နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာအရေး ပိုမိုအာရုံစိုက်ဖြေရှင်းဖို့ နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

ဖေဖော်ဝါရီလ (၁၂)ရက်။

မြန်မာအရေး ပိုမိုအလေးထား အာရုံစိုက်ဖြေရှင်းဖို့ နိုင်ငံတကာကို ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က ကုလဌာနချုပ်မှာပြုလုပ်တဲ့ အထွေထွေဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့အထိ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်သူ သန်း(၂၀)ခန့်ရှိပြီး (၃)သန်းခွဲကျော်ဟာ နေရပ်စွန့်ခွာနေရတယ်လို့ ဆိုပါတယ်။

နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုဟာ (၁၅)နှစ်ထဲ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ကာ လူဦးရေရဲ့ ထက်ဝက်ခန့်ကလဲ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး လူဦးရေရဲ့ (၂၄)ရာခိုင်နှုန်းဟာ အလွန်အမင်း မြင့်မားပြီး စိုးရိမ်ရတဲ့ စားရေရိက္ခာမလုံခြုံမှု ပြဿနာကို ရင်ဆိုင်နေရကာ နိုင်ငံထဲ အလုပ်လက်မဲ့နှုန်း ပိုမိုများပြားလာကာ အိမ်ထောင်စု (၄)ပုံ (၃)ပုံဟာ သိသိသာသာ ဝင်ငွေနည်းပါးလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်က အတင်းအကျပ် တပ်သားစုဆောင်းလာတာက စီးပွားရေး ဆုတ်ယုတ်လာတာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူငယ်တွေကို လုံခြုံမှုကင်းမဲ့စေကာ အနာဂတ်တွေကို မရေရာတာတွေ ဖြစ်ပေါ်စေတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

မြန်မာအရေးကိစ္စမှာ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကသာ အဓ်ကဇစ်မြစ်ပြဿနာဖြစ်ပြီး မြန်မာပြည်သူတွေအနေနဲ့ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေတဲ့ အဲ့ဒီပြဿနာဇစ်မြစ်ကို အမြစ်ပြတ်အောင် ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ရှိတယ်လို့လဲ သံအမတ်ကြီးက ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာနဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်တပ်ထံ လက်နက်တွေ၊ ဂျက်လေယာဉ်ဆီနဲ့ ငွေကြေးတွေ ဖြတ်တောက်ပေးပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ကြိုးပမ်းနေတာကို ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်တော်မြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 13 Views
ဧပြီလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်ကစပြီး ကျောက်တော်မြို့ရှိ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်ရေးဆွဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 33 Views
ဧပြီလ (၁၉)ရက်။ နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရန်ကုန် ကမာရွတ်မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 17 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၉)နာရီ (၅၇)မိနစ်အချိန်က ရန်ကုန်ရှိ စစ်ကောင်စီရဲ့ ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army(YUPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ကမာရွတ်မြို့နယ် မြို့မရဲစခန်းကို
မြန်မာသတင်း

နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 18 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၈)နာရီခွဲကျော်အချိန်က နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 18 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ညောင်လေးပင်ခရိုင် ရေတွင်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ အမှတ်(၂)စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ရေတွင်းကုန်းရွာကို နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ။ ပြီးတော့
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 20 Views
ဧပြီလ (၁၈)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဗလဘကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ ညနေ (၄)နာရီ (၂၀)မိနစ်လောက်က ဗလဘကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကအမေရိကန်ထောက်ခံမှုဖြင့် အာရက္ခတပ်တော်ကို အကူအညီ ပေးတော့မည်။

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 23 Views
+++++++++++++++++++++ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် လျှို့ဝှက်စစ်ဆင်ရေး၊များကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်ဖြစ်သည်။ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုများအပြင် ဒရုန်းများကို အသုံးပြုခွင့်ပေးခြင်းအထိ ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် ရခိုင်ပြည်နယ်ရှိ မြန်မာစစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်နေသည့် အာရက္ခတပ်တော်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဘန်ကောက်တွင် တွေ့ဆုံ

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 24 Views
ဧပြီလ (၁၇) ရက်။ မြန်မာနိုင်ငံတွင် ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ်သည် မြန်မာစစ်အစိုးရခေါင်းဆောင်နှင့် ပုံမှန်မဟုတ်သော တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၇ ရက်နေ့က