နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ယူကရိန်းအတွက် အမေရိကန်အကူအညီက ဥရောပထက် ပိုများတယ်လို့ ထရမ့်က ထပ်ပြီး လိမ်ညာပြောဆိုဟုဆို

ဖေဖော်ဝါရီလ (၂၅) ရက်။

ကြာသပတေးနေ့ အိမ်ဖြူတော်တွင် ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲအတွက် အမေရိကန်ဟာ ဥရောပနိုင်ငံတွေထက် ယူကရိန်းစစ်ပွဲအတွက် ပိုမိုသုံးစွဲနေတယ်လို့ မှားယွင်းနေတဲ့ ပြောဆိုချက်ကို ထပ်မံပြောကြားခဲ့ပါတယ်။

“ အမေရိကန်က ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် သုံးစွဲနေပြီး ဥရောပက ဒေါ်လာ ၁၀၀ ဘီလီယံလောက်သာ သုံးစွဲနေပါတယ်” လို့ ထရမ့်က ပြောဆိုခဲ့ပြီး “ ဒါက ကြီးမားတဲ့ ကွာခြားချက်ဖြစ်ပြီး တစ်နေ့မှာတော့ ပမာဏနှစ်ခုက ညီမျှသင့်တယ်” လို့ ပြောပါတယ်။

ဘဲဥပုံရုံးအစည်းအဝေးအတွင်း မက်ခရွန်က ယူကရိန်းအတွက် ဥရောပနိုင်ငံတွေက ထောက်ပံ့မှု အခြေအနေမှန်ကို ထရမ့်အား ပြန်လည်ပြင်ဆင်ဖို့ စကားကို ဖြတ်ပြောခဲ့ပါတယ်။

Kiel Institute for the World Economy ရဲ့ အဆိုအရ ယူကရိန်းအား စစ်အတွင်း အကူအညီကို အနီးကပ်ခြေရာခံတဲ့ ဂျာမန်ပညာရှင်အဖွဲ့က ဥရောပသမဂ္ဂနဲ့ အခြားဥရောပနိုင်ငံတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ စစ်အတွင်းအကူအညီ ဒေါ်လာ ၂၅၈ ဘီလီယံခန့် ပေးအပ်ခဲ့ပြီး အမေရိကန်ကတော့ ဒေါ်လာ ၁၂၄ ဘီလီယံ ထောက်ပံ့ပေးခဲ့တဲ့အတွက် ဥရောပက အမေရိကန်ထက် ပိုများနေပါတယ်။

ဒါ့အပြင် ဥရောပက စစ်ရေး၊ ဘဏ္ဍာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် ဒေါ်လာ ၁၃၈ ဘီလီယံခန့် ခွဲဝေပေးခဲ့ပြီး အမေရိကန်က ဒေါ်လာ ၁၁၉ ဘီလီယံခွဲ ဝေပေးတဲ့အတွက် ဥရောပက အမေရိကန်ထက် ပိုများပါတယ်။

စစ်ရေးအကူအညီတစ်ခုတည်းအနေနဲ့ ပြောရရင် အမေရိကန်က ဒေါ်လာ ၆၇ ဘီလီယံခန့် ဖြစ်ပြီး ၎င်းပေးသည့် ဥရောပက ဒေါ်လာ ၆၅ ဘီလီယံခန့် ဖြစ်တဲ့အတွက် အမေရိကန်က အနည်းငယ်ပိုနေပေမဲ့ ထရမ့် ပြောသလို များစွာ ကွာဟချက်မရှိဘူးလို့ ဆိုပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့် သည် အပစ်အခတ်ရပ်စဲရေး ရပ်တည်ချက်ကို ပြောင်းလိုက်ပြီး ရုရှား၏ ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူရန် ယူကရိန်းကို တိုက်တွန်းခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်
  • 15 Views
ဘီဘီစီ- ၂၀၂၅၊ သြဂုတ်လ ၁၇ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီးနောက် ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးကို ကျော်လွန်၍ အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်
ပြင်သစ် ဗြိတိန် ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ရုရှားအပေါ် “ဖိအားပေးခြင်းကိုဆက်လက်ထိန်းထားရန်” အချိန်ဖြစ်သည်ဟု – ဥရောပ ခေါင်းဆောင်များက ဇလန်းစကီးကို တုံ့ပြန်အားပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 23 Views
ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဥရောပခေါင်းဆောင်များထံမှ မှတ်ချက်များ ထပ်မံထွက်ပေါ်လာသည်။ ယူကရိန်းမှာ ငြိမ်းချမ်းရေး မပြီးမချင်း ရုရှားအပေါ် ဖိအားတွေကို ဆက်လက်ထိန်းထားဖို့
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

လက်ယာစွန်းအစ္စရေးဝန်ကြီးက ထင်ရှားသော ပါလက်စတိုင်းအကျဉ်းသားကို ကဲ့ရဲ့ရှုတ်ချခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 19 Views
ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေထားသည့် ဗီဒီယိုဖိုင်အသစ်တွင် လက်ယာစွန်းအစ္စရေးဝန်ကြီး အီတာမာဘင်ဂဲဗီယာ (Itamar Ben Gvir) သည် အစ္စ‌ရေးအကျဉ်းထောင်အတွင်း အထင်ရှားဆုံး ပါလက်စတိုင်းအကျဉ်းသား မာရာဝမ် ဘာရုဂူတီ (Marwan Barghouti) ကို ဝင်ရောက်တွေ့ပြီးနောက် ကဲ့ရဲ့ရှုတ်ချခဲ့ ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်က ဆွေးနွေးပွဲကို “လူ့သားရှုဒေါင့်အမြင် ရှိတဲ့ဆီကို ပြန်သွားရမယ်” ဟု ပြောသည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 22 Views
BBC- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၁၆ရက် ယူကရိန်းလူ့အခွင့်အရေးရှေ့နေနှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အိုလက်ဆန်ဒရာ မက်ဗီချတ် (Oleksandra Matviichuk)က စစ်ပွဲဖြစ်ပွားနေသည့်အရာကို “လူ့သားရှုဒေါင့်အမြင်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်ဆီ သို့ ပြန်သွားရမည်” ဟု BBC သို့ ပြောကြားခဲ့သည်။ “တရားမ၀င်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင် အနိုင်ရတဲ့ပွဲလား။

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 25 Views
ထရန့် နှင့် ပူတင် တို့သည် “ အလွန်အမင်း စကားပြောဆိုထားခဲ့သဖြင့် ပင်ပန်းနေသောကြောင့် အမေးအဖြေအခန်းကို မပြုလုပ်ခဲ့” ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ၏ ထုတ်ပြန်ချက်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်ရေး အစီအစဉ်သည် ပါလက်စတိုင်း နိုင်ငံပေါ်ထွန်းလာမည့် အလားအလာကို မြှုပ်နှံပစ်နိုင်သည်။ ဘာကြောင့်လဲ။

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 28 Views
CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၁၅ရက် ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အိမ်ရာယူနစ် ထောင်ပေါင်း များစွာကို အသစ်တည်ဆောက်ရန် အငြင်းပွားဖွယ်အစီအစဉ်များဖြင့် ရှေ့တိုးဆောင်ရွက် နေကြောင်း ဖွံ့ဖြိုးတိုးတက်ရေးလက်ယာစွန်းဘဏ္ဍာရေးဝန်ကြီး ဘယ်ဇယ် စမိုထရစ်ချ် (Bezalel Smotrich)
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

အန်နာ့စ် အယ် ရှာရစ်ဖ် (Anas Al-Sharif) သည် ဂါဇာတွင် သန်းပေါင်းများစွာသောလူများ၏ စစ်ပွဲအတွင်း မျက်နှာစာပြယုဂ် ဖြစ်လာခဲ့ပြီးနောက် အစ္စရေးတွေက သူ့ကို သတ်ပစ်လိုက်သည်

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 32 Views
CNN-၂၀၂၅ခုနှစ်၊ သြဂုတ်လ ၁၃ ရက် ဂါဇာကမ်းမြောင်ဒေသတွင် ဇန်န၀ါရီလက အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားစဉ်၊ အန်နာ့စ် အယ် ရှာရစ်ဖ်သည် ရုပ်မြင်သံကြားတွင် ၎င်း၏ အင်္ကျီပေါ်ရှိ ကျဥ်ကာအကွယ် ပစ္စည်းများကို တခုချင်းဖယ်ရှားနေပုံကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပြီး ရွှင်မြူးသော
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဇလန်းစကီးက ဒွန်ဘတ်စ် (Donbas) ကို ပေးအပ်ရန် ငြင်းဆိုခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် ပူတင်အား အနာဂတ်ထိုးစစ်များအတွက် “ကျော်လွှားလုပ်ဆောင်ခွင့်” ကို ပေးမည်ဟု ဆိုသည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 32 Views
CNN- ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၃ ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက အရှေ့ဖက်နယ်မြေ ဒွန်ဘတ်စ်ဒေသကို စွန့်လွှတ်ခြင်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ယူကရိန်းတွင် တတိယစစ်ပွဲကို စတင်ရန် တံခါးဖွင့်ပေးခြင်းဖြစ်လိမ့်မည်ဟု အင်္ဂါနေ့က ‌ပြောကြားခဲ့သည်။ ဇလန်းစကီး၏သတိပေးချက်သည် အာလာစကာမှာ