နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ထရန့်သည် ပူတင်နှင့် အရင်တွေ့ဆုံပါက အန္တရာယ်ရှိနိုင်သည်ဟု ဇလန်းစကီး သတိပေး

ဖေဖော်ဝါရီလ (၁၅) ရက်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက သူ ပါဝင်ခြင်း မရှိဘဲ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့် သမတထရန်တို့ အရင်တွေ့ဆုံခြင်းသည် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားသည်။ဇလန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပထမဆုံးသူ့အနေနှင့် ပါဝင်မည့်သူဖြစ်ရန် ထရန့်က အာမခံချက်ပေးမထားကြောင်း ဝန်ခံထားသည်။

ဇလန်းစကီးသည် ပူတင်နှင့် ထရန့်တို့ကြား ဖုန်းခေါ် ညှိနှိုင်းပြောကြားမှုများကြောင့် ယူကရိန်းတွင် စိုရိမ်ကြောက်လန့်မှုများ တိုးပွားလာခဲ့ပြီး ထိုဆွေး‌နွေးမှုက ယူကရိန်းကို လျစ်လျူရှုထားခဲ့သည်။ ထို့အပြင် အိမ်ဖြူတော်က နေတိုးအဖွဲ့ဝင်ဖြစ်လိုသည့် ယူကရိန်း၏ အလားအလာများကို အားမပေးဘဲ နှိမ့်ချစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။

စနေနေ့က မြူးနစ်လုံခြုံရေးညီလာခံတွင် CNN ၏ သတင်းသမား ခရစ်တင်း အမ်မန်ပို (Christiane Amanpour) နှင့် စကားပြောဆိုရာတွင် ဇလန်းစကီးသည် ထရန့်၏ ပထမဆုံး ပူတင်နှင့် ဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍ “သဘောမကျကြောင်း” ဝန်ခံခဲ့သည်။ ယူကရိန်းခေါင်းဆောင်က ထရန့်သည် ရုရှားသမ္မတနှင့် သူ့အရင်တွေ့ဆုံပါက ၎င်းသည် ပို၍ပင် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးခဲ့သည်။

ဇလန်းစကီးက “သူနဲ့ ပထမဆုံး တွေ့ဆုံဖို့ ထရန့်က ကတိကဝတ် မပေးခဲ့ဘူး” ဟု ယူကရိန်းသမ္မတက CNN ကို ပြောပါသည်။ သို့သော်လည်း စစ်ပွဲအဆုံးသတ်ရန် ခိုင်မာသောအစီအစဉ်များကို ဆွေးနွေးရန် “အမြန်တွေ့ဆုံရန်” လိုအပ်ကြောင်း အမေရိကန်သမ္မတက နားလည်ခဲ့ကြောင်း ဇလန်းစကီး က ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတက ပူတင်နှင့် ထရန့်တို့အကြား ပြောဆိုမှုသည် နေတိုးအပေါ် အကြီးမားဆုံး သြဇာသက်ရောက်မှု ရှိပုံရပြီး ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးပွဲများသည် ယူကရိန်း ပါဝင်ပတ်သက်မှု မရှိဘဲ ရှေ့ဆက်သွားနိုင်မည် မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“အခုအချိန်မှာ၊ နေတိုးအဖွဲ့ဝင်တွေကို အလွှမ်းမိုးနိုင်ဆုံးက ပူတင် ဖြစ်နေပုံရတယ်၊ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့စိတ်ဆန္ဒက နေတိုးရဲ့ ဆုံးဖြတ်ချက်တွေကို ပိတ်ဆို့နိုင်တဲ့ အစွမ်းရှိနေတယ်” ဟု ဇလန်းစကီး က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပါဝင်ပတ်သက်မှု မရှိဘဲ ကျွန်တော်တို့ရဲ့ နောက်ကွယ်မှာ ပြုလုပ်တဲ့ သဘောတူညီချက် တွေကို ယူကရိန်းက ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ ပြီးတော့ တူညီတဲ့စည်းမျဉ်းသတ်မှတ်ချက်ကို ဥရောပနိုင်ငံအားလုံးအပေါ် ထားသင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

“ယူကရိန်းမပါဘဲ ယူကရိန်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချခွင့်မရှိဘူး။ ဥရောပမပါဘဲ ဥရောပနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချလို့မရပါဘူး။ ဥရောပနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ စားပွဲဝိုင်းမှာ ဥရောပနိုင်ငံတွေ ရှိနေရမယ်” ​​ဟု ဇလန်းစကီးက ဆက်ပြောခဲ့သည်။

ဇလန်းစကီးက ဥရောပအတွက် အမေရိကန်၏ အာမခံချက်ရှိသော ထောက်ခံမှုနေ့ရက်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း သတိပေးခဲ့သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က သမ္မတထရန့်က ပူတင်နဲ့ သူ့ရဲ့ စကားပြောဆိုမှုအကြောင်း ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အဲဒီစားပွဲဝိုင်းမှာ အမေရိကက ဥရောပ ပါဝင်ဖို့လိုတယ်ဆိုတာ တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒီအချက်က အဓိပ္ပါယ်အများကြီးရှိတယ်” ဟု ပြောသည်။

“အမေရိကန်က ဥရောပကို အမြဲပံ့ပိုးပေးခဲ့တဲ့ ခေတ်ဟောင်းတွေ ကုန်လွန်သွားပြီ” ဟု ၎င်းက ထပ်လောင်းပြောသည်။

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့် (JD Vance) က အမေရိကန်၏ ဥရောပမဟာမိတ်များကို လုံခြုံ‌ရေးအစည်းအဝေးမိန့်ခွန်းတွင် ယူကရိန်းအရေးနှင့် ရုရှားတို့အကြား ပြေလည်မှုရနိုင်သော အလားအလာအကြောင်းကို ထိတွေ့ ပြောကြားမှုမရှိ သလောက် ဖယ်ထုတ်ထားခဲ့ကြောင်းကို နောက်တစ်ရက်အကြာတွင် ယူကရိန်းခေါင်းဆောင်က ပြောဆိုခဲ့သည်။

“မနေ့က မြူးနစ်မှာ အမေရိကန်ဒုသမ္မတက ဥရောပနဲ့ အမေရိကကြားက ဆယ်စုနှစ် လောက် ကစခဲ့တဲ့ ဆက်ဆံရေးဟောင်းတွေ ကုန်ဆုံးတော့မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ် ။ အခုအချိန်ကစပြီး အရာအားလုံးက ကွဲပြားသွားမှာဖြစ်ပြီး ဥရောပက အဲဒါကို ကိုက်ညှိဖို့ လိုအပ်ပါတယ်” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတက အမေရိကန်သည် တစ်ချိန်ကကဲ့သို့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများကို ဆက်လက်ပံ့ပိုးပေးမည်မဟုတ်ကြောင်း ဝန်ခံထားသောကြောင့် စည်းလုံးသော ဥရောပစစ်တပ်ကို တည်ထောင်ရန် တောင်းဆိုခဲ့သည်။

“ရိုးသားစွာပြောရရင်တော့ ဥရောပကို ခြိမ်းခြောက်နေတဲ့ ကိစ္စတွေကို အမေရိကက ‘မလုပ်ဘူး’ လို့ ပြောနိုင်တဲ့ ဖြစ်နိုင်ခြေကို အခု ကျွန်တော်တို့ ငြင်းလို့မရပါဘူး။ ခေါင်းဆောင် အများအပြားက သူတို့ရဲ့ ကိုယ်ပိုင်စစ်တပ်ဖြစ်တဲ့ ဥရောပတပ်မတော်တစ်ခု လိုအပ်တဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်” ဟု ၎င်းက ဆိုသည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 91 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက