နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဒုတိယအကြိမ် ဓါးပြထပ်တိုက်ခံရ၊ ကျပ်သိန်း(၁၅၀၀)ခန့်ပါသွားခဲ့တယ်လို့ဆို

ဖေဖော်ဝါရလ (၂၁)ရက်။

ဒီကနေ့ နေ့လယ် (၂)နာရီဝန်းကျင်ခန့်က မန္တလေး မဟာအောင်မြေမြို့နယ်ရှိ KBZ ဘဏ်ခွဲ(၃၇)မှာ ဓါးပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ နေ့ခင်းကြီးကို လူစည်တဲ့နေရာ ဗောဓိကုန်းက KBZ ဘဏ်ခွဲ(၃၇) ဓါးပြတိုက်ခံရတာ၊ ဓါးပြတိုက်သွားတဲ့သူကလဲ အေးဆေးပဲ။ ဆိုင်ကယ်နဲ့လာပြီး ပိုက်ဆံတွေယူပြီး ပြန်ထွက်သွားတာ။ ဒါက ဒုတိယအကြိမ် ဓါးပြတိုက်ခံရတာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရှိ KBZ ဘဏ်ခွဲ အမှတ်(၃၇)ကို သေနတ်ကိုင်ဆောင်ထားတဲ့ အမည်မသိအမျိုးသားတစ်ဦးက စူပါကပ်ဆိုင်ကယ်နဲ့ရောက်လာပြီး ဓါးပြတိုက်သွားခဲ့တာလို့ သိရပါတယ်။

“ ပြီးခဲ့တဲ့လ (၁၁)ရက်နေ့ကလဲ အဲ့ဒီဘဏ်ကိုပဲ လက်လုပ်သေနတ်နဲ့ ဓါးပြတိုက်ခံရသေးတယ်။ ပထမတခေါက်တုန်းကတော့ ပြည်သူတွေ ဝိုင်းဖမ်းလို့ မိသွားတယ်။ အခုတခေါက်ကတော့ တကိုယ်တော် ဓါးပြတိုက်ပြီး အေးဆေးပဲထွက်သွားတာ၊ စကစတွေကတော့ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

KBZ ဘဏ်ခွဲ(၃၇) ဓါးပြတိုက်ခံရမှုဖြစ်စဉ်ထဲ ကျပ်သိန်း(၁၅၀၀)ခန့် ပါသွားခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားကာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေက ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၁)ရက်နေ့ကလဲ KBZ ဘဏ်ခွဲ(၃၇)ကို လက်လုပ်သေနတ်နဲ့ အမျိုးသားတစ်ဦး ဓါးပြတိုင်ခဲ့ရာ အနီးရှိ ဘဏ်တာဝန်ရှိသူတွေနဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာပါ။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့ကြီးတွေက ဘဏ်နဲ့ ရွှေဆိုင်တွေမှာ ဓါးပြတိုက်တဲ့ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီကတော့ ထိထိရောက်ရောက် မဖမ်းဆီးနိုင်ဘူးလို့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 22 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 30 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 32 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 29 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 26 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 28 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 26 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့