နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့ကို နောက်ပြန်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ၊ 

တိုက်ပွဲထဲ အလံထောင်တဲ့ စစ်ကောင်စီတပ်သားတွေ အချင်းချင်း ပစ်သတ်မှုဖြစ်ပွားခဲ့

ဖေဖော်ဝါရီလ (၁၃)ရက်။

ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက် (၈)နာရီအချိန်က ရေစကြိုမြို့ကို နောက်ကြောင်းပြန်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ ပခန်းကနေ ရေစကြိုကို နောက်ကြောင်းပြန်စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ ခလရ(၂၅၆/၂၅၇/၂၅၈)တပ်တွေကို ပခန်းမြို့မြောက်ဘက် လမ်းခုလတ်တနေရာမှာ ကြားဖြတ်ပစ်ခတ်ခဲ့တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခလရ(၂၅၆/၂၅၇/၂၅၈)တပ်တွေဟာ ပနါးမြို့ကနေ ရေစကြိုမြို့ကို နောက်ကြောင်းပြန် စစ်ကြောင်းထိုးလာချိန် ပခန်းမြို့မြောက်ဘက် လမ်းခုလတ်တနေရာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲဟာ (၄၅)မိနစ်ခန့်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂၅)ဦးနီးပါး ထိခိုက်သေဆုံးခဲ့ကာ စစ်ကောင်စီအချို့ ထွက်ပြေးတာတွေရှိပြီး အချို့တပ်သားတွေဟာ အလံထောင်တာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ တိုက်ပွဲထဲမှာ စကစတပ်သားအချို့က အင်္ကျီချွတ်ပြီး သေနတ်ထိပ်ချိတ်မှာ အလံထောင်ပြပြီး PDF တွေဆီ ပြေးလာတာကို ကျန်တဲ့ စကစတပ်သားတွေက အချင်းချင်းပစ်သတ်တာတွေ ရှိခဲ့ပါတယ်” လို့ ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ရေစကြိုမြို့ရှိ စစ်ကောင်စီရဲ့ ခလရ(၂၅၈)တပ်က ဟောင်ဝှစ်ဇာ (၅)လုံး ပစ်ကူခဲ့ပြီး တိုက်ပွဲနဲ့ မီတာ(၁၀၀၀)အနီးရှိ တောင်အိုစစ်ကောင်စီဂိတ်က လက်နက်ကြီးပစ်ကူတာနဲ့ မြေပြင်စစ်ကူပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ဆင်ရေးထဲ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ခဲယမ်းမလုံလောက်တာကြောင့် တပ်ပြန်ဆုတ်ခဲ့ရကာ စစ်ကောင်စီထံက MA-1 (၃)လက်နဲ့ MA-3 (၁)လက်တို့ကို ခဲယမ်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတစ်ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့သလို (၃)ပွင့်ဗိုလ် စစ်ကြောင်းမှူး ကျော်လင်းဦးနဲ့ တပ်စု တပ်ကြပ်ကြီး ကျော်သီဟထွန်းအပါအဝင် (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ထိခိုက်သေဆုံးခဲ့သူတွေကို စစ်ကောင်စီက မနေ့က နံနက် (၁)နာရီ (၄၅)မိနစ်အချိန်မှာတော့ ပခုက္ကူမြို့ကို သယ်ဆောင်သွားခဲ့တယ်လို့သိရပြီး Southern YSO PDF က နတ်မိချောင်းစစ်ဆင်ရေးအနေနဲ့ Southern Local တပ်ပေါင်းစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 26 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 30 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 26 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 22 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 27 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 27 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ