နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တသီးပုဂ္ဂလအမေရိကန်အထက်လွှတ်တော် အမတ်ဘာနီဆန်းဒါး

————————

ဂါဇာနဲ့ပတ်သက်တဲ့သူ့အမြင်

++++++++++++

ဂါဇာနဲ့ပတ်သက်လို့ ထရန် ပြောနေတာက အတော်လက်မခံနိုင်စရာပါပဲ။ နားမလည်နိုင်စရာပါပဲ။ လွန်ခဲ့တဲ့ ၁၅ လကာလကြာ မယုံကြည်စရာကောင်းလောက်အောင် ထိခိုက်ခံစားနေရသူတွေ ရှိခဲ့လား ဂါဇာမှာ လူပေါင်း ၄သောင်း ၅ထောင် ကျော်သေဆုံးခဲ့ပြီး လူတစ်သိန်း (၁၀၀၀၀၀) လောက် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်။ အများစုက မိန်းမနဲ့ကလေးတွေ ဖြစ်တယ်၊ မျက်မြင်မှာ အိမ်တွေအားလုံး ပျက်စီးကုန်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် နဲ့ ပညာရေးစနစ်တွေအားလုံးလည်း ပျက်စီးသွားပြီ။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ ထရန့်က ဘာပြောသလဲဆိုတော့ “ဟေ့ ငါတို့ ဒီပါလက်စတိုင်း ၂.၂သန်းကို ဂါဇာကနေ မောင်းထုတ်လိုက်မယ်။ နောက်ပြီး ငါတို့ အလွန်လှပတဲ့ ပြင်သစ် ကမ်းခြေလို လှပတဲ့မြင်ကွင်းကို ဖန်တီးတည်ဆောက်ပြီး ဘီလီယံနာတွေကို လာရောက်ပြီး ဒီအအလှအပကို ကြည့်ပြီး အပန်းဖြေခိုင်းမယ်။ ဒါဟာ ရွံစရာပါ ပြောဖို့တောင် စကားမရှိပါဘူး။

ငါတို့အတူတကွ ဒါတွေ မဖြစ်လာအောင် လက်တွဲလုပ်ကြမယ်။ ငါတို့ ဂါဇာကို ပြန်လည်တည်ဆောက်ကြမယ်။ ပါလက်စတိုင်းလူမျိုးတွေအတွက် ဖြစ်ရမယ်။ ဘီလီယံနာအုပ်စုအတွက် မဖြစ်စေရဘူး။

မယ်ဒီကဲ၊ မယ်ဒီကိတ်နဲ့ပတ်သက်တဲ့ကိစ္စ

+++++++++++++++

ဝါရှင်တန်ဒီစီမှာ ဘာတွေဖြစ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြမယ်။

အီလွန်မတ်စ်ခ်ဟာ ကမ္ဘာမှာ အချမ်းသာဆုံးလူ ဖြစ်တယ်။ သူက ဒေါ်နယ်ထရန့် သမတ အရွေးခံရဖို့ ဒေါ်လာ သန်း ၂၇၀ ကို ထည့်ဝင်လှူဒါန်းခဲ့တယ်။ အံ့သြစရာပါ သူက အခုအခါ အလွန်အရေးကြီးတဲ့ အလုပ်ကို ရရှိထားပါတယ်။ အမေရိကန်အစိုးရက ပေးတဲ့အလုပ်ပါ။ ဒါကတော့ ငွေအများကြီး ရွေးကောက်ပွဲမှာပေးခဲ့တဲ့အတွက် ရရှိတဲ့အကျိုးအမြတ်ပါ။

အီလွန်မတ်စ်ခ်ဟာအခုအချိန်မှာ ထရန့်သမတမဖြစ်ခင်တုံးကထက် ဒီနေ့မှာ ဘီလီယံ ၁၅၀ ပိုပြီး ချမ်းသာသွားပြီ။ မဆိုးဘူးနော် အတော်ကောင်းတာပဲ။ အခု အီလွန်မတ်စ်ခ်က ဘာကို လုပ်မလဲဆိုတော့ ဖျားနာနေတဲ့ ကလေးတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့၊ အစာငတ်မွတ်နေတဲ့လူတွေအတွက်စားနပ်ရိက္ခာတွေကိုပေးနေတဲ့ USAID ကို ဖျက်ပစ်တော့မယ်။ ဒါတွေကို ကမ္ဘာ့အချမ်းသာဆုံးလူတစ်ယောက်က လုပ်နေတာဖြစ်တယ်။

ဒီနေ့ သူဟာ USAID နောက်ကို လိုက်နေတယ်။ ကျုပ်ပြောနေတာကို ယုံလိုက်ပါ။ မနက်ဖြန်ကျရင်သူဟာ သင့်နဲ့ သင့်မိသားစုကို ထိခိုက်မယ့် အစီအစဥ်တွေကို စလာလိမ့်မယ်။ ဒါတွေကတော့ မက်ဒီကိတ် (Medcaid) တွေ မက်ဒီကဲ (Medicare) တွေ ရပ်ကွက်ကျန်းမာရေးစင်တာတွေ၊ ပညာရေးတွေ၊ ပဲလ်ဂရန့် (Pell Grants) (အထက်တန်း မအောင်‌သေးတဲ့ ငွေကြေးချို့တဲ့သူ ကျောင်းသားတွေကိုထောက်ပံ့ငွေ) တွေ၊ လူတိုင်းတတ်နိုင်တဲ့အတိုင်းအတာနဲ့ နေထိုင်နိုင်တဲ့ အိမ်ရာအစီအစဥ်တွေကို ဖျက်ပစ်လိမ့်မယ်။

ဒါကြောင့် ကျွန်ုပ်တို့အတူတကွရပ်တည်ပြီး ပြန်လည်တွန်း လှန်ကြမယ်။ စည်းရုံးစုစည်းကြပြီး ထရန့်ကို ဒီနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ အစိုးရဟာ လူအားလုံးအတွက် အလုပ်လုပ်ရမှာ ဖြစ်တယ်။ ဘီလီယံနာအတန်းအစားသက်သက်အတွက် မဟုတ်ဘူးဆိုတာကို ပြောရမယ်။ ဒါကြောင့် မတ်တပ်ရပ်ပြီးပြန်လည်ခုခံကြရမယ်။ ငါတို့လုပ်နိုင်တယ် သူတို့ကို ရပ်တန့်ပစ်ရမယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 91 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက