နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပင်လုံသဘောတူညီမှုရဲ့ အနှစ်သာရကို ဖျက်ဆီးခဲ့တာ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒလို့ NUG ပြော

ဖေဖော်ဝါရီလ (၁၂)ရက်။

ပင်လုံသဘောတူညီမှုရဲ့ အနှစ်သာရကို ဖျင်ဆီးခဲ့တဲ့ အဓိက ရင်းမြစ်ပြဿနာက လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက (၇၈)ကြိမ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဖြစ်တည်မှုဟာ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒ ကြီးစိုးတာကြောင့် အနှစ်သာရ ပြည့်ဝတဲ့ ပြည်ထောင်စုကြီးအဖြစ် ပြည့်ပြည့်ဝဝ ပီပီပြင်ပြင် မရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးဝါဒ တိုက်ပွဲတွေနဲ့ အာဏာအကျိုးစီးပွား ပဋိပက္ခတွေကြောင့် ဂိုဏ်းဂဏပြဿနာတွေနဲ့ တရားသေဝါဒ ချောက်ကမ်းပါးထဲကို ထိုးကျခဲ့တာလည်း တွေ့ရပါတယ်”လို့ ဆိုပါတယ်။

အခုအခါ နိုင်ငံဟာ စစ်အာဏာရှင်ဝါဒီတွေရဲ့ အဖျက်အမှောက်တွေထဲမှာ ဝဲလည်လိုက်နေတာကြောင့်လဲ ဗမာလူမျိုးတွေအပါအဝင် ဗမာမဟုတ်တဲ့ လူမျိုးတွေလဲ လွတ်လပ်မှုနဲ့ ကင်းကွာပြီး အထွေထွေဆင်းရဲဒုက္ခကို ကျရောက်နေတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး နွေဦးတော်လှန်ရေးထဲ ပင်လုံသဘောတူညီမှုလို ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိညာဉ်တစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ပေါက်လာဖို့နဲ့ တိုင်းရင်းသားလူမျိုးစုအားလုံး ပေါင်းစည်းဖွဲ့တည်ထားတဲ့ မဟာမိတ်စစ်ရေး တပ်ပေါင်းစုကြီး ပေါ်ပေါက်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘုံရန်သူကို ထင်ထင်ရှားရှား မြင်တွေ့နေရချိန်မှာ အချင်းချင်း အာရုံမများကြဖို့နဲ့ လိုရင်းကို ရောက်အောင် လုပ်ကြမှသာ လူထုအတွက် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေ အမြန် ပြီးပြတ်နိုင်မှာဖြစ်သလို ဘုံရန်သူကို ချေမှုန်းတဲ့နေရာမှာ ဝေ့ဝိုက်မနေဖို့ ယာယီသမ္မတက သတိပေးထားပါတယ်။

တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ပွတ်တိုက်မှုတွေ၊ ထိပ်တိုက်တိုးမှုတွေ မဖြစ်အောင် သတိရှိကြဖို့အပြင် ဖြစ်ပေါ်လာတဲ့ “ကတောက်ကဆဖြစ်ရပ်”တွေကို လက်နက်နဲ့ မဖြေရှင်းကြဖို့နဲ့ သေနတ်သံမဖောက်ပဲ ဖြေရှင်းကြဖို့ကိုလဲ တိုက်တွန်းထားပါတယ်။

လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးဆိုတဲ့ မူတွေ စံတန်ဖိုးတွေကို အခြေခိုင်ခိုင်တည်ဆောက်ပြီး အနာဂတ်အတွက် တည်ဆောက်ရေးပဋိညာဉ်တစ်ရပ် ပေါ်ပေါက်လာဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြဖို့ ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 110 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို