ဖေဖော်ဝါရီလ (၁၃)ရက်။
အကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အုပ်စုဟာ နိုင်ငံအာဏာကို လုယူခဲ့ပြီးနောက် ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ ဆိုပါတယ်။
လူ့အခွင့်အရေးကော်မရှင်ဟာ ပဲရစ်အခြေခံမူတွေနဲ့ ကိုက်ညီတာမရှိဘဲ စစ်အုပ်စုရဲ့ အလိုဆန္ဒအတိုင်း ဆောင်ရွက်နေတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေဘက်က ရပ်တည်တာမရှိဘဲ စစ်အုပ်စုရဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကို ရေငုံနှုတ်ဆိတ်နေတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃၁)ရက်နေ့က ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ဟာလဲ စစ်ကောင်စီအလိုကျ ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်း အများစုနဲ့ ထပ်မံဖွဲ့စည်းထားတာကြောင့် အမှီအခိုကင်းတဲ့ ကော်မရှင်မဟုတ်ဘူးလို့ ရေးသားထားပါတယ်။
ဒါ့အပြင် Global Alliance of National Human Rights Institute(GANHRI)ကလဲ ပဲရစ်အခြေခံမူတွေနဲ့ မကိုက်ညီတာကြောင့် လူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်ပြုတာနဲ့ အဖွဲ့ဝင်ကနေ ရုပ်သိမ်းခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းကာ နိုင်ငံတကာအနေနဲ့ လက်ခံတွေ့ဆုံပြီး အစည်းအဝေးဖိတ်ကြားတာတွေ မလုပ်ဖို့ NUG က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2025/02/image-1.jpg)