နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

မိမိအိမ်မှာ နာကျင်မှုတွေ ဖြစ်လာတဲ့အခါ ရီပတ်ဘလစ်ကန်တွေက ထရန့်ရဲ့အသုံးစရိတ် ဖြတ်တောက်မှုနဲ့ အခွန်စည်းကြပ်မှုတွေကို တားဆီးလာပါတယ်။

NIH ရန်ပုံငွေကို လျှော့ချခြင်းကနေ USAID ရဲ့ စားနပ်ရိက္ခာ အစီအစဉ်ကို ဖြတ်တောက်ခြင်းအထိနဲ့ အခွန်စည်းကြပ်ခြင်းအသစ် အပါအဝင် ထရန့်ရဲ့လုပ်ဆောင်ချက်အချို့ကို ရီပတ်ပလီကင်ပါတီ GOP ဥပဒေပြုအမတ်တွေဟာ ဆန့်ကျင်တဲ့အနေနဲ့ စတင်စကားပြောဆိုလာကြပြီ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ကက်ပီတိုလ်ဟေးလ်က ရီပတ်ဘလီကန်အမတ်တွေဟာ သမ္မတ‌ဒေါ်နယ်ထရန့်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပျာယာခတ်လုပ်ဆောင်မှုတွေနဲ့ ဖယ်ဒရယ်အသုံးစရိတ်တွေကို လျှော့ချဖို့ ကြိုးပမ်းမှုတွေကို ချီးမွမ်းခဲ့ကြပြီး၊ ၎င်းကို ပြီးခဲ့တဲ့ ဆောင်းရာသီမှာ အမေရိကန်တွေက မဲပေးခဲ့ကြတဲ့ အပြောင်းလဲမျိုးအဖြစ် ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီလို ချီးကျူးတာဟာ သူတို့ရဲ့ မဲဆန္ဒနယ်တွေကို ထိခိုက်စေတဲ့အခြေအနေကို မရောက်သေးခင်ကာလမှာသာ ဖြစ်ခဲ့ပါတယ်။

ကျန်းမာရေးနဲ့ စိုက်ပျိုးရေးရန်ပုံငွေကို ဖြတ်တောက်ခြင်းကနေ ဒေသတွင်းစက်မှုလုပ်ငန်းတွေနဲ့ စားသုံးသူတွေအပေါ် အပျက်သဘောဆောင်တဲ့ အခွန်အကောက်အသစ်တွေ ကောက်ခံမှာကို ကြောက်ရွံ့တဲ့အထိ ဖြစ်လာတဲ့အခါ ရီပတ်ဘလီကန်အမတ်တွေဟာ ထရန့်ရဲ့ အစီအစဉ်အချို့ကို ဆန့်ကျင်ဖို့စတင်တွန်းအားပေးလာကြပါတယ်။ အမတ်တွေဟာ မဲဆန္ဒရှင်တွေက သူတို့ပြည်နယ်တွေမှာ စီးပွားရေးအ‌ပြောင်းအလဲကို မြင်လိုကြတာကို သိရှိပြီး ထရန့်ရဲ့ဒေါသကိုလည်း ရှောင်ရှားဖို့ ဂရုတစိုက်ပြောဆိုခဲ့ကြပါတယ်။

အာလာဘားမားမှ ရီပတ်ပလီကင် အထက်လွှတ်တော်အမတ် ကေတီဘရစ် (Katie Britt) ဟာ အမျိုးသားကျန်းမာရေး အင်စတီကျုအောက်မှာရှိတဲ့ အုပ်ချုပ်ရေးရဲ့ ရန်ပုံငွေလျှော့ချမှုကို မကြာသေးမီက ပြန်လည်ဆန့်ကျင်ဖို့ တွန်းအားပေးခဲ့ပါတယ်။ အလာဘားမားတက္ကသိုလ်ဟာ အဲ့ဒီထောက်ပံ့ငွေရဲ့ အဓိကလက်ခံသူဖြစ်ပြီး ပြည်နယ်ရဲ့အကြီးဆုံး အလုပ်အကိုင်ပံ့ပေးနိုင်သူ ဖြစ်လာစေဖို့ ကူညီပေးခဲ့ပါတယ်။

ဘရစ်က AL.com ကို ပြောကြားရာမှာ “ အလာဘားမားလို အောင်မြင်နေတဲ့ အင်စတီကျူးရှင်းတွေမှာ အသက်ကယ်တာ၊ ဆန်းသစ်တီထွင်နိုင်တဲ့ သုတေသနတွေကို အဟန့် အတား မဖြစ်စေဖို့အတွက် ထက်မြက်တဲ့ ချိန်ဆဆောင်ရွက်တဲ့ ချဉ်းကပ်မှု လိုအပ်ပါတယ်” လို့ ဆိုပါတယ်။

မိန်းပြည်နယ် ရီပတ်ပလီကင် အထက်လွှတ်တော်အမတ် ဆူဆန်ကောလင်း (Susan Collins) က အမျိုးသားကျန်းမာရေးအင်စတီကျု (NIH) မှ ထောက်ပံ့ကြေးတွေအောက်မှာ သွယ်ဝိုက်တဲ့ ကုန်ကျစရိတ်တွေဟာ “ အနည်းငယ်သာ လက်ခံရရှိပြီး” ကျွန်ုပ်တို့ရဲ့ မိန်းပြည်နယ်အဖွဲ့တွေမှာ အရေးကြီးတဲ့ သုတေသနလုပ်ငန်းအတွက် ရန်ပုံငွေကို ထင်သလို ဖြတ်တောက်ခြင်းခံရမှာကို သတိပေး ပြောကြားခဲ့ပါတယ်။

NIH ဖြတ်တောက်မှုတွေကြောင့် “ကြီးကြီးမားမား ထောက်ပံ့မှုတွေ” မရရှိတဲ့ တက္ကသိုလ်တွေ အများဆုံး ဆုံးရှုံးရလိမ့်မယ်လို့ ရီပတ်ပလီကင် လူဝီစီယားနား အထက်လွှတ်တော်အမတ် ဘီးလ် ကက်ဆက်ဒီ (Bill Cassidy) က သတိပေးခဲ့ပါတယ်။

“ဒီသုတေသနကို လုပ်ဖို့ သူတို့အတွက် အရမ်းခက်လိမ့်မယ်။ ဒါကြောင့် လူဝီစီယားနားက လူတွေကို သုတေသနအတွက်ပေးတဲ့ ထောက်ပံ့ငွေ ဒေါ်လာတွေကနေ အကျိုးအမြတ် ရစေချင်တယ်၊ ဒီလိုသုတေသနလုပ်ဖို့ မက်ဆာချူးဆက်နဲ့ ကယ်လီဖိုးနီးယားကို သွားစရာမလိုဘဲ ကိုယ့်နေရာမှာပဲ လုပ်ကိုင်စေလိုပါတယ်” လို့ ကက်ဆက်ဒီက ပြောကြားခဲ့ပါတယ်။ “ ဒါကြောင့် ကျွန်တော်က ကိုယ်ပြည်နယ်မှာရှိတဲ့လူတွေနဲ့ စကားစမြည်ပြောပြီး ဒီကိစ္စကို စူးစမ်းလေ့လာနေတယ်။”

NIH ရန်ပုံငွေ လျှော့ချမှုမှာ သတိပေးချက်များစွာနဲ့ အစပျိုးခဲ့ပြီး အဲ့ဒီအချက်တွေဟာ ထရန့်အုပ်ချုပ်ရေးယန္တရားရဲ့ တုံးတိတိဆောင်ရွက်ချက်တွေကြောင့် သူတို့ရဲ့ပြည်နယ်တွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ရီပတ်ပလီကင်တွေအကြားမှာ စိတ်စနိုးစနှောင့် ဖြစ်လာတာတွေရဲ့ သာဓကအချို့ဖြစ်ပါတယ်။

ရီပတ်ပလီကင် GOP ဥပဒေပြုအမတ်တွေဟာ ထရန့်ရဲ့ အငြင်းပွားဖွယ် အမိန့်ထုတ်ပြန်ချက်တွေကို သူတို့ရဲ့ အရေးအပါဆုံး ကာကွယ်ရေးလိုင်းဖြစ်တဲ့ လွှတ်တော်ကို ကိုယ်စားပြုတာကြောင့် ထရန့် အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ခြေရှိတာကို ထောက်ပြနေပါတယ်။

တကယ်လို့ ထရန့်က ဝေဖန်ထောက်ပြနေတဲ့ အစုအဝေးနဲ့ အလွန်ဝေးသွားမယ်ဆိုရင် လိုအပ်လာပါက ထရန့်ကို တားဆီးဖို့ သူတို့ရဲ့ ဥပဒေပြုအာဏာကို အသုံးပြုပြီး ဒီမိုကရက်တွေနဲ့ ပူးပေါင်းသွားနိုင်တယ်။

ဒေသဆိုင်ရာအကျိုးစီးပွားကို ကာကွယ်ခြင်းဟာ ကက်ပီတိုလ်ဟေးလ်ရှိ ရှေးအကျဆုံးသော လုပ်ရိုးလုပ်စဥ်တခု ဖြစ်ပါတယ်။ အဲ့ဒီအချက်ဟာ အနီရောင်ပြည်နယ်တွေရဲ့ ရီပတ်ပလီကန်တွေအတွက် မြင့်မားတဲ့ အရေးပါတဲ့ကိစ္စဖြစ်ပြီး အဲ့ဒီပြည်နယ်တွေဟာ အချိုးအစား ညီမျှမှု မရှိဘဲ ဝါရှင်တန်က ထောက်ပံ့ငွေတွေအပေါ် မှီခိုနေရပါတယ်။

ဖက်ဒရယ်အစိုးရဆီကို အခွန်ပေးဆောင်မှုထက် အစိုးရထံက ငွေပိုယူတဲ့ ထိပ်တန်းပြည်နယ် ၂၀ မှာ ၁၃ ပြည်နယ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲသုံးကြိမ်လုံးမှာ ထရန့်ကို မဲပေးခဲ့တဲ့ အနီရောင်ပြည်နယ်တွေ ဖြစ်တယ်လို့ Rockefeller Institute of Government ရဲ့ ဘဏ္ဍာနှစ် ၂၀၂၄ ဘတ်ဂျက်မှာ ခွဲခြမ်းစိတ်ဖြာချက်အရ သိရပါတယ်။

တစ်ချိန်တည်းမှာ နောက်ဆုံးသမ္မတရွေးကောက်ပွဲ ၃ ခုမှာ အစိုးရထောက်ပံ့ငွေ ရယူခြင်းထက် အစိုးရကို အခွန်ငွေ ပိုမိုပေးပို့ပေးခဲ့ကြတဲ့ ထိပ်တန်းပြည်နယ် ၅ ခု (နဲ့ ထိပ်ဆုံး ၁၀ ခုမှာ ၉ ခုဟာ) ဒီမိုကရက်တစ်ပါတီကို မဲပေးခဲ့ကြတဲ့ပြည်နယ်တွေ ဖြစ်ကြပါတယ်။

ကျေးလက်ဒေသတွေမှာရှိတဲ့ ရီပတ်ပလီကန်တွေအတွက် နောက်ထပ်အရေးကြီးတဲ့အချက်က ဖက်ဒရယ်အစိုးရကို အဓိကဖောက်သည်အဖြစ် တောင်ယာထုတ်ကုန်တွေကို ရောင်းချပြီး မှီခိုအားထားနေရတဲ့ တောင်သူလယ်သမားတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။

ထရန့်နဲ့ ဘီလီယံနာ အကြံပေး အီလွန်မတ်စ်ခ် (Elon Musk) တို့ ဖျက်သိမ်းဖို့ ပစ်မှတ်ထားခဲ့တဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဟာ ကမ္ဘာတဝှမ်း ငတ်မွတ်မှုကို တိုက်ဖျက်ရန်အတွက် အစိုးရက ဝယ်ယူပေးတဲ့ အမေရိကန် ကောက်ပဲသီးနှံတွေကို ဖြန့်ဝေပေးတဲ့ ငြိမ်းချမ်းရေးအတွက် အစားအစာ (Food for Peace) အစီအစဉ်ကို စီမံကွပ်ကဲပါတယ်။

အောက်လွှတ်တော် စိုက်ပျိုးရေးကော်မတီ ဥက္ကဌ ဂလန်းသွန်မဆင် ရီပတ်ပလီကင်အမတ် (Glenn Thompson) အပါအဝင် ကျေးလက်ပြည်နယ်တွေနဲ့ ခရိုင်တွေက ရီပတ်ဘလီကန်များ ညွန့်ပေါင်းအဖွဲ့ဟာ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာအစီအစဉ်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အခုသီတင်းပတ်မှာ ဥပဒေပြုပြီး စိုက်ပျိုးရေးဌာနကို လွှဲပြောင်းပေးလိုက်ပါတယ်။

“နှစ်ပေါင်း ၇၀ လုံးလုံး၊ ကန်းဆပ်ပြည်နယ်နဲ့ အမေရိကန် လယ်သမားတွေဟာ ကမ္ဘာတဝှမ်းက အာဟာရချို့တဲ့ပြီး ငတ်မွတ်ခေါင်းပါးတဲ့ လူတွေကို ကျွေးမွေးဖို့အတွက် သူတို့ရဲ့ စားကုန်ပစ္စည်းတွေကို ပေးပို့ရာမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်ပြည်သူတွေဆီက ဒီလက်ဆောင်က အစားအသောက်ထက် ပိုပါတယ်။ ဒါဟာ တမန်ရေးအရဒုက္ခရောက်နေတဲ့ အသိုက်အဝန်းတွေကို ကျွေးမွေးနေတာ ဖြစ်ပါတယ်” ဟု အောက်လွှတ်တော်ရီပတ်ပလီကင်အမတ် ထရေစီ မန်း (Rep. Tracey Mann) က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ နိုင်ငံပေါင်း ၁၅၀ ကျော်ရှိ လူ ၄ ဘီလီယံကျော်ကို ကျွေးမွေးခဲ့တယ်လို့ မန်းရဲ့ရုံးမှ‌ပြောကြားခဲ့ပြီး အဲ့ဒီဥပဒေကြမ်းကို ရီပတ်ပလီကင် သွန်မဆင်နဲ့ လွှတ်တော်အမတ်တွေ ဖြစ်တဲ့ ရစ် ကရောဖိုဒ် (Rick Crawford), ဒန်နယူဟောက်စ် (Dan Newhouse)၊ ဒေ’ဗစ် ရိုဇာ( David Rouzer)၊ ဆီနေတာ ဂျယ်ရီ မိုရန်(Sens. Jerry Moran) နဲ့ ဂျွန်ဟိုဗင် ( John Hoeven)တို့ ဖြစ်ပါတယ်။

ထရန့်ရဲ့ အခွန်စည်းကြပ်မှုတွေဟာ ကက်ပီတိုလ်ဟေးလ်ရှိ သူရဲ့ အခြားခိုင်မာတဲ့မဟာမိတ်အချို့ကြားမှာ လက်မခံဆန့်ကျင်မှုတွေ ရှိပါတယ်။ အဲ့ဒါကတော့ ကနေဒါက သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မယ်လို့ ထရန့်က ခြိမ်းခြောက်တာကို ကန့်ကွက်သူတွေထဲမှာ ဆီးနိတ်ဥက္ကဌနဲ့ တရားစီရင်ရေးကော်မတီဥက္ကဌဖြစ်သူ ရီပတ်ပလီကင်အိုင်အိုဝါ အထက်လွှတ်တော်အမတ် ချတ်ခ် ဂရပ်လီ (Chuck Grassley) ပါဝင်ပါတယ်။

“ဘိုင်ဒင်ငွေကြေးဖောင်းပွမှု” ကို ကိုးကားပြီး ဂရပ်လီက ဓာတ်မြေသြဇာရဲ့ကုန်ကျစရိတ် မြင့်မားမှုကို မှတ်ချက်ပေးပြီး အိုင်အိုဝါလယ်သမားတွေကို ကာကွယ်ပေးဖို့ အခွန်ကင်းလွတ်ခွင့်ကို တောင်းဆိုခဲ့ပါတယ်။

“မိသားစုလယ်သမားတွေက ကနေဒါကနေ ကျွန်တော်တို့ လိုအပ်တဲ့ ပိုတက်ရှ်ဓာတ်မြေသြဇာ အများစုကို ရတဲ့အတွက် ပိုတက်ရှ်ကို အကောက်ခွန်ကနေ ကင်းလွတ်ခွင့်ပေးဖို့ သမ္မတထရန့်ကို မေတ္တာရပ်ခံပါတယ်” လို့ X မှာ ရေးသားခဲ့ပါတယ်။

“ ကျွန်တော်က လွတ်လပ်ပြီး တရားမျှတတဲ့ ကုန်သွယ်မှုကိုအားပေးသူတစ်ယောက်ပါ” လို့ ဂရပ်လီ က NBC News ကို ပြောကြားခဲ့ပါတယ်။ “အခွန်စည်းကြပ်ဖို့ အဆိုပြုချက်နဲ့ သမ္မတကို ရွေးကောက်တင်မြှောက်ခံရတယ်။ သူတို့ ညှိနှိုင်းကြမယ်ဆိုရင် သူတို့ အလုပ်ဖြစ်မလားကြည့်ရမယ်။ သူတို့အလုပ်ဖြစ်ရင် သူ့ကို ကျွန်တော် ချီးကျူးမယ်။ သူတို့ အဆင်မပြေရင် ငါ မင်းကိုပြောခဲ့တယ် မဟုတ်လားလို့ ငါသူ့ကိုပြောမယ်”

ကင်တပ်ကီပြည်နယ်ရဲ့ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်နှစ်ဦးဖြစ်တဲ့ မစ်ချ် မက်ကောနဲလ် (Mitch McConnell) နဲ့ ရန်ပေါလ် (Rand Paul) တို့ဟာ ထရန့်ရဲ့ အခွန်စည်းကြပ်မှုကို ကန့်ကွက်ခဲ့ပြီး ကင်တာကီပြည်နယ်သားတွေ အပါအဝင် အမေရိကန်တွေအတွက် ကုန်ကျစရိတ်တွေ မြင့်တက်လာမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

Louisville Courier ဂျာနယ်အတွက် ဗုဒ္ဓဟူးနေ့က ထင်မြင်ချက်အပိုင်းတစ်ခုမှာ မက်ကောနဲလ် က အခွန်စည်းကြပ်တာဟာ “ ကမ္ဘာတစ်ဝှမ်းရှိ သီးနှံတွေကို ရောင်းချတဲ့ မိသားစု ခြံလုပ်ငန်း၇၅၀၀၀ ၊ ဒါမှမဟုတ် ကမ္ဘာ့ ဘာဘွန်း (bourbon) အရက် ထုတ်လုပ်တဲ့အလုပ်ကြိုးစားတဲ့ ကင်တာကီသား တွေ၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မော်တော်ယာဥ်လုပ်ငန်းတွေကို အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ်” လို့ သတိပေးခဲ့ပါတယ်။

“ကင်တပ်ကီမှာ ဒေသန္တရ ဆိုင်ပိုင်ရှင်တွေက သူတို့ကို ပစ္စည်းပေးသွင်းသူတွေရဲ့ ဈေးနှုန်းတွေ တက်သွားတာကို ကြားနေရတယ်။ ခန့်မှန်းချက်တစ်ခုအရ သမ္မတရဲ့အကောက်ခွန် တိုးကောက်မှုဟာ ကင်တာကီတယောက်ရဲ့ ပျမ်းမျှတစ်နှစ်လျှင်ဒေါ်လာ ၁၂၀၀ အထိ ပိုမိုကုန်ကျနိုင်တယ်လို့ မက်ကောနဲလ် က ရေးသားခဲ့ပါတယ်။

“ဒါက အိမ်(နိုင်ငံတွင်း) မှာသာ ဈေးတက်လာတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ ထရန့်အစိုးရ လက်ထက်မှာ ကုန်သွယ်ရေးမိတ်ဖက်တွေဆီက လက်တုံ့ပြန်အခွန်စည်းကြပ်မှုတွေဟာ စိုက်ပျိုးရေးလုပ်ငန်းကနေ ကုန်ထုတ်လုပ်မှုအထိ အာကာသနဲ့ မော်တော်ယာဉ်တွေအထိ အမေရိကန်စက်မှုလုပ်ငန်းအများအပြားကို ထိခိုက်တဲ့ပိုမိုကျယ်ပြန့်တဲ့ ကုန်သွယ်ရေးစစ်ပွဲကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အ အခုပင် ကနေဒါက မြေပဲထောပတ်ယိုနဲ့ ဝီစကီတို့လို ထုတ်ကုန်တွေကို ပစ်မှတ်ထားပြီး ကင်တာကီ ထုတ်လုပ်မှုကို တိုက်ရိုက်ရည်ရွယ်တဲ့ လက်တုံ့ပြန်တဲ့ စီမံချက်တွေကို ကြေညာခဲ့ပါတယ်။

မက်ကောနဲလ်နဲ့ မကြာခဏ သဘောမတူတဲ့ ပေါလ်ဟာ အဲ့ဒီကိစ္စရပ်အတွက် သူနဲ့ မက်ကောနဲလ်တို့ အဲ့ဒီအချက်မှာ သ‌ဘောထားတူညီခဲ့ကြပါတယ်။

“ ကျွန်တော်တို့ဟာ စျေးနှုန်းကြီးမြင့်မှုကို ဖြစ်စေတဲ့ ဒီမိုကရက်တွေရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့အတွက် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။ အကောက်ခွန် တိုးချင်သူတွေဟာ မြင့်မားတဲ့ စျေးနှုန်းတွေ ဖြစ်တည်လာမှုကို ရှင်းပြဖို့ တွန်းအားပေးခြင်းခံရလိမ့်” လို့ ပေါလ်က X မှာ ပြောကြားခဲ့ပါတယ်။

ထရန့်နဲ့ ရီပတ်ဘလီကန်တွေကြား ပိုမိုများပြားတဲ့ တင်းမာမှုတွေ လွှတ်တော်အတွင်း ရှိလာနိုင်ပြီး သမ္မတ ဂျိုးဘိုင်ဒင်က ပြဋ္ဌာန်းခဲ့တဲ့ ထောက်ပံ့ငွေ ဥပဒေနှစ်ရပ်ကို ထရန့်က ရပ်ဆိုင်းထားခဲ့ပါတယ်။ အဲ့ဒီ အခြေခံအဆောက်အအုံဆိုင်ရာ ငွေကြေးနဲ့ လျှပ်စစ်ကားတွေလို သန့်ရှင်းတဲ့ စွမ်းအင်ခရက်ဒစ်တွေအတွက် ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းထားတဲ့အတွက် ကွန်ဂရက်မှာ ထရန့်နဲ့ ရီပတ်ဘလီကန်တွေအကြား တင်းမာမှုတွေ ရှိလာနိုင်ပါတယ်။ အဲ့ဒီ ဥပဒေနှစ်ခုစလုံးဟာ အနီရောင်ပြည်နယ်တွေကို သိသိသာသာငွေတွေ ပံ့ပိုးပေးအပ်ခဲ့ပါတယ်။

အစိုးရရန်ပုံငွေတွေကို ကြီးကြပ်တဲ့ Appropriations Committee ၏ ဒုတိယဥက္ကဌဖြစ်တဲ့ ဒီမိုကရက် ဆီနေတာ ပက်တီ မာ‌ရေး (Sen. Patty Murray) က ထရန့်ဟာ ပိုက်ဆံတွေကို အခြားနည်းလမ်းနဲ့ ဖြတ်တောက်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ထားဖို့ ကြိုးစားသင့်ပြီး ပထမဦးစွာ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်ကို ဦးစွာရယူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ လယ်သမားတွေကို စီးပွားရေးပျက်အောင်လုပ်တာ၊ အခြေခံအဆောက်အအုံ ပရောဂျက်တွေကို ရပ်ဆိုင်းစေတာ၊ ကင်ဆာသုတေသနပြုနေတာကို ဖြတ်တောက်တာ၊ လစာကောင်းတဲ့ သန့်ရှင်းတဲ့စွမ်းအင်အလုပ်တွေကို ဖြုတ်ပစ်တာဟာ လူကြိုက်နည်းရုံသာမက၊ နေရာတိုင်းက အလုပ်သမားတွေအတွက်ပါ ထိခိုက်ပျက်စီးမှု ဖြစ်စေပါတယ်။ ထရန့်အနေနဲ့ တရားမဝင်တဲ့ သူရဲ့ရန်ပုံငွေကို ရပ်တန့်ထားမှုနဲ့ DOGE က ဖြတ်တောက်မှု တစုံလုံးကို ပြန်လှန်ပစ်ဖို့ အချိန်တန်ပြီ” လို့ မာရေးက NBC News ကို ပြောကြားခဲ့ပါတယ်။

“ထရန့်ရဲ့ မူဝါဒတွေက အနီရောင်ပြည်နယ်နဲ့ အပြာရောင်ပြည်နယ်တွေက လူမှုအသိုင်းအဝိုင်းတွေနဲ့ မိသားစုတွေကို ထိခိုက်စေတယ်။ တကယ်လို့ ထရန်နဲ့ အီလွန်တို့ဟာ ကင်ဆာသုတေသနနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်တွေအတွက် ရန်ပုံငွေတွေကို ဖြတ်ချင်တယ်ဆိုရင် အဲ့ဒီအတွက် အဆိုပြုချက်ကျွန်တော်တို့ဆီကို ပေးပို့ပြီး ကွန်ဂရက်လွှတ်တော်မှာ မဲခွဲပြီး မဲအနိုင်ရရှိဖို့ ကြိုးစားဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။

သတင်းရင်းမြစ်။ NBC News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 48 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက