နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုံရန်သူကိုချေမှုန်းဖို့ အောင်ပွဲရတဲ့အထိ အတူတိုက်ပွဲဆင်နွှဲဖို့ ချင်းပြည်ကောင်စီဥက္ကဋ္ဌ တိုက်တွန်း

ဖေဖော်ဝါရီလ (၂၀)ရက်။

ဘုံရန်သူကိုချေမှုန်းဖို့ အောင်ပွဲရတဲ့အထိ အတူတကွ တိုက်ပွဲဆင်နွှဲကြဖို့ ချင်းပြည်ကောင်စီဥက္ကဋ္ဌ ပူးဇိန်ကျုံးရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

“ မိမိတို့မှာရှိတဲ့ အချိန်၊ လူ၊ လက်နက်ခဲယမ်း၊ ငွေနဲ့ မိတ်ဆွေတွေကို ဘုံရန်သူချေမှုန်းဖို့အတွက် ထိရောက်စွာပေါင်းစပ်ပြီး အောင်ပွဲရတဲ့အထိ အတူတိုက်ပွဲဆင်နွှဲဖို့ ပြောကြားလိုပါတယ်” လို့ ဆိုပါတယ်။

ချင်းပြည်တည်ဆောက်ဖို့က ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့ကိုမှ ဩဇာခံရမယ့် လူမျိုးမဟုတ်ဘူးဆိုတာကို သတိပြုဖို့နဲ့ ချင်းလူမျိုးရဲ့အင်အားဟာ ချင်းလူမျိုးထဲမှာသာ ရှိတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး ပြည်ထောင်စုရဲ့ အခြေခံဟာ ပြည်နယ်တွေဖြစ်တာကြောင့် ချင်းပြည်တည်ဆောက်ဖို့ကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးမှု အခြေခံနဲ့ ချင်းပြည်သူအားလုံး ဝိုင်းဝန်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ချင်းပြည်တည်ဆောက်ဖို့တင်မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုအတွက်လဲ ချင်းလူမျိုးမှာ တာဝန်ရှိကာ နိုင်ငံရေးအရ၊ လူမျိုးရေးအရ တန်းတူရေးရှိဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ အခုကစပြီး ‌တည်ဆောက်ရမယ်လို့ ပြောဆိုထားပါတယ်။

အခုအချိန်ဟာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနေတဲ့ ကာလဖြစ်တာကြောင့် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်စွာနဲ့ အတူတိုက်ပွဲဝင်ဖို့နဲ့ အချင်းချင်းကြား ဝိဝါဒကွဲပြားတာတွေရှိရင် စိတ်ရင်းစေတနာနဲ့ ညှိနှိုင်းဖြေရှင်းဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ထီးခီးရွာထဲ စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 2 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေရှိ ထီးခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU
မြန်မာသတင်း

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ ကုလသံအမတ် ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 12 Views
အောက်တိုဘာလ (၁၄)ရက်။ စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ မနေ့က ကုလသမဂ္ဂမှာပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

နမ့်ဆန်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသူ (၁)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 18 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နမ့်ဆန်မြို့ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတာ။ ‌ရွာထဲ (၄)လုံးကျတယ်။ (၈)တန်းကျောင်းသူတဦး
မြန်မာသတင်း

လွိုင်လင်လေးမြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၁၀)ဦးကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာများပြားခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 13 Views
အောက်တိုဘာလ (၁၄)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ကစပြီး လွိုင်လင်လေးမြို့ လင်ဖုန်ကြီးရွာဖက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လင်ဖုန်းကြီးရွာက စစ်တပ်က အင်အား (၆၀)ကျော်နဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 49 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊ ABSDF၊ PNLO၊ NMSP(AD)နဲ့ LDU တိုက ဒီကနေ့မှာ တိုက်တွန်းထားတယ်လို သိရပါတယ်။
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာအနောက်ဘက်ကနေ ကင်းလှည့်ပြီး ပြန်ဝင်လာတဲ့ ရဲကားကို
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 24 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 23 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ