး အဲ့ဒီအဖွဲ့အစည်းတွေဟာ အခွန်ထမ်းရန်ပုံငွေတွေကို ထိရောက်စွာ အသုံးမပြုနိုင်တာကြောင့် သူတို့ကို ဖယ်ရှားပစ်ဖို့ လှုံ့ဆော်ဝေဖန်ခဲ့ပါတယ်။
အလားတူ ထရန့်ရဲ့ အထူးမစ်ရှင်သံတမန်အဖြစ် ဂရန်နဲလ်က မီဒီယာတွေက သတင်းရယူဖို့ လစဉ်ကြေးပေးသွင်းမှု (subscriptions) တွေမှာ အစိုးရအသုံးစရိတ်ကို သုံးစွဲမှုတွေကို လူသိရှင်ကြား ရှုတ်ချခဲ့ပြီး အဲ့ဒီရန်ပုံငွေတွေကို ချက်ချင်းရပ်စဲသင့်တယ်လို့ မတ်စ်ရဲ့ ရပ်တည်ချက်ကို ပဲ့တင်ထပ် ပြောခဲ့ပါတယ်။
ထရန့် အစိုးရဟာ Politico လို သတင်းဌာနတွေမှာ လစဥ်ကြေးပေး စာရင်းသွင်းမှုတွေကို ရပ်တန့်ဖို့ လုပ်ဆောင်ခဲ့ပြီး အစိုးရက ထောက်ပံ့ထားတဲ့ မီဒီယာတွေကို ပိုမိုကျယ်ပြန့်စွာ စိစစ်ခြင်းနဲ့ ထောက်ပံ့တာကို အငြင်းပွားမှုတွေအကြားမှာ ဒီလို ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
![](https://eraseye.com/wp-content/uploads/2025/02/477787280_592554610318582_7485269564727363722_n.jpg)
![](https://eraseye.com/wp-content/uploads/2025/02/477779295_592554620318581_956684871403918242_n.jpg)