နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ဗုံးအလုံးရေ (၃၀)ကျော် ကြဲချခံရ၊ အရပ်သား (၁)ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့

ဖေဖော်ဝါရီလ (၂၂)ရက်။

ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီဝန်းကျင်ခန့်က နောင်ချိုမြို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၃၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ ညသန်းခေါင်အချိန် (၁၂)နာရီကျော်ကနေ (၁)နာရီခွဲလောက်အထိ Y-12 လေယာဉ်နဲ့ ရွှေမုဋ္ဌောရွာနဲ့ တောင်ရှည်ရွာကို ဗုံးအလုံးရေ (၃၀)ကျော် ကြဲချသွားတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ရွှေမုဋ္ဌောရွာကို ည(၁၂)နာရီ (၁၅)မိနစ်အချိန်က ဗုံး (၅)လုံးနဲ့ တောင်ရှည်ရွာကို နံနက် (၁)နာရီခွဲအချိန်မှာ ဗုံး (၂၇)လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး မနေ့ကလဲ နောင်ချိုမြို့ လောက်ဖန်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် (၄)ဦး ဒဏ်ရာရကာ နေအိမ် (၆)လုံး ပျက်စီးခဲ့ပါသေးတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့က မိုးမိတ်မြို့ရှိ ဝဲဘောင်းရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါက် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့ကာ (၈)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် (၃)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့ကာ နေအိမ် (၅)လုံး ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ ကူမင်းဆွေးနွေးပွဲပြုလုပ်တဲ့ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ကနေ ဒီကနေ့အထိ တအာင်းပြည်ထဲ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် (၆)ဦးသေဆုံးပြီး (၁၅)ဦး ဒဏ်ရာရခဲ့ကာ ပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ် (၁၁)လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ဦးတည်ဗုံးကြဲနေကာ ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ TNLA က အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 19 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 20 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 19 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 30 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 30 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏