နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗန်းမော််မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံး

ဖေဖော်ဝါရီလ (၂၀)ရက်။

ဖေဖော်ဝါရီလ (၁၇)ရက်ကနေ (၁၉)ရက်နေ့အထိ ဗန်းမော်မြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ (၁၂)ဦးခန့် သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။

“ ဗန်းမော်မှာ စကစက ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ အပြင်းအထန် ခုခံနေတာ။ ‌(၁၈)ရက်နေ့ကစပြီး လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတွေကို အဆက်မပြတ် ပြင်းထန်စွာ ပြုလုပ်နေတာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ စင်းခန်းနဲ့ ဗန်းမော်တဖက်ကမ်းရှိ ပါပေါင်းရွာ၊ ငှက်ပျောတောရွာ၊ သဖန်းပင်ရွာနဲ့ မြစေတီရွာတို့အပါအဝင် မြို့သစ်အနီးရှိ ဝက်ယင်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ (၂)လကျော်ကာလထဲ တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီရဲ့ မြို့ထဲအခြေစိုက် သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မနေ့ကလဲ ခလရ(၂၃၆)နဲ့ အမြောက်တပ်(၃၆၆)တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

စစ်ကောင်စီရဲ့ အမြောက်တပ်(အမတ-၃၆၆)ကို အခုလဆန်းပိုင်းက သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။

ဒီလို စစ်ကောင်စီရဲ့ အမတ(၃၆၆)နဲ့ ခလရ(၂၃၆)တပ်စခန်းတွေ သိမ်းပိုက်ခံရတာကို စစ်လော်ဘီတွေကလဲ အတည်ပြုရေးသားထားကြပြီး စကခ(၂၁)မှာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခံနေရတယ်လို့ ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် ဗန်းမော်မြို့ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေ ဆက်ရှိနေသေးကာ အရပ်သားနေအိမ်တွေကနေ ဆန်နဲ့ စားနပ်ရိက္ခာတွေ ဖောက်ထွင်းခိုးယူနေပြီး ဗန်းမော်ထောင် ပွင့်တဲ့သတင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ မြေပြင်တပ်ဖွဲ့တွေက ဖော်ပြထားပါတယ်။

ဗန်းမော််မြို့သိမ်းတိုက်ပွဲကို KIA နဲ့အတူ AA၊ ABSDF၊ ဗန်းမော် PDF နဲ့အတူ ဗန်းမော်မြို့ခံ UG အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာလို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 30 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 30 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 26 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 28 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 28 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ