နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီသံရုံးတွေက သံအမတ်တွေနဲ့ ကောင်စစ်ဝန်ချုပ်ဆိုသူတွေကို NUG အမည်ပျက်စာရင်းကြေညာ

ဖေဖော်ဝါရီလ (၂၂)ရက်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ဒေါက်တိုင်တွေအနေနဲ့ ‌ဆောင်ရွက်နေတဲ့ သံအမတ်တွေနဲ့ ကောင်စစ်ဝန်ချုပ်ဆိုသူ‌တွေကို NUG က ဒီကနေ့မှာ အမည်ပျက်စာရင်း(Blacklist) ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

NUG ရဲ့ အမည်ပျက်စာရင်း ထည့်သွင်းခံရသူတွေဟာ အစ္စလာမာဘတ်၊ ဂျကာတာ၊ ကွာလာလမ်ပူ၊ မော်စကို၊ ပါရီ၊ ပရီတိုးရီးယား၊ ရီယာ့ဒ်၊ ရောမ၊ ဆိုးလ်၊ ဗီယင်ကျန်း၊ ဘန်ဒါဆရီဘီဂါဝန်၊ ဟားဗားနား၊ လန်ဒန်၊ မနီလာ၊ ဘာလင်၊ ကောလ်ကတ္တားနဲ့ လော့စ်အိန်ဂျလိစ်တို့ရှိ သံရုံးတွေက သံအမတ်တွေနဲ့ ကောင်စစ်ဝန်ချုပ်ဆိုသူတွေ ဖြစ်ပါတယ်။

ပြည်ပရှိ သံရုံး၊ အဖွဲ့ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်တွေနဲ့ သံတမန်တွေကို အကြမ်းဖက်စစ်အုပ်စုကို ကိုယ်စားမပြုဘဲ ပြည်သူ့ဘက်ရပ်တည်ဖို့ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို မျက်ကွယ်ပြုပြီး နိုင်ငံတကာကို သတင်းအမှားဖြန့်ကာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒေါက်တိုင်တွေအနေနဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ရမယ့်အစား ပတ်စ်ပို့သက်တမ်းတိုးကိစ္စတွေ၊ ကောင်စစ်ရေးရာကိစ္စတွေနဲ့ ပြည်ပမှာ နေထိုင်၊ အလုပ်လုပ်ဖို့တို့မှာ ပိုမိုခက်ခဲကျပ်တည်းစေဖို့ နည်းမျိုးစုံနဲ့ ဖိနှိပ်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား အဓမ္မစစ်သားစုဆောင်းတာနဲ့ ဖိနှိပ်တာတွေကို လက်ပါးစေပီသစွာ အကောင်အထည်ဖော်ပေးနေတဲ့အတွက် အရင်ထုတ်ပြန်ထားတဲ့ အမည်ပျက်စာရင်းကို ထပ်မံသတိပေးတာလို့ ပြောဆိုထားပါတယ်။

အခုလို NUG ဘက်က အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေသူတွေကို အမည်ပျက်စာရင်းတွေ ထုတ်ပြန်ပြီး သတိပေးတာတွေ လုပ်ဆောင်နေပေမယ့် စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ထီးခီးရွာထဲ စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 34 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေရှိ ထီးခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU
မြန်မာသတင်း

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ ကုလသံအမတ် ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 21 Views
အောက်တိုဘာလ (၁၄)ရက်။ စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ မနေ့က ကုလသမဂ္ဂမှာပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

နမ့်ဆန်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသူ (၁)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 27 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နမ့်ဆန်မြို့ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတာ။ ‌ရွာထဲ (၄)လုံးကျတယ်။ (၈)တန်းကျောင်းသူတဦး
မြန်မာသတင်း

လွိုင်လင်လေးမြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၁၀)ဦးကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာများပြားခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 20 Views
အောက်တိုဘာလ (၁၄)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ကစပြီး လွိုင်လင်လေးမြို့ လင်ဖုန်ကြီးရွာဖက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လင်ဖုန်းကြီးရွာက စစ်တပ်က အင်အား (၆၀)ကျော်နဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 53 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊ ABSDF၊ PNLO၊ NMSP(AD)နဲ့ LDU တိုက ဒီကနေ့မှာ တိုက်တွန်းထားတယ်လို သိရပါတယ်။
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 25 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာအနောက်ဘက်ကနေ ကင်းလှည့်ပြီး ပြန်ဝင်လာတဲ့ ရဲကားကို
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 28 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 26 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ