နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ နှစ်ငါးလုံးနေ့အနေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ပြုလုပ်

ဖေဖော်ဝါရီလ (၂၂)ရက်။

ဒီကနေ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှစ်ငါးလုံးနေ့ လှုပ်ရှားမှုအနေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။

ရန်ကုန်တော်လှန်လူငယ်တွေဟာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားတဲ့အချိန် နှစ်ငါးလုံးနေ့ လှုပ်ရှားမှုအနေနဲ့ “ ငုံ့မခံနဲ့ တုန့်ပြန်၊ အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူလူထုအပေါင်း ကြုံတွေ့နေရတဲ့ အထွေထွေကြပ်တည်းမှု၊ ကိုယ်စိတ်မလုံခြုံမှုနဲ အဓမ္မ စစ်သားစုဆောင်းခံရမှု စတဲ့ ဖိနှိပ်ခံရမှုတွေရဲ့ အဓိက လက်သည်တရားခံဟာ ဖက်ဆစ်ကောင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ လက်ဝေခံတွေကြောင့်လို့ ဖော်ပြထားပါတယ်။

ဒီလိုအခြေအနေတွေကနေ လွတ်မြောက်ဖို့ဟာ ပြည်သူလူထုကြိီးအနေနဲ့ အခုလက်ရှိ ပကတိအခြေအနေထဲ ရင်ဆိုင်နေရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခေါင်းငုံ့ခံမနေဘဲ တော်လှန်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အထွေထွေဖိနှိပ်ခံရတာတွေကို အံ့တုတွန်းလှန်ပြီး ဖက်ဆစ်ကောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ် အမြစ်ပြတ်တဲ့အထိ ဆက်လက်တော်လှန်ကြဖို့ တော်လှန်လူငယ်တွေက နှိုးဆော်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 37 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ကို Facebook ဖယ်ရှား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 31 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ခုကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် (၃)နှစ်အရွယ်အပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ ည (၉)နာရီ (၂၅)မိနစ်အချိန်က ဒူးသထူခရိုင်မှာ စစ်တပ်ရဲ့ ခမရ(၃)ကနေ ၁၂၀မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ KNPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 33 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် ယတြာချေဖို့ လပခဌာနချုပ်ထဲ တည်းခိုနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 51 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းအောင်လှိုင်က မန္တလေးမှာ မဲရုံတွေကိုလိုက်ကြည့်ပြီး အပြန် ယတြာချေဖို့ လပခထဲ
မြန်မာသတင်း

ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ရဲဘော်တွေကို ဦးညွတ်အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 38 Views
တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုအသိပေး ဇန်နဝါရီလ (၂၇)ရက်။ နိုင်ငံအတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ရဲဘော်ဟောင်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ဦးညွတ်‌အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရဲဘော်တွေအနေနဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး
မြန်မာသတင်း

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 31 Views
ဇန်နဝါရီလ (၂၇)ရက်။ NLD အစိုးရလက်ထက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီဖြစ်တယ်လို့ ညီဖြစ်သူရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကိုအကြီးဆုံး ဒေါက်တာ ဦးမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံမှာ ဒေသစံတော်ချိန်
မြန်မာသတင်း

အင်အားစုတွေအကြား သဘောထားကွဲလွဲတာတွေ ညှိနှိုင်းဖြေရှင်းဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 33 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး